မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် မင်းတုန်းမင်းနတ်ပြည်စံသက် (၁၄၇) နှစ်မြောက် မတကဘတ်ပွဲ ကျင်းပပြုလုပ်
ချယ်ရီ (NSS) - စက်တင်ဘာ ၂၇
မန္တလေးရတနာပုံမြို့တည်၊ နန်းတည် မင်းတုန်းမင်းနတ်ပြည်စံသက် (၁၄၇) နှစ်မြောက် မတကဘတ်ပွဲကို မြနန်းစံကျော် ရွှေနန်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း အနွယ်တော်တစ်ဦးဖြစ်သူကို ထိပ်တင်စည်သူဟိန်းက NP News ကို ပြောသည်။
ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက်ပိုင်းက မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၌ ဓမ္မသဘင် ပြုလုပ်ခဲ့ပြီး နံနက်(၁၁)နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ဆွမ်းကပ်လှူဒါန်းခြင်း နှင့် ရေစက်ချ အမျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဒီနေ့က ကျတော့လေ အဓိက က ကုန်းဘောင်ဆက်မောင်နှမများဆိုတာ မန္တလေးမြို့မှာရှိကြတဲ့ ကုန်းဘောင်ဆက်မောင်နှမများဆိုတဲ့ အစ်ကိုတွေက ကျင်းပတာပါ ခင်ဗျ။ ကျွန်တော်က ဧည့်သည်တော်အနေနဲ့၊ ဆွေတော်မျိုးတော်အနေနဲ့သွားပြီးတော့ ကုသိုလ်ယူတာပေါ့နော်” ဟု အနွယ်တော်တစ်ဦး ဖြစ်သူကို ထိပ်တင်စည်သူဟိန်း က ဆိုသည်။
ပွဲတက်ရောက်လာကြသည့် လူဦးရေမှာ (၁၅၀) ဦးဝန်းကျင်ခန့် ရှိပြီး ၎င်းတို့အနက်မှ ဆွေတော်မျိုးတော် (၃၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်စဉ် ချောင်းရေတိုက်စားသောဒဏ်ကို ခံနေရသည့် နေပြည်တော်ကောင်စီနယ်မြေမှ ကျေးရွာ တစ်ရွာက ရွာပြောင်းခွင့်ရရှိရန် ကြိုးပမ်းနေ
RELATED POSTS
23 May 2026 | ဗဟုသုတ,ပြည်တွင်း
18 May 2026 | ဗဟုသုတ,နိုင်ငံတကာ
13 May 2026 | ဗဟုသုတ,နိုင်ငံတကာ
