ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး ခိုင်ခိုင်မာမာ ရပ်တည်ပြီး မမှိတ်မသုန် တည်ဆောက်သွားမည်ဟု ကတိပြု
သုတကျော် (NSS) - အောက်တိုဘာ ၁၅
ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး ခိုင်ခိုင်မာမာ ရပ်တည်ပြီး မမှိတ်မသုန်တည်ဆောက်သွားမည် ဖြစ်ကြောင်း ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ (အောက်တိုဘာလ ၁၅ ရက်) ပြုလုပ်သော NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“ဒီမိုကရေစီ ဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ ပြည်သူတွေ အတွက် အကျိုးရှိမှာ ဖြစ်သော်လည်းပဲ မသုံးတတ်ပါက ယင်းစနစ်နဲ့ မအောင်မြင်တဲ့ အပြင် မိမိနိုင်ငံရဲ့ ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး နဲ့ လူမှုရေး၊ ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါကိုလည်းတိုင်းရင်းသား ပြည်သူလူထု အားလုံးက အသိတရား၊ သတိတရားများနဲ့ ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ လည်း ဖြစ်ပါတယ်” ဟု ယာယီ သမ္မတ က ဆိုသည်။
အလားတူ အားလုံးက လိုလားသော ဖက်ဒရယ် စနစ်ကို တည်ဆောက်ရာတွင်လည်း ဖက်ဒရယ် စနစ်၏ သဘောတရားများ ဖြစ်သော မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ နှင့် လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေ ကျင့်သုံးသည့် သဘော ဖြစ်ကာ ပေါင်းစည်း နေထိုင်ခြင်း နှင့် မျှဝေခံစားခြင်း တို့ နှင့် အညီ တိုင်းရင်းသားပြည်သူများ ၏ အကျိုး၊ ပြည်ထောင်စုအကျိုးကို ရေရှည်ကြည့်ကာ နိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ် ပုံစံကို တည်ဆောက်သွားကြရမည် ဖြစ်ကြောင်းလည်း ယာယီ သမ္မတ က ပြောသည်။
“လိုအပ်တဲ့ တိုင်းရင်းသား အခွင့်အရေးများ၊ နိုင်ငံရေး တောင်းဆိုမှုများ အရ ပြင်ဆင်ဖို့ လိုအပ်တာတွေကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ နိုင်ငံတော် အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ပြည်ထောင်စု ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး မမှိန်မသုန် တည်ဆောက်သွားမယ် ဆိုတာလည်း ထပ်လောင်း ပြောကြားလိုပါတယ်” ဟု ယာယီ သမ္မတ က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ (အောက်တိုဘာလ ၁၅ ရက်) နေပြည်တော်တွင် ပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် အခမ်းအနား မြင်ကွင်းများ
RELATED POSTS
14 Aug 2026 | နိုင်ငံရေး,နိုင်ငံတကာ
14 Aug 2026 | နိုင်ငံရေး,ပြည်တွင်း
