မန္တလေး မှ ရွှေနန်းသုခစိန်ရွှေရတနာဆိုင် ဓားပြတိုက်သူများအနက် ခေါင်းဆောင်နှင့် အခြားတစ်ဦးကို ရက်ပိုင်းအတွင်း ဖမ်းမိ
သက်ပိုင် (NSS) - သြဂုတ် ၂
မန္တလေး မှ ရွှေနန်းသုခစိန်ရွှေရတနာ ဆိုင်ဓားပြတိုက်သူများအနက် ခေါင်းဆောင်နှင့် အခြားတစ်ဦးကို ရက်ပိုင်းအတွင်း ဖမ်းမိပြီဖြစ်ကြောင်း လုံခြုံရေတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၄ ရက်က မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ရွေနန်းသုခစိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်အတွင်းသို့ ကျား ၅ ဦး မ(၁)ဦး ပေါင်း(၆)ဦးခန့် က Mask ကိုယ်စီဖြင့် ရောက်ရှိလာပြီးပစ္စတိုသေနတ်ဖြင့် ၁ ချက်ဖောက်၍ ဆိုင်အတွင်း ဝင်ရောက်ကာ စိန်ထည်နှင့်ရွှေထည်ပစ္စည်းများအား ပီနံအိတ်အတွင်း ထည့်ခိုင်းကာ ဟွန်ဒါဖစ်အဖြူရောင် ၁ စီး၊ ဆိုင်ကယ် ၂ စီးတို့ဖြင့် ၃၉ လမ်းမှ ၆၈ လမ်းဘက်သို့ ပြန်ထွက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ပစ္စတိုသေနတ်ဖြင့် (၄)ချက်ခန့် ပစ်ခတ်ခြင်း၊ ၎င်းတို့တွင် ပါရှိလာသည့် ဓားဖြင့် လုံခြုံရေးဝန်ထမ်းအား ခုတ်ခြင်းများပြုလုပ်ခဲ့သောကြောင့် လုံခြုံရေးဝန်ထမ်းနှစ်ဦး တွင် သေနတ်ဒဏ်ရာ နှင့် ဓားဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျူးလွန်သူများအား ဖမ်းမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ကားကို ဇူလိုင်လ ၂၅ ရက်က ပုသိမ်ကြီးမြို့နယ်ဇီးချိုကုန်းကွင်း ၁၀ ချောင်းဘေး ဝေါကြီးအနီးတွင် ပိုင်ရှင်မဲ့အဖြစ် ရပ်တန့်ထားကြောင်းတွေ့ရ ရာမှ စုံစမ်းဖော်ထုတ်ရာ ပွဲစားမှတဆင့် ဝယ်ယူသူကို ဖော်ထုတ်နိုင်ခဲ့သည့်အပြင် ၂၆ လမ်း နှင့် ၅၇ လမ်းထောင့်ရှိ Pan Yong စတိုးဆိုင်တွင် ငွေ ၁၀၀၀၀၀၀ ကျပ် Cash in လုပ်ထားကြောင်း သိရှိရမှုအပေါ် သွားရာက်စိစစ်ခဲ့ရာ မှ ကွင်းဆက်ထပ်မံရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဓါးပြခေါင်းဆောင် အောင်ခိုင်မင်း(ခ)မြင့်မြတ်မော်နှင့် ဓါးပြတိုက်ရာတွင်ပါဝင်သူ အောင်ကျော်သူတို့အား ပြစ်မှုကျုးလွန်ချိန်အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်(၁)လက်၊ ဓါးပြတိုက်ရာတွင်ရခဲ့သည့်ရွှေထည်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ဖြစ်စဥ်ကတော့ သူတို့ပြစ်မှုကျူးလွန်သွားတဲ့ ကားရယ်။ ဆိုင်ကယ်ရယ်၊ လမ်းကြောင်းရယ်ကိုကြည့်ပြီး ဟိုတယ်မှာလာတည်းတဲ့အခြေအနေကိုကြည့်ပြီး မှုခင်းရဲတပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ် ပေါင်းပြီးဖော်ထုတ်ခဲ့တာပေါ့။ ၂၄ ရက်နေ့ မှာဖြစ်တယ်ဆို ရှစ်ရက်မြောက်နေ့မှာ ပေါ်တာပေါ့" ဟု လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဓားပြခေါင်းဆောင်သည် ပြစ်မှုကျူးလွန်ရန် သေချာစွာ စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄င်းသည် လောင်းကစား လုပ်တတ်သူလည်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်နှင့် ပတ်သက်၍ ပါဝင်သူများကို ထပ်မံ ဖမ်းဆီးရမိရေးအတွက်လည်း တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းနဲ့ အပူချိန်မြင့်မားလာနိုင်တဲ့သတိပေးချက်များ ထပ်မံထွက်ရှိ
RELATED POSTS
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
13 Aug 2026 | မှုခင်း,ပြည်တွင်း
13 Aug 2026 | မှုခင်း,နိုင်ငံတကာ
