BTS အဖွဲ့ခေါင်းဆောင် RM ရဲ့ စစ်မှုထမ်းဟောင်း ဝန်ကြီးဌာနကို လှူဒါန်းမှု ဝမ် သန်း ၁၀၀ အပါအဝင် ဝမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ 703,000 ခန့်) ရဲ့ အသုံးစရိတ် ခြေရာခံနိုင်ခြင်း မရှိ
ရောင်နီ(NSS)
ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယား အမျိုးသား K pop အဖွဲ့ BTS ရဲ့ ခေါင်းဆောင် RM က မွေးနေ့မှာ တောင်ကိုရီးယားနိုင်ငံ မျိုးချစ်နဲ့ စစ်မှုထမ်းဟောင်း ရေးရာဝန်ကြီးဌာနကို ဝမ် သန်း ၁၀၀ မတည် လှူဒါန်းခဲ့ပါတယ်။
စစ်သားတွေ၊ ရဲအရာရှိတွေနဲ့ မီးသတ်သမားတွေ အပါအဝင် ယူနီဖောင်းဝတ် ဝန်ထမ်းတွေကို ပံ့ပိုးကူညီဖို့အတွက် လှူဒါန်းခဲ့တယ်လို့ RM က ဆိုပါတယ်။ အဲဒီနောက် ဝန်ကြီး ကန်ဂျောင်အေးက RM ကို လူသိရှင်ကြား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယူနီဖောင်းဝတ် ဝန်ထမ်းတွေအတွက် ပံ့ပိုးကူညီမယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဆိုပါအလှူငွေထဲကို နောက်ထပ်အလှူရှင်တွေက ထပ်ပေါင်း ပါဝင်ကြတာကြောင့် စုစုပေါင်း အလှူငွေ အဆတစ်ရာနီးပါး တိုးလာပြီး ဝမ် ၁ ဘီလီယံ ထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်နဲ့ စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာနက အဆိုပါ ရန်ပုံငွေတွေကို အလှူရှင်တွေ ရည်ရွယ်ချက်အတိုင်း အသုံးပြုခြင်း ရှိ၊ မရှိ အတည်ပြုခြင်း မရှိဘူးလို့ လတ်တလော သတင်းတွေအရ သိရပါတယ်။
လက်ရှိဥပဒေအရ၊ အလှူငွေအားလုံးကို နိုင်ငံလုံးဆိုင်ရာ စစ်မှုထမ်းဟောင်း ထောက်ပံ့ဖို့အတွက် အကောင့်တစ်ခုတည်းမှ ကောက်ခံပြီး အလှူငွေစီးဆင်းမှုကိုတော့ အခြားအရင်းအမြစ်တွေနဲ့ ရောနှောထားတယ်လို့ သိရပါတယ်။ အလှူရှင်တွေက အလှူငွေ ပံ့ပိုးပေးမယ့် ဧရိယာကို သတ်မှတ်ပေးနိုင်တယ်လို့ ဝန်ကြီးဌာနက ဝက်ဘ်ဆိုဒ်မှာ ဆိုထားပေမယ့် အလှူငွေ အသုံးချတဲ့နေရာတွေကို တိတိကျကျ အစီအရင်ခံနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုင်နက်နယ်မြေ ကျူးကျော်မှု ( အတွေးအမြင်ဆောင်းပါး )
RELATED POSTS
13 Aug 2026 | အနုပညာ,ပြည်တွင်း
12 Aug 2026 | အနုပညာ,နိုင်ငံတကာ
