အစ္စရေးနဲ့လက်နက်ကုန်သွယ်မှုတွေကို ပိတ်ပင်သွားမယ်လို့ ဆလိုဗေးနီးယားအစိုးရပြော
Pika (NSS) - သြဂုတ် ၂
ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနဲ့လက်နက်ကုန်သွယ်မှုအားလုံးကို ပိတ်ပင် သွားမယ်လို့ ဆလိုဗေးနီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အစ္စရေးနဲ့လက်နက်ကုန်သွယ်မှုကို ပိတ်ပင်လိုက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆလိုဗေးနီးယားအစိုးရဟာ ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးကို မကြာခဏပြစ်တင်ဝေဖန်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဆလိုဗေးနီးယားအစိုးရက “ဆလိုဗေးနီးယားနိုင်ငံဟာ အစ္စရေးကို လက်နက် တင်ပို့တာတွေ၊ တင်သွင်းတာတွေနဲ့အကူးအပြောင်းတွေကို ပိတ်ပင်လိုက်တဲ့ ပထမဆုံးဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကို မချမှတ်နိုင်တာကြောင့် ယခုလိုကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဆလိုဗေးနီးယားအစိုးရက ပြောကြားခဲ့ပါတယ်။ ဆလိုဗေးနီးယားအစိုးရက “ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ဝင်တန်းအောင်စာရင်း နှင့် အမှတ်စာရင်း ကွဲလွဲမှုအချို့ ရှိနေသည့်အပေါ် အွန်လိုင်းထက်တွင် လူပြောများနေ
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
