အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
ပြည့်ဖြိုး(NSS) အောက်တိုဘာ ၁၆
နေပြည်တော် - ရန်ကုန်အမြန်လမ်းမကြီး၊မိုင်တိုင်အမှတ် ၁၈၄/၀ အနီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၁၅ ရက် ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး တို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၁၃ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊သက်ဆိုင်ရာတာဝန်ရှိသူများကလည်း မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၅ ရက် ည ၈ နာရီအချိန်ခန့်ကလည်း ရန်ကုန်၊သန်လျင်မြို့နယ်၊မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်း၊မြို့မဈေးအနီးတွင် မြဟံသာရုပ်ရှင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်၏ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ဆက်သတ်နေရင်သတ်တာပဲရှိမှာ၊ အိမ်တွေပျက်သွားမှာပဲရှိမှာ ပြန်ဆောက်ဖို့ဆိုတာတော်တော်ခက်ပါတယ်။ ကျွန်တော်ထင်တယ်။ အဲဒီတော့ အခြားနည်းလမ်းတစ်ခုနဲ့ ဒီနိုင်ငံရေးပြဿနာကိုအဖြေရှာပါလို့ ကျွန်တော်အကြံပေးချင်ပါတယ်”- NCA စာချုပ်ဖြစ်မြောက်ရေး ပါဝင်ခဲ့သူ ဦးညိုအုန်းမြင့်
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
