အဆိုတော်ကေတီပယ်ရီ နဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒို dating ကောလာဟလများ ထွက်ရှိ
ရောင်နီ (NSS) - သြဂုတ်လ ၁
အဆိုတော် ကေတီပယ်ရီဟာ ရည်းစားဟောင်း သရုပ်ဆောင် အော်လန်ဒိုဘလူးမ်နဲ့ လမ်းခွဲပြီးနောက် ကနေဒါနိုင်ငံ၊ လီဗီလွန်စားသောက်ဆိုင်မှာ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒိုနဲ့ ညစာစားနေတဲ့ပုံရိပ်တွေ ဆိုရှယ် မီဒီယာမှာ ထွက်ပေါ်နေပါတယ်။
ဖျော်ဖြေရေးသတင်းဝက်ဘ်ဆိုက် TMZ မှ ဖော်ပြချက်အရ ယမန်နှစ်ကမှ ဖွင့်လှစ်ခဲ့တဲ့ လီဗီလွန် စားသောက်ဆိုင်မှာ ကေတီပယ်ရီနဲ့ ထရူဒို လက်ဆုံစားသောက်နေတဲ့ ဗီဒီယိုဖိုင်ကို အင်္ဂါနေ့ (ဇူလိုင် ၂၉ ရက်) မှာ တွေ့ရှိရပါတယ်။ TMZ ရဲ့အဆိုအရ ပယ်ရီနဲ့ ထရူဒိုဟာ ကော့တေးအတူ သောက်ပြီး ပုဇွန်ဟင်း အပါအဝင် အစားအစာတွေ မျှဝေခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ကေတီပယ်ရီအတွက် ကိုးနှစ်ကြာ လက်တွဲခဲ့တဲ့ Pirate of the Caribbean ကြယ်ပွင့် အော်လန်ဒိုဘလူးမ်နဲ့ လမ်းခွဲပြီးနောက် ပထမဆုံး ထွက်ပေါ်လာတဲ့ dating ကောလဟာလပဲဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ်ဟောင်း ထရူဒိုကလည်း ၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့တဲ့ ဇနီး ဆိုဖီယာဂရီဂျော်ရီ နဲ့ ၂၀၂၃ ခုနှစ်က လမ်းခွဲထားတာဖြစ်ပါတယ်။ ကေတီပယ်ရီဟာ လက်ရှိ The Lifetimes Tour အမည်ရှိ သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ကနေဒါနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သရုပ်ဆောင် ဂျိုဂျောင်ဆော့ခ် နဲ့ အဆိုတော် ဂမ်မီတို့စုံတွဲ ဒုတိယမြောက် ရင်သွေးရရှိနေပြီဖြစ်ကြောင်း အသိပေး
RELATED POSTS
13 Aug 2026 | အနုပညာ,ပြည်တွင်း
12 Aug 2026 | အနုပညာ,နိုင်ငံတကာ
