အင်ဒိုနီးရှား၊ ဆူမားတြားမှာ တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေ၊ အပူချိန် အလွန်မြင့်တက်လာခြင်းကြောင့် သတိပေးချက်များ ထုတ်ပြန်ထား
ရောင်နီ (NSS) - ဇူလိုင် ၂၃
အင်ဒိုနီးရှားနိုင်ငံ အနောက်တောင်ပိုင်း၊ ဆူမားတြားမှာ မြေဆွေးမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုကြောင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
"ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု အခြေအနေနဲ့အတူ အထူးသဖြင့် ဆူမားတြားကျွန်းအများစုမှာ မိုးရွာသွန်းမှု သိသိသာသာ ကျဆင်းလာတာကြောင့် မီးဘေးအန္တရာယ် တိုးလာစေတယ်” လို့ အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ (BNPB) မှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အက်ဒူလ်မူဟာရီက ဇူလိုင် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အနောက်ဆူမားတြားပြည်နယ်ရှိ ခရိုင်နှစ်ခုဖြစ်တဲ့ ဆိုလော့ခ်နဲ့ လီမာပူလက်ဟ်ကိုတာ ဒေသတွေဟာ အပူချိန်ပိုမို မြင့်တက်လာနေတာကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။ အနောက်ဆူမားတြားပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီမှ ပြောကြားချက်အရ ပြည်နယ်ရဲ့ ခရိုင်(၁၄)ခုစလုံးနီးပါး တောမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနောက်ဆူမားတြား လီမာပူလက်ဟ်ကိုတာမှာ အပူချိန် (၇၀)ဒီဂရီမှ (၉၀)ဒီဂရီထိရှိနေကာ အဆိုပါနေရာတွေကို မီးသတ်သမားတွေ ရောက်ရှိနိုင်ဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ လတ်တလော မီးငြှိမ်းသတ်မှုအများစုကို ရီအူနဲ့ တောင်ဆူမားတြား ပြည်နယ်တွေဆီကို ဦးတည်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ရိုကန်ဟီလာ နဲ့ ရိုကန်ဟူလူ ခရိုင်(၂) ခုဟာ မီးလောင်ကျွမ်းမှု အဆိုးရွားဆုံးဖြစ်နေပြီး ဟက်တာ(၄၆)ခုခန့် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှု ဖြစ်ပေါ်စေဖို့အတွက် တိမ်တွေပေါ် ရေလောင်းခြင်း နည်းကိုလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ကြိုးပမ်းနေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။


Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့် ယူရေနီယမ်သန့်စင်မှု ရပ်တန့်သွားခဲ့တယ်လို့ အီရန် အတည်ပြု
RELATED POSTS
26 Jul 2026 | ဗဟုသုတ,ပြည်တွင်း
21 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
19 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
14 Jun 2026 | ဗဟုသုတ,နိုင်ငံတကာ
