Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးမိတ်ဖက် ဖြစ်လာနိုင်လား


သန်းထိုက်စိုး   -(NSS) - ဇူလိုင်လ ၁၅

        အီရန်နိုင်ငံသည် မကြာသေးမီကပင် အစ္စရေးနိုင်ငံနှင့် (၁၂)ရက်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် အဆိုပါပဋိပက္ခတွင် လေ ကြောင်းကာကွယ်ရေးစနစ်နှင့် ထောက်လှမ်းရေးစ နစ်အားနည်းချက်ကိုတွေ့ရှိခဲ့သည်။ အဆိုပါ ပဋိပက္ခ သည် အီရန်နိုင်ငံအတွက် ၎င်း၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ 

မကြာသေးမီကပင် တရုတ်နှင့်အီရန်နိုင်ငံ တို့သည် ကာကွယ်ရေးကဏ္ဍတွင် နီးနီးကပ်ကပ်ရှိ လာခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် တရုတ်စစ်ဘက် ဆိုင်ရာပစ္စည်းများကို ဝယ်ယူရန်ကြိုးပမ်းလာခဲ့သည်။ ယင်းမှာ မကြာသေးမီက ပါကစ္စတန်နိုင်ငံသည် အိန္ဒိ ယနိုင်ငံနှင့်ဖြစ်ပွားသည့်ပဋိပက္ခအတွင်း တရုတ်လေ ကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူအသုံးပြုခဲ့ ရာ အောင်မြင်မှုရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ တစ်နည်း အားဖြင့် အီရန်နိုင်ငံသည် ၎င်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အရေးတကြီး ပြန်လည်တည် ဆောက်ရာတွင် ရုရှားတို့၏လေကြောင်းရန် ကာကွယ် ရေးစနစ်နှင့် အရည်အသွေးအပေါ် ယုံကြည်မှုကျဆင်း လာခြင်းကြောင့်ဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိလာ သည်။ သို့ဖြစ်ရာ အီရန် " တရုတ်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနီးကပ်လာစေရန် တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။ သို့သော် ယင်းအချက်မှာ တရုတ်အစိုးရမူဝါဒ ချမှတ်သူများက ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မည်သို့ရှိနိုင်သည်ဆိုသည့် တွက်ချက်မှုအ ပေါ်တွင်မူတည်သည်။ 

တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံကို ကာ ကွယ်ရေးမိတ်ဖက်အဖြစ်ထားရှိမည်ဆိုပါက သိသာ ထင်ရှားသည့်အကျိုးအမြတ်အနက်တစ်ခုမှာ သမားရိုးကျရေလမ်းကြောင်းများကို ဖြတ်သန်းသွားလာခြင်း အပြင် အခြားသော ရွေးချယ်စရာစွမ်းအင်လမ်း ကြောင်းတစ်ခု အခိုင်အမာရရှိနိုင်ခြင်းပင်ဖြစ်သည်။ အီရန်အခြေခံအဆောက်အအုံမှတစ်ဆင့် စွမ်းအင် အရင်းအမြစ်ြွကယ်ဝသည့် အီရတ်နှင့်ချိတ်ဆက်ပြီး ပါကစ္စတန်အထိပါဆက်သွယ်လိုက်ပါက တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လုံခြုံရေး ကုန်းလမ်းတစ်ခု ထပ်မံ တိုးချဲ့ ရရှိနိုင်မည်ဖြစ်သည်။ အီရတ်-အီရန်-ပါကစ္စ တန်စင်္ကြံလမ်းသည် အရှေ့အလယ်ပိုင်း ဟိုက်ဒရိုကာ ဗွန်များကို လုံခြုံစိတ်ချစွာရယူနိုင်သည်။ တစ်ချိန် တည်းမှာပင် ပါကစ္စတန်နိုင်ငံကိုလည်း စွမ်းအင်လုံခြုံ ရေးမိတ်ဖက်အဖြစ် တိုးချဲ့တည်ဆောက်နိုင်မည်ဖြစ် သည်။ အကယ်၍ အဆိုပါလမ်းကြောင်းသာ ဆက် လက်အကောင်အထည်ဖော်ဖြစ်ပါက တရုတ်နိုင်ငံ အတွက် မလက္ကာရေလက်ကြားနှင့်Bab-el-Mandeb  ကဲ့သို့သော မရေရာမသေချာသည့်အခြေ အနေများမှရုန်းထွက်ပြီး ရေရှည်စွမ်းအင်ရရှိမှုအ တွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ပို၍ အ ရေးပါသည့်အချက်မှာ တရုတ်နိုင်ငံအနေဖြင့် အီရန် နိုင်ငံနှင့် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုလေးနက်စွာ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြား အပေါ် သွယ်ဝိုက်၍ ဩဇာသက်ရောက်မှုရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံသာ အီရန်နိုင်ငံ၏ အဓိကလုံခြုံရေးမိတ်ဖက်ဖြစ်လာမည်ဆိုပါက တရုတ် နိုင်ငံအနေဖြင့် ဒေသတွင်းတင်းမာမှုများတွင် အီရန် နိုင်ငံကိုတည့်မတ်ပေးရာတွင် ပိုမိုကောင်းမွန်သည့် နေရာတွင်ရှိနေစေပြီး ဟော်မုဇ်ရေလက်ကြားမှာလည်း ရေကြောင်းသွားလာမှုအတွက် လမ်းပွင့်နေမည်ဖြစ် သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများ ၏ စီးပွားရေးလုံခြုံမှုအတွက်လည်း များစွာ အထောက် အကူရစေမည်ဖြစ်သည်။ လုံခြုံရေးကဏ္ဍအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းသည် တရုတ် နိုင်ငံ၏မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်း တည်ငြိမ် ရေးနှင့် ကြိုတင်ဟန့်တားရေး နှစ်ခုလုံးအတွက်လည်း အလုပ်ဖြစ်နိုင်သည်။ 

