တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းနဲ့ အပူချိန်မြင့်မားလာနိုင်တဲ့သတိပေးချက်များ ထပ်မံထွက်ရှိ
ရောင်နီ (NSS) - သြဂုတ် ၃
တရုတ်နိုင်ငံမှာ ဒေသအများအပြားအတွက် မိုးသက်မုန်တိုင်းနဲ့ အပူချိန်မြင့်မားမှု သတိပေးချက်ကို သြဂုတ် ၂ ရက်က သက်တမ်းထပ်တိုးခဲ့တယ်လို့ သိရပါတယ်။

မွန်ဂိုလီးယား အတွင်းပိုင်း၊ ဟိုင်လောင်ကျန်း၊ ဂျီလင်၊ လောင်နင်၊ ရှန်ဇီ၊ ဟေဘီ၊ ပေငျင်း၊ တီရန်ကျင်း၊ ကျန်စု၊ ရှန်ဟိုင်း၊ ကျဲကျောင်း၊ အန်ဟိုင်၊ ကျန်းရှီ၊ ယောင်ဂွမ်၊ ထိုင်ဝမ်၊ ကွမ်ရှီ ဒေသတွေမှာ တစ်နာရီကို ၇၀ မီလီမီတာ အထက်ထိ မိုးရွာသွန်းနိုင်ပြီး မိုးကြိုးမုန်တိုင်းတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှု အခြေအနေတွေ ကြုံတွေ့ရနိုင် တယ်လို့ NMC က သတိပေးထားပါတယ်။ ဒါတင်မက ဒေသများစွာအတွက် အပူချိန်ကိုလည်း အဝါရောင် သတိပေးချက်အဖြစ် ဆက်လက်ရှိနေစေပြီး တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှီရှီ၊ မြစ်ဝါမြစ်နဲ့ ဟိုင်ဟီ မြစ်ကြားရှိ ဒေသများ၊ ကျမ်ဟန် လွင်ပြင်၊ စီချောင်မြစ်ဝှမ်း၊ ယန်တိုက်မြစ်၊ ရှီကျန်း၊ ဂန်စုနဲ့ မွန်ဂိုလီးယားအတွင်းပိုင်း ဒေသတွေမှာ သြဂုတ်လ ၂ ရက် နေ့ခင်းပိုင်းမှာ အပူချိန် ၃၅ ဒီဂရီမှ ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပြီး ရှန်ရှီ၊ စီချွန်၊ ချုံချင်းနဲ့ ရှီကျန်း ဒေသတွေမှာတော့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နိုင်တယ်လို့ ဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အကြီးဆုံးလို့ယူဆရတဲ့ ဧရာမတုတ်ချောင်း အင်းဆက် မျိုးစိတ်သစ် သြစတြေးလျမှာ တွေ့ရှိ
RELATED POSTS
08 Sep 2026 | အထွေထွေ,ပြည်တွင်း
07 Sep 2026 | အထွေထွေ,ပြည်တွင်း
06 Sep 2026 | အထွေထွေ,ပြည်တွင်း
