Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသော တက္ကသိုလ်များကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန်ကြိုးစားနေပြီး မကြာမီအခြား တက္ကသိုလ်များလည်း ပြန်ဖွင့်ရန်စီစဉ်နေ


သန့်ဇင်(NSS)-နိုဝင်ဘာ ၁၅


အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသော တက္ကသိုလ်များကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန်ကြိုးစားနေပြီး မကြာမီအခြား တက္ကသိုလ်များလည်း ပြန်ဖွင့်ရန်စီစဉ်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ ၁၅ရက်) နံနက်ပိုင်းက နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-(၁) (MICC-I) တွင်ကျင်းပသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCA (၁၀) နှစ်ပြည့်နှစ်ပတ်လည်ပွဲတွင် တက်ရောက်မိန့်ခွန်း ပြောကြားစဉ်အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။

ပညာရေးနှင့်ပတ်သက်၍ တိုင်းပြည်တွင် အသိပညာ၊ အတန်းပညာနှင့် အတတ်ပညာ အားနည်းချက်များရှိနေသည်မှာ ငြင်းဆန်၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

“ဒါကိုကျွန်တော်တို့က ပညာရေးနဲ့ပတ်သက်ပြီးတော့ သည်းခံရမယ့်နှစ်တွေကိုတော့ မရှက်ပါဘူး။ ကျွန်တော်ပြောတာ တစ်ခါတစ်လေ ကျတော့လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပဲ။ တကယ်တော့ တကယ့်အမှန်ပါ။ ကျွန်တော်တို့မှာ အားနည်းချက်ရှိတာ ပညာရေး အားနည်းချက်ရှိတဲ့အတွက်ကြောင့် ပထမအဆင့်အနေနဲ့ GK - +9 အထိကိုသွားဖို့ ရအောင် လုပ်ကြဖို့လိုပါတယ်။ အခုတတ်နိုင် သလောက်တော့ ကျွန်တော်ကျောင်းတွေဖွင့်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မဲပြန်ပြီးတော့ ထိန်းချုပ်နိုင်တဲ့အခါ ချက်ချင်းကျောင်း တွေရအောင်ဖွင့်ပါ KG ရအောင်ဖွင့်ပါ ။ ကလေးတွေကို အစိုးရစစ်ကျောင်းတွေကတော့ မပြောဘူးပေါ့။ ကျောင်းစစ်တွေရှိတယ်။ ကျောင်းစစ်တွေမှာတော့ စနေ၊ တနင်္ဂနွေမှာပါသင်ပေး။ သင်ပြီးသလောက် စာမေးပွဲစစ်ပေးရမယ်”ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ပြင် စာသင်နှစ်များနောက်ကျခဲ့သည့် ကလေးများအတွက် နွေရာသီကျောင်းပိတ်များတွင်လည်း အခြေခံပညာကျောင်းများဖွင့်ကာ ကျောင်းပြန်တက်စေရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကဆိုသည်။

"ပြီးရင်လည်း ကျောင်းပိတ်ရက်တွေမှာလည်း ပြန်တက်ခိုင်း၊ နွေရာသီကျောင်းပိတ်ရက်ကျရင် ကျောင်းပြန်တက်ခိုင်း ပြန်တက်ခိုင်းပြီး စာလုပ်၊ အဲဒီမှာစာလုပ်ပြီးရင် စာမေးပွဲတစ်ခါပြန်စစ်၊ ဒီလိုနဲ့  ကလေးတွေမဆုံးရှုံးအောင်၊ တစ်နှစ်ဆုံးရှုံးမှုဆိုတာလည်း ကလေးတွေအတွက် ကြီးမားပါတယ်။ တက်ရောက်လာတဲ့ကိုယ်စားလှယ် တွေလည်း ကျောင်းနေဖူးတဲ့သူတွေဖြစ်ပါတယ်။ သားသမီးချင်း၊ ကျောင်းသားချင်း၊ မိဘချင်းစာနာဖို့လိုပါတယ်။  ဒါကြောင့် သူတို့တွေပညာတက်ပြီး ပညာတွေမကျန်ခဲ့အောင် အတတ်နိုင်ဆုံးဆောင် ရွက်ပေးပါတယ်” ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြေင့် ပိတ်ထားရသော တက္ကသိုလ်တွေ၊ ကောလိပ်များကိုလည်း တတ်နိုင်သမျှပြန်လည်ဖွင့်လှစ်ခိုင်းထားပြီး လာမည့်နှစ်တွင်တွင်လည်း ကျန်ရှိတက္ကသိုလ်များဖွင့်လစ်ရန်ကြိုးစားနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

“အလားတူပါပဲ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်လိုက်ရတဲ့ကျောင်းတွေရှိပါတယ်။ တတ်နိုင်သလောက်ဖွင့်ခိုင်းပါတယ်။ ပျက်စီး သွားတဲ့ကျောင်းတွေက စောစော board မှာပြထားတဲ့ပုံတွေမှ တွေ့ပါလိမ့်မယ်။ ကြီးမားတဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်လာခဲ့ရင် အတတ်နိုင်ဆုံး ပြင်ပါ။ မြန်မြန်ပြင်ပြီးတော့ လာမယ့်ပညာသင်နှစ်။ ဒီနှစ်ဆိုရင်လည်း လွိုင်ကော်တက္ကသိုလ် ကျွန်တော် ဖွင့်ဖို့လုပ်ထားပါတယ်။ လာမည့်နှစ်ဆိုရင် ကျန်တဲ့တက္ကသိုလ်တွေဖွင့်နိုင်အောင် ကျွန်တော်တို့ ဖွင့်နိုင်အောင်ကြိုးစားသွားပါမယ်။ မကြာခင်မှာလည်း အခြားတစ်နေရာက တက္ကသိုလ်တွေ ဖွင့်နိုင်အောင်ဖို့အတွက် စီစဉ်နေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NCA(၁ဝ)နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ကန့်ကွက်သူအနည်းသာရှိပြီး မစားရတဲ့အမဲကို သဲနဲ့ပတ်သလောက်သာရှိဟု ဗိုလ်မှူးကြီးခွန်ဥက္ကာပြော