အခြား ရရှိနိုင်သည့် အဓိကအကျိုးအမြတ် မှာ ဗဟိုအာရှဒေသအတွင်း အိန္ဒိယနိုင်ငံ၏လွှမ်းမိုး မှုကို ထိန်းသိမ်းနိုင်မည့်အခွင့်အရေး ပိုမိုရရှိခြင်းပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အီရန်မှ ရေနံသွင်းကုန် များကိုရပ်တန့်ပြီး (၂၀၂၈)ခုနှစ်တွင် အမေရိကန်ဦး ဆောင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်လိုက်နာ ချိန်နောက်ပိုင်းတွင် အီရန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင် ငံမှဖယ်ခွာလာခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အီရန်နှင့်ဆက်ဆံရေးကျဲသွားပြီးနောက် အစ္စရေးနှင့် ပိုမိုနီးကပ်လာခဲ့ခြင်းဖြစ်သည်။ အိုက်ဒီရော်လော်ဂျီအ ရ အစွန်းရောက်ဆန့်ကျင်ရေး ပုံရိပ်ကိုဖော်ကျူးနေ သကဲ့သို့ လက်တွေ့နယ်ပယ်တွင်လည်း ကာကွယ် ရေး၊ ဆိုက်ဘာနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနှင့်အစ္စရေး တို့၏အဆိုပါဆက်ဆံရေးသည် အိန္ဒိယတို့၏ မဟာဗျူ ဟာမြောက်စဉ်းစားချက်တွင် အီရန်နိုင်ငံ၏တန်ဖိုးကို ကျဆင်းစေခဲ့ပြီး အစ္စရေးဘက်ယိမ်းသည့် အိန္ဒိယ နိုင်ငံ၏သဘောထားသည် အီရန်မူဝါဒချမှတ်သူများ အမြင်တွင် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ရှုမြင် ထားသည်။ အဆိုပါအခြေအနေသည် အီရန်နိုင်ငံကို တရုတ်နိုင်ငံဘက် တွန်းပို့ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ 

