စစ်ပွဲအတွင်းဖမ်းမိသည့် ကမ္ဘောဒီးယားစစ်သားအချို့ကို ထိုင်းစစ်တပ် ပြန်လည်လွှဲပြောင်းပေး
ဂျန်ဇက် (NSS) - သြဂုတ် ၂
ထိုင်းစစ်တပ်နှင့်ဖြစ်ပွားသော စစ်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ကမ္ဘောဒီးယားများအနက်မှ နှစ်ဦးသည် သြဂုတ် ၁ ရက်တွင် မိခင်နိုင်ငံသို့ပြန်လာခဲ့ကြောင်း သိရသည်။ ထိုင်းစစ်တပ်သည် ဒဏ်ရာရနေသော ကမ္ဘောဒီးယား စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး နှင့် တပ်ကြပ်ကြီးတစ်ဦးကို သြဂုတ် ၁ ရက်တွင် နယ်စပ်စစ်ဆေးရေးဂိတ်မှ တဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားခဲ့သောစစ်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သား ၂ဝ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိတွင် ၁၈ ဦး ကျန်ရှိနေကြောင်း သိရသည်။
ကမ္ဘောဒီးယားအာဏာပိုင်များသည် ထိုင်းစစ်တပ်လက်ထဲတွင်ကျန်ရှိနေသည့် ဖမ်းဆီးခံ ကမ္ဘောဒီးယားစစ်သားများ ကို နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းစဉ်များနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုနေကြောင်း သိရသည်။
ထိုင်းအမှတ် ၂ စစ်ဒေသက ကျန်ရှိနေသည့် ကမ္ဘောဒီးယားစစ်သားများကို ပြန်လည်လွှဲပြောင်းပေးရန် ရွှေ့ဆိုင်းထား ကြောင်း၊ စစ်သားများကို ပြန်လည်လွှဲပြောင်းရေးနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို လုပ်ကိုင်လျက်ရှိနေ ကြောင်း ပြောသည်။ ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုင်းစစ်တပ်လက်ထဲတွင် စစ်သုံးပန်း ဖြစ်နေသော ကမ္ဘောဒီးယားစစ်သားများသည် လက်ရှိအချိန်အတွင်း ဘေးကင်းလုံခြုံမှုများရှိနေကြောင်း၊ ထိုင်းစစ်သားများက ရိုက်နှက်ခြင်းများမရှိကြောင်းဆိုသောအကြောင်းကြားချက်ကို လက်ခံရရှိထားကြောင်း ပြောသည်။
ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသပိုင်နက် အငြင်းပွားမှုများကြောင့် ဇူလိုင် ၂၄ ရက်တွင် စတင်ကာ ၅ ရက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ၏ တိုက်တွန်းတောင်းဆိုချက်များကြောင့် လက်ရှိ တွင် အပစ်ခတ်ရပ်စဲရေးရယူရန် သဘောတူညီထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားမှာ အစိုးရအပြောင်းအလဲအတွက် ယူကရိန်းသမ္မတ တောင်းဆို
RELATED POSTS
05 Jun 2026 | နိုင်ငံရေး,ပြည်တွင်း
05 Jun 2026 | နိုင်ငံရေး,ပြည်တွင်း