RELATED POSTS
RECENT POSTS
သယံဇာတမရှိသည့်ဒေသများတွင် လက်နက်ကိုင်အဖွဲ့များရပ်တည်ရန်ခက်ခဲသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ပြော
16 Oct 2026
NCA (၁၁) နှစ်မြောက် အလုပ်ရုံဆွေးနွေပွဲ ဒုတိယနေ့တွင် ငြိမ်းချမ်းရေး၊စီးပွားရေး၊ အပြန်အလှန်ဆက်စပ်မှုနှင့် ဖွင့်ဖြိုးတိုးတက်မှုမှ လူမှုသဟဇာတ ပိုမိုဖြစ်ထွန်းလာပြီး ငြိမ်းချမ်းရေးအထိ မည်သို့ဆောက်သွားမလဲဆိုသည့်ဖြစ်စဉ်အား ဆွေးနွေး - စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦး
16 Oct 2026
အမေရိကန်-မြန်မာအစိုးရကိုယ်စားလှယ်တွေ ဂျပန်မှာ ချိန်းတွေ့၊ HA တွေ မြန်မာကိုပြန်ပေးမယ်လို့ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော၊ ငြိမ်းချမ်းရေးဖိုရမ် နောက်ဆုံးနေ့ထဲက စကားသံအချို့ (၁၆-၁ဝ-၂ဝ၂၆)
16 Oct 2026
ယနေ့ အောက်တိုဘာလ(၁၆)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
16 Oct 2026
အရေပြားယားယံခြင်း နှင့် ရောင်ရမ်းခြင်းများဖြစ်စေသည့် အလှကုန်(၁၄)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အသိပေး
16 Oct 2026
"ငြိမ်းချမ်းရေးကို ပြည့်ပြည့်ဝဝ လုပ်ချင်ရင် ပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်ဖို့လိုတယ်" ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ပြော
16 Oct 2026
မန္တလေးတွင် တစ်ပတ်အတွင်း အပူဒါဏ်သင့် ဖျားနာလူနာ(၁၀၀)ထက်မနည်း ဆေးရုံပို့ပေးခဲ့ရဟုဆို
16 Oct 2026
လျှို့ဝှက်ချက်ပေါက်ကြားစေသူတွေအားလုံးကို သတ်ပစ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော
16 Oct 2026
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာ ကရင်ပြည်နယ်အတွက် စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဟု KNU/KNLA-PC အတွင်း​ရေးမှူ(၁)ဗိုလ်မှူးချုပ်​စော​​ကျော်ညွန့် ​ပြော
16 Oct 2026
ရတနာကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းနေရာအချို့တွင် အရေးပေါ်ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဓာတ်အားထုတ်လုပ်မှု (၂၁၁)မဂ္ဂါဝပ်လျော့နည်းနေမည်
16 Oct 2026
တစ်ဖက်မှ သွေးမြေကျတဲ့တော်လှန်ရေးရည်မှန်းချက်နဲ့ နိုင်ငံရေးကိုသွားနေပြီး တစ်ဖက်တွင်လည်း လူထုအတွက်နိုင်ငံတော်ပြန်တည်ဆောက်နေသည်ဆိုသော အားပြိုင်မှု (၂) ခုအကြား လူထုရှိနေဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြော
16 Oct 2026
အမေရိကန်ရှိ မူလတန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ်များ သေဆုံး
16 Oct 2026
လေပေါ်ပျံနိုင်သည့်ကားကို Tesla ကုမ္ပဏီ စတင်မိတ်ဆက်
16 Oct 2026
ဂျပန်မှာ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ လျိုဝှက်တွေ့ဆုံဟု ရိုက်တာသတင်းဌာနဆို
16 Oct 2026
တာချီလိတ်တွင် ငွေကျပ်(၈)ဘီလျံနီးပါး တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ သိမ်းဆည်းမိ
16 Oct 2026
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကျောင်းခေါင်မိုးပြိုကျမှုကြောင့် ကျောင်းသား (၂၇) ဦးနဲ့ ဆရာတစ်ဦး သေဆုံး
16 Oct 2026
မလေးရှားကျောင်းတွေမှာ (၆) လအတွင်း အနိုင်ကျင့်မှုဖြစ်စဉ် (၄,၀၀၀) ကျော် မှတ်တမ်းတင်ခဲ့
16 Oct 2026
မလေးရှားမှာ မီးခိုးမြူဖုံးလွှမ်းမှုကြောင့် တစ်ရက်ကို အမေရိကန်ဒေါ်လာ (၁၅.၇၂) သန်းအထိ ဆုံးရှုံးနိုင်ဖွယ်ရှိ
16 Oct 2026
Apple က AI စွမ်းရည်မြှင့် Siri ပါဝင်တဲ့ HomeView စမတ်အိမ်သုံးစနစ်ကို အမေရိကန်ဒေါ်လာ ၂၉၉ နဲ့ မိတ်ဆက်
16 Oct 2026
ပထမအိမ်ထောင်ကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို ဂျက်လီ ငြင်းဆို
16 Oct 2026
FOLLOW US

Copyright © News Services Station | All Right Reserved