တက္ကသိုလ်ဝင်တန်းအောင်စာရင်း နှင့် အမှတ်စာရင်း ကွဲလွဲမှုအချို့ ရှိနေသည့်အပေါ် အွန်လိုင်းထက်တွင် လူပြောများနေ
Pearl (NP News) - သြဂုတ် ၂
တက္ကသိုလ်ဝင်တန်းအောင်စာရင်း နှင့် အမှတ်စာရင်း ကွဲလွဲမှုအချို့ ရှိနေသည့်အပေါ် အွန်လိုင်းထက်တွင် လူပြောများနေကြောင်း NP News က တွေ့မြင်ရသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်များကို ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့အပြီးတွင် အမှတ်စာရင်းများ စတင် ထုတ်ယူခွင့်ပေးနေရာ နေပြည်တော် စာစစ်ဌာန မှ အောင်မြင်သူ ကျောင်းသူ၊ ကျောင်းသာားအချို့ အမှတ်စာရင်း ထုတ်ယူရာတွင် မှားယွင်းမှုများ ရှိနေခြင်းဖြစ်ကြောင်း တွေ့ရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်း နာမည် ပါပြီးနောက် ကျောင်းသူ၊ ကျောင်းသားအချို့က အမှတ်စာရင်း သွားရောက်ထုတ်ယူရာတွင် သချင်္ာဘာသာ အမှတ်စာရင်းတွင် ကျရှုံးကြောင်း ပါရှိနေခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ်စာရင်း ထုတ်ပေးသည့်စနစ် ချို့ယွင်းမှုကြောင့် နေပြည်တော် စာစစ်ဌာနများ ၏ အမှတ်စာရင်းအချို့တွင် မှားယွင်းပါရှိသွားသည့် အတွက် ဇူလိုင်လ ၃ဝ ရက်၊ မွန်းလွဲ ၂ နာရီမတိုင်မီ ထုတ်ယူခဲ့သော အမှတ်စာရင်းစာရွက်ကို ယူဆောင်လာပြီး အမှတ်စာရင်းအမှန် ပြန်ထုတ်နိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထားသည်။
ယင်းသို့ မှားယွင်းသည့်အပေါ် အွန်လိုင်းထက်တွင် ဝေဖန်မှုများ ရှိနေပြီး အမှတ်စာရင်း နှင့် ပတ်သက်၍ သေချာစွာ စိစစ်ပြီးမှ ဆောင်ရွက်စေလိုကြောင်း ရေးသားမှုများ ရှိနေသည်။
“Moderation မှာ အမှတ်ဖြည့်ဖို့ ကျန်တာလို့ ကျွန်မတော့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ချာမှာ ဖြစ်ကြတာ တွေ့ရတယ်။ ဒါပေမယ့် အခုလို မှားတာတော့ မဖြစ်စေချင်ဘူး” ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်္ကာပူနိုင်ငံရှိ Polytechnic ကျောင်းများတွင် တက်ရောက်ရန် မြန်မာကျောင်းသားအများအပြား စိတ်ဝင်စားမှုမြင့်တက်နေ
RELATED POSTS
28 Mar 2026 | ပညာရေး,နိုင်ငံတကာ
28 Mar 2026 | ပညာရေး,ပြည်တွင်း
26 Mar 2026 | ပညာရေး,ပြည်တွင်း
