အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များကို ဆက်လက်ထိန်းသိမ်းရန် တိုက်တွန်း
Pearl (NSS) - အောက်တိုဘာ ၁၄
အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာ ရပ်များကို ဆက်လက်ထိန်းသိမ်းရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
ယမန်နေ့ (အောက်တိုဘာ ၁၃ရက်)က ကျင်းပခဲ့သော (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကအထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ ယနေ့ မျက်မှောက်ကာလတွင် ပွင့်လင်းလွတ်လပ်မှုနှင့် တိုးတက်လာသည့် မီဒီယာများကို အသုံးပြုပြီး ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်မှုအမျိုးမျိုးသည် နယ်ပယ် အသီးသီးတွင် ထွေးရောယှက်တင် ဝင်ရောက်လာနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။
ထို့ကြောင့်လည်း နိုင်ငံအသီးသီးသည် မိမိတို့၏ရိုးရာအစဉ်အလာယဉ်ကျေးမှုဓလေ့စရိုက်များကို တန်ဖိုးထားထိန်း သိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးစားနေကြကြောင်း နှင့် အမျိုးသားယဉ် ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ အချိန်အခါမျိုးတွင် မျိုးဆက်သစ်လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု ကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန် နေစေရန် အနုပညာစွမ်းအားဖြင့် စေ့ဆော်မြှင့်တင်ပေးရန် တိုက်တွန်းမှာကြားလိုကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဘိုးဘွားအဆက်ဆက် အနုပညာရှင်မျိုးဆက်အဆင့်ဆင့်တို့က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း သယ်ဆောင် ပွားများလာခဲ့ကြသည့်အတွက် ယနေ့ထက်တိုင် တည်တံ့ခိုင်မြဲနေခြင်းပင်ဖြစ် ကာ နှစ်ပေါင်းထောင်ချီသည့် မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် စဉ်ဆက်မပြတ် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများက ထိန်းသိမ်းဆင့်ပွားအမွေပေးခဲ့ခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှုအနုပညာ ဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထိန်းသိမ်းထားကြသူများအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း လည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့ သည့် ဘိုးဘွားဆရာသခင် အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်းများနှင့်အညီ အမွေဆက်ခံထိန်း သိမ်းထားသည့် အနုပညာဘဏ္ဍာတိုက်ကြီး ပိုမိုခိုင်ခံ့ဝင့်ကြွား တန်ဖိုးကြီးမားလာစေရေး ပြုစုပျိုးထောင်ပေးရင်းဖြင့် နောင်လာနောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာအမွေပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
ထို့ပြင် မိမိတို့ အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ ဆတက်ထမ်းပိုး တိုးတက်ရှင်သန် ထွန်းကားပြန့်ပွားစေရအောင် ဆက်လက်ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန် မိမိတို့၏ ပြည့်စုံကြွယ်ဝလှသည့် အတွေ့အကြုံများ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုပညာစွမ်းအားများကို မျိုးဆက်သစ်လူငယ်များအား ပညာဖြန့်ဝေပေးနိုင်ရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကား ဝယ်ယူခွင့်ကြေညာချက်မှာ အတုဖြစ်
RELATED POSTS
05 Sep 2026 | အနုပညာ,နိုင်ငံတကာ
02 Sep 2026 | အနုပညာ,နိုင်ငံတကာ
