ချောက်တွင် ကျောင်းအုပ်ဆရာ တစ်ဦး နှင့် ၎င်း၏မိသားစုဝင် တစ်ဦးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား
Pearl (NSS) -အောက်တိုဘာ ၁၆
ချောက်တွင် ကျောင်းအုပ်ဆရာ တစ်ဦး နှင့် ၎င်း၏မိသားစုဝင် တစ်ဦးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ( ၁၄ ရက်) ၊ နံနက် ၇ နာရီခွဲခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပွင့်လင်းကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ချောက်မြို့နယ် ၊ ချောင်းတက်ကျေးရွာတွင်နေ ထိုင်သော ကျောက်ရဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအောင်ကြီးမြင့်(၅၆)နှစ်သည် ချောင်းတက်ကျေးရွာမှ ချောက်မြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဉ် ပွင့်လင်းကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF အဖွဲ့ဝင် အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်အား တားဆီး၍ ချောင်းတက်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်လာကာ တစ်ရွာတည်းနေ ၎င်း၏ညီဖြစ်သူ ဦးသန်းထွန်းအောင်(၄၆)နှစ်အား ထပ်မံဖမ်းဆီး၍ ချောင်းတက်ကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင် ခန့်အကွာ မကျီးကန်ကျေးရွာဘက်သို့ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အရပ်သားပြည်သူ တစ်ဦးအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူ နှစ်ဦးအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြန်လမ်းမကြီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
RELATED POSTS
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
