အလုပ်သမားများ၏ နေ့စဉ်လုပ်ခကို (၇၈၀၀) ကျပ်အဖြစ် သတ်မှတ်
Pearl (NSS) - အောက်တိုဘာ ၁၆
အလုပ်သမားများ၏ နေ့စဉ်လုပ်ခကို (၇၈၀၀) ကျပ်အဖြစ် သတ်မှတ် ကြောင်း အနည်းဆုံး အခကြေး ငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက သတင်းထုတ် ပြန်ထား သည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားဝန်ထမ်းများနှင့် နေ့စားအလုပ်သမားများ၏ လုပ်ခကိုအလုပ်ချိန်တစ်နေ့ (၈)နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀/- အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ပထမအကြိမ်အဖြစ်လည်းကောင်း၊ ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လမှ စတင်၍ ဒုတိယအကြိမ်အဖြစ်လည်းကောင်း လစဉ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
ယခုအခါ လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၂,၀၀၀/- အပြင်ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခကျပ် ၇,၈၀၀/- (ကျပ်ခုနစ်ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြု လိုက်ကြောင်း သိရသည်။
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ လက်ရှိထောက်ပံ့လျက်ရှိသည့် အပို ထောက်ပံ့ကြေးကျပ် ၂,၀၀၀/- အပြင် ထပ်မံ၍ ကျပ် ၁,၀၀၀/- ကို အပိုထောက်ပံ့ကြေးအဖြစ် အလုပ် လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ဖြစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိလုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများနှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့ခံတို့ရဲ့ ဝမ်းသာ၊ဝမ်းနည်း အိမ်ပြန်ခရီး( မြို့အင်တာဗျူး )
RELATED POSTS
14 Aug 2026 | စီးပွားရေး,ပြည်တွင်း
13 Aug 2026 | စီးပွားရေး,ပြည်တွင်း
13 Aug 2026 | စီးပွားရေး,ပြည်တွင်း
