Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အပစ်ခတ်ရပ်စဲရေးရယူခဲ့သော ထိုင်းနှင့်ကမ္ဘောဒီးယားကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ လျော့ချကောက်ခံမည်ဟု အမေရိကန်အစိုးရပြော

ဂျန်ဇက် (NSS) - သြဂုတ် ၂ 

အမေရိကန်အစိုးရသည် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူရန် သဘောတူညီမှုများရရှိခဲ့ပြီး နောက် နှစ်နိုင်ငံစလုံးကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ 

အမေရိကန်အစိုးရသည် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ယခင်က ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်းကောက်ခံရန် စီစဉ်ခဲ့သော်လည်း နှစ်နိုင်ငံကြားစစ်ပွဲဖြစ်ပွားချိန်တွင် အမေရိကန်သမ္မတ၏ ကြားဝင်စေ့စပ်မှုကိုလက်ခံပြီး အပစ်ခတ်ရပ်စဲရေးရယူရန် သဘောတူညီခဲ့ခြင်းကြောင့် ကုန်သွယ်ခွန်ကို ၁၉ ရာခိုင်နှုန်းသာ ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်သမ္မတက ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း တိုက်ခိုက်မှုများကို အဆုံးသတ်ပြီး စေ့စပ်ဆွေးနွေးမှုမလုပ်ဆောင်ဘူးဆိုလျှင် နှစ်နိုင်ငံစလုံးကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံသည်  ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲနိုင်ရန် လက်တွေ့ကြားဝင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

အမေရိကန်အစိုးရသည် အရှေ့တောင်အာရှဒေသအတွင်းနိုင်ငံများအနက် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း ပြောသည်။ အမေရိကန်သည် မြန်မာနှင့် လာအိုနိုင်ငံကို ကုန်သွယ်ခွန် ၄၀ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံကို ၂၀ရာခိုင်နှုန်း၊ ဘရူးနိုင်း နိုင်ငံကို ၂၅ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံကို ၁ဝ ရာခိုင်နှုန်းကောက်ခံမည်ဟု ဆိုထားသည်။ 

ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ''အမေရိကန်ရဲ့ကုန်သွယ်ခွန်ဟာ နှစ်နိုင်ငံကြားအပြန်အလှန် ကုန်သွယ်ရေး နဲ့ ရေရှည်စီးပွားရေးတည်ငြိမ်မှုများအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းလာဖွယ်ရှိတယ်'' ဟု ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်(တိုင်ပေ)ကျွန်းကို အမေရိကန်ထိပ်တန်းအထက်လွှတ်တော်အမတ် သွားရောက်လည်ပတ်မယ်

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved