(၁၉၄၁)ခုနှစ်ထွက် Citizen Kane ဇာတ်ကားမှ Rosebud စွတ်ဖားကို အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၇၅) သန်းဖြင့် လေလံတင်ရောင်းချ
Pika (NSS) - ဇူလိုင် ၂၉
ဒါရိုက်တာ Orson Welles ရိုက်ကူးထားသော (၁၉၄၁)ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကား Citizen Kane ထဲမှ အထင်ကရပစ္စည်းတစ်ခုဖြစ်သော Rosebud စွတ်ဖားကို အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၇၅)သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်းသိရသည်။ အဆိုပါလေလံတင်ရောင်းချမှုသည် ရုပ်ရှင်နှင့်ပတ်သက်သော အမှတ်တရပစ္စည်းများရောင်းချမှု အားလုံးထဲတွင် ဒုတိယမြောက်ဈေးအကြီးဆုံးရောင်းချမှုတစ်ခုဖြစ်ခဲ့ကြောင်းလည်းသိရသည်။
ကာလရှည်ကြာစွာပျောက်ကွယ်သွားခဲ့သော အဆိုပါစွတ်ဖားကို ဒါရိုက်တာဂျိုးဒန်တီက (၁၉၈၄)ခုနှစ်တွင် RKO Pictures စတူဒီယိုနေရာ ဟောင်းတွင်အလုပ်လုပ်နေစဉ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ဂျိုးဒန်တီသည် အဆိုပါစွတ်ဖားကို Heritage Auctions မှတစ်ဆင့်ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၇၅) သန်းအထိ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၉၃၉)ခုနှစ်ထွက် The Wizard of Oz ရုပ်ရှင် ဇာတ်ကားမှ ပတ္တမြား ဖိနပ်များကို အမေရိကန်ဒေါ်လာ(၃၂ ဒသမ ၅)သန်းဖြင့် လေလံတင်ရောင်းချခဲ့ပြီးနောက် အဆိုပါစွတ်ဖားသည် ရုပ်ရှင်နှင့် ပတ်သက်သော အမှတ်တရပစ္စည်းများရောင်းချမှုတွင် ဒုတိယမြောက်ဈေးအကြီးဆုံးရောင်းချမှုတစ်ခုဖြစ်လာခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။
ဂျိုးဒန်တီက ‘‘ဒီရုပ်ရှင်သမိုင်းကို ဆယ်စု နှစ်ပေါင်းများစွာကြာအောင် အကာအကွယ်ပေးနိုင်တဲ့ ဂုဏ်သိက္ခာကို ကျွန်တော်ရခဲ့ပါတယ်။ ဒီအထင်ကရပစ္စည်း စွတ်ဖားက နေရာအသစ်ကိုရှာတွေ့ပြီး သမိုင်းတစ်ခုကိုဖန်တီးနိုင်ခဲ့တာ တကယ်ကိုဂုဏ်ယူစရာပါပဲ” ဟုပြောဆိုခဲ့သည်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-မြန်မာနယ်စပ်ရှိ စက်ရုံများတွင် မြန်မာ အလုပ်သမားများ လစာနည်းခြင်းနှင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံးခြင်းများ ကြုံတွေ့နေရ
RELATED POSTS
21 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
19 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
14 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
10 Jun 2026 | ဗဟုသုတ,ပြည်တွင်း
