တာဝေးပစ် Tomahawkဒုံးကျည်တွေက ဘာကိုမှဖြေရှင်းနိုင်လိမ့်မှာမဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတဝေဖန်
Pika(NSS) အောက်တိုဘာ ၁၆
အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ပေးပို့ပြီး ယူကရိန်းပဋိပက္ခကို ဖြေရှင်းလိမ့်မှာမဟုတ်ဘူးလို့ ဘီလာရုစ်သမ္မတလူကာရှန်ကိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အဲ့ဒီလိုမျိုးလုပ်ရပ်ဟာ တင်းမာမှုတွေကို ပိုမိုအရှိန်မြင့်တက်လာစေလိမ့်မယ်လို့လည်း လူကာရှန်ကိုက သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးဖို့နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ဒေါ်နယ်ထရမ့်က မချမှတ်ရသေးဘူးလို့လည်း အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တာဝေးပစ် Tomahawkဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကသာ အဲ့ဒီဒုံးကျည်တွေကို လက်ခံရရှိခဲ့မယ်ဆိုရင် ရုရှားနိုင်ငံရဲ့ ဘယ်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသွားပြီလည်းဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးမှုဟာ လက်ရှိအခြေအနေတွေအားလုံးကို နျူကလီးယားစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားစေလိမ့်မယ်လို့လည်း လူကာရှန်ကိုကပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံတွင်းကို ပစ်ခတ်တိုက်ခိုက်ဖို့အတွက် အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် အဲ့ဒီထောက်ပံ့ပေးမှုက ရုရှား-အမေရိကန်ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ပြီးနောက် လူကာရှန်ကိုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကို တာဝေးပစ် Tomahawkဒုံးကျည်တွေ ထောက်ပံ့ပေးမှုဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်မြေပြင်အခြေအနေတွေကို ပြောင်းလဲစေလိမ့်မှာမဟုတ်ဘူးလို့လည်း ပူတင်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထည်ချုပ်စက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၆)ဦးသေဆုံး
RELATED POSTS
06 Nov 2025 | နိုင်ငံရေး,နိုင်ငံတကာ
06 Nov 2025 | နိုင်ငံရေး,နိုင်ငံတကာ
06 Nov 2025 | နိုင်ငံရေး,ပြည်တွင်း
