အချိန်(၁၉)နှစ်အတွင်း ပထမဆုံးတစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲကို ကျင်းပခဲ့သည့် BigBang အဖွဲ့ဝင် Taeyang
Pika (NSS) - ဇူလိုင် ၃၁
BigBang အဖွဲ့ဝင်တစ်ဦးအဖြစ် (၂၀၀၆)ခုနှစ်တွင် စတင်ပွဲဦးထွက်လာခဲ့သော တောင်ကိုရီးယားအဆိုတော် Taeyang သည် ပွဲဦးထွက်ပြီးနောက် အချိန်(၁၉)နှစ်အကြာတွင် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်ပရိသတ် တွေ့ဆုံပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ '01' ဟု အမည်ပေးထားသည့် ပရိသတ်တွေ့ဆုံပွဲကိုကျင်းပချိန်အတွင်း Taeyang သည် ၎င်း၏ ပရိသတ်များနှင့်အတူ အမှတ်တရများစွာကို ဖန်တီးခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် Taeyang သည် ဆိုးလ်မြို့တွင်ကျင်းပသည့်ပရိသတ်တွေ့ဆုံပွဲအပြီးတွင် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ မြို့(၆)မြို့တွင် ပရိသတ်တွေ့ဆုံပွဲများကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ပွဲဦးထွက်ပြီးနောက် အချိန်(၁၉)နှစ်အကြာတွင် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲကို ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းသာမိကြောင်း Taeyang က ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအတွင်း Taeyang နှင့် ၎င်း၏ပရိသတ်များသည် ၎င်းဖြတ်သန်းလာခဲ့သည့်ကာလ တစ်လျှောက်လုံး ၏ အမှတ်တရပေါင်းများစွာကို အတူတကွမျှဝေခံစားခဲ့ကြကြောင်း သိရသည်။ အမှတ်တရများတွင် Taeyang ၏ အစောပိုင်းကာလအသွင်အပြင်များ၊ ငယ်ဘဝဓါတ်ပုံများကို ပြန်လည်ကြည့်ရှုခြင်းနှင့် တိုက်ရိုက်ဖျော်ဖြေ တင်ဆက်မှုများကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် Taeyang သည် ပွဲကျင်းပသည့်နေရာ၏ ဒုတိယထပ်သို့သွားကာ ပရိသတ်များနှင့်တိုက်ရိုက်တွေ့ဆုံမှုများ လုပ်ဆောင်ခြင်းဖြင့် အမှတ်တရများစွာကို ဖန်တီးခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ(၃၁)ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
09 Apr 2026 | အနုပညာ,ပြည်တွင်း
08 Apr 2026 | အနုပညာ,ပြည်တွင်း
05 Apr 2026 | အနုပညာ,နိုင်ငံတကာ
