အမေရိကန်ကို တရုတ်သမ္မတရှီကျင့်ဖျင် လာရောက်လည်ပတ်နိုင်ကြောင်း ဒေါ်နယ်ထရမ့်မှတ်ချက်ပေး
Pika (NSS) - သြဂုတ် ၂
တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်အပြင် တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်ကို လာရောက် လည်ပတ်နိုင်ခြေတို့နှင့်ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပြပြောကြားခဲ့ကြောင်း သိရသည်။ Breitbart သတင်းစာနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုအတွင်း ဒေါ်နယ်ထရမ့်က ၎င်းသည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် မျှော်လင့်နေကြောင်းနှင့် အဆိုပါခရီးစဉ်မှာ မကြာမီအချိန်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံကြားဖြစ်ပွားနေသော ကုန်သွယ်ရေးအငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ရှီကျင့်ဖျင်က ၎င်းနှင့် တွေ့ဆုံလိုကြောင်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ တွေ့မြင်ရမှာပါ။ ဒီနှစ်မကုန်ခင်မှာပဲ တရုတ်ကို ကျွန်တော်သွားရောက်လည်ပတ်ဖို့ ဖြစ်လာနိုင်ပါ တယ်။ ပြီးတော့ ရှီကျင့်ဖျင်ကလည်း အမေရိကန်ကို လာရောက်လည်ပတ်ပါလိမ့်မယ်’ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံမည့် အလားအလာများနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောဆိုခဲ့ကြောင်း လည်း သိရသည်။
ဒေါ်နယ်ထရမ့်က ‘ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားမှုရှိမှသာ တရုတ်ကို ကျွန်တော်သွားရောက်လည်ပတ်မှာပါ။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ စိတ်မဝင်စားပါဘူး’ ဟု ပြောခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများအတွင်း တရုတ်သို့သွားရောက်လည်ပတ်မည့် ဒေါ်နယ်ထရမ့်၏ အလားအလာရှိ သော ခရီးစဉ်အတွက် ကောလာဟလများထွက်ပေါ်နေချိန်တွင် အဆိုပါမှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေကူမြို့အတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသား (၂)ဦး နှင့် အမျိုးသား (၁)ဦး သေဆုံး
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