အီရန်နိုင်ငံသည် ဗဟိုအာရှဒေသနှင့် ကော့ကေးဆပ်တောင်ပိုင်းတွင် အရေးပါသည့်နေရာ တွင်ရှိနေရာ တရုတ်နိုင်ငံသည်သာ အီရန်၏ ကာကွယ်ရေးမိတ်ဖက်ဖြစ်လာခဲ့ပါက အိန္ဒိယနိုင်ငံ၏ ဗဟို အာရှဒေသနှင့် ကော့ကေးဆပ်တောင်ပိုင်းရည်မှန်း ချက်များကို အားနည်းယုတ်လျော့အောင်ပြုလုပ်ရာတွင် ခိုင်မာအားကောင်းစေမည်ဖြစ်သည်။ တရုတ် နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့် လေးလေးနက်နက် ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် အီရန်နိုင်ငံကို ပထဝီနိုင်ငံ ရေးဆိုင်ရာ ကြားခံဇုန်တစ်ခုအဖြစ်လည်းကောင်း၊  ပေါင်းကူးလမ်းကြောင်းတစ်ခုအဖြစ်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ရာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းကို လုံခြုံစိတ်ချစွာအသုံးပြုနိုင်လေဖြစ် သည်။ အဆိုပါ ညှိနှိုင်းဆောင်ရွက်မှုသည် Inter­national North-South Transport Cor­ridor (INSTC) မှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံ၊ ဗဟိုအာရှဒေသတို့နှင့် ဆက်သွယ်ရန် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို လျော့နည်းစေနိုင်ပြီး အီရန် နိုင်ငံ၏ Chab­ahar ဆိပ်ကမ်းတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ်တွင်လည်း ရိုက်ခတ်လာစေ နိုင်သည်။ အီရန်နိုင်ငံကသာ တရုတ်နိုင်ငံကို Chabahar ဆိပ်ကမ်းကို အသုံးပြုခွင့်ပေးလိုက်မည်ဆိုပါက ညှိနှိုင်းဆောင်ရွက်မှုသည် International North-South Transport Corridor (INSTC) ၏ ဖြစ် နိုင်ခြေမှာ လုံးဝပျက်ပြယ်သွားနိုင်ပါသည်။ ယင်းသို့ ဖြစ်လာခဲ့ပါက အိန္ဒိယနိုင်ငံ၏ ဗဟိုအာရှဒေသ မဟာ ဗျူဟာမြောက်ဝင်ပေါက် ပိတ်သွားခြင်းနှင့် တရုတ်နိုင်ငံ၏ (BRI) ကို တန်ပြန်ရန်ကြိုးပမ်းပြီး အကျိုးထုတ်မည့် အစီအစဉ်တို့ ဆုံးရှုံးသွားမည်ဖြစ်ရာ အိန္ဒိယနိုင်ငံအတွက် မိအေးနှစ်ခါနာမည့်အခြေအနေဖြစ်သည်။ 

အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တည့် မတ်ပေးမှု မြင့်တက်လာသည်နှင့်အမျှ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ပြိုင်ဆိုင်မှုများမှာလည်း စည်းလုံးညီ ညွတ်မှုဖြစ်လာပြီး အစ္စလာမ္မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့(IRGC)ဦးဆောင်သည့် လုံခြုံသည့်နိုင်ငံတော် အဖြစ် အခိုင်အမာပေါ်ထွက်လာနိုင်သည်။ ထိုသို့ သောအခြေအနေမျိုးမှာ ပါကစ္စတန်နိုင်ငံ၏ စစ် ဘက်-အရပ်ဘက်ပေါင်းစပ်ထားသည့် မော်ဒယ်တစ် ခုဖြစ်ပြီး လက်တွေ့ပါဝါမှာ ပါကစ္စတန် တပ်မတော်၏ လက်ထဲတွင်ရှိသည်။ တရုတ်နိုင်ငံအတွက်လည်း အကျွမ်းတဝင်ရှိပြီး စီမံခန့်ခွဲနိုင်သည့် တည်ဆောက်ပုံ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ တွင် အလားတူပုံစံတစ်ခုပေါ်ပေါက်လာခဲ့ပါက ထိ တွေ့ဆက်ဆံရသည်မှာလွယ်ကူပြီး အီရန်-ပါကစ္စ တန်ဆက်ဆံရေးကိုပါမြှင့်တင်ပေးနိုင်ကာ တရုတ်၏ ဦးဆောင်မှုဖြင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်သည့် လမ်းကြောင်းကို ချောမွေ့အောင်ဆောင်ရွက်ပေးနိုင် မည်ဖြစ်သည်။ 

တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေး၊ လုံ ခြုံရေးကဏ္ဍတို့နှင့်ပတ်သက်၍ တိုးချဲ့ဆောင်ရွက်ရာ တွင် ဂရုတစိုက်ဆောင်ရွက်စရာများရှိနေသည်။ ယင်းမှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီး နိုင်ငံများနှင့် အဖုအထစ်များရှိနိုင်သည်။ အီရန်နှင့် ဆက်ဆံရေးတိုးချဲ့ခြင်းသည် ပထဝီနိုင်ငံရေးအရ အသုံးတည့်နိုင်သော်လည်း သံခင်းတမန်ခင်းအရ အခက်အခဲများရှိနိုင်ပါသည်။  လုံခြုံရေး၊ စစ်ရေးကဏ္ဍတို့တွင် အီရန်နှင့်ဆက်ဆံရေးတိုးချဲ့ခြင်းသည် တရုတ် နိုင်ငံအတွက် အရှေ့အလယ်ပိုင်းနယ်နိမိတ်ထက် ကျော်လွန်ပြီး စဉ်းစားစရာများကရှိနေသည်။ တရုတ် နိုင်ငံ၏ အဓိကစိုးရိမ်ချက်မှာ အစ္စရေးနိုင်ငံနှင့် ဆက် ဆံရေးပင်ဖြစ်သည်။ တရုတ်နှင့်အစ္စရေးတို့သည် ကိစ္စ ရပ်အတော်များများတွင် ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်သော်လည်း စီးပွားရေးနှင့် နည်းပညာနယ်ပယ် တို့၌ ပူးပေါင်းဆောင်ရွက်မှုကြီးမားသည်။ တရုတ်နိုင် ငံသည် အစ္စရေးနိုင်ငံ၏ဆိပ်ကမ်းများ၊ နည်းပညာကုမ္ပ ဏီများအပါအဝင် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားရာ အစ္စရေးနိုင်ငံကို နည်းပညာဆန်းသစ်တီထွင်ရာဗဟိုချက်အဖြစ် တန် ဖိုးထားသည့်နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံက အီ ရန်နှင့်စစ်ရေးအရ တိုးချဲ့ဆက်ဆံခြင်းသည် အစ္စရေး ကိုလျစ်လျူရှုရာကျမည်ဖြစ်သည်။ အခြားသော ထိ လွယ်ရှလွယ်ကိစ္စရပ်တစ်ခုမှာ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၊ အထူးသဖြင့် ဆော် ဒီ၊ ယူအေအီးစသည့်နိုင်ငံများနှင့် ဆက်ဆံရေးပင် ဖြစ်သည်။ အဆိုပါနိုင်ငံများသည် စွမ်းအင်ကဏ္ဍမှ သယ်ယူပို့ဆောင်ရေးကဏ္ဍအထိ အဓိကကျသော       စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ကြသည်။ အီရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် အနီးကပ်ပူးပေါင်းဆောင် ရွက်ပြီး အီရန်နိုင်ငံကို ဒေသတွင်း၌ ရဲဆေးတင်ပေး သည့်နိုင်ငံအဖြစ် တရုတ်နိုင်ငံကိုရှုမြင်ခဲ့ပါက အဆိုပါနိုင်ငံများနှင့်ဆက်ဆံရေးအပေါ် ထိခိုက်နိုင်သည်။ 

တစ်ဖက်မှကြည့်မည်ဆိုပါကလည်း တရုတ်နှင့်အီရန် အနီးကပ်ဆက်ဆံခြင်းသည် ပင် လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးအရှိန်ကိုလည်း တိုးတက်စေနိုင်သည်။ တရုတ်နိုင်ငံသည် အီရန်နိုင်ငံ အပေါ် ဩဇာလွှမ်းမိုးမှုရရှိခြင်း သို့မဟုတ် ညှိနှိုင်း ရေးမှူးအဖြစ်ဆောင်ရွက်ခြင်းဖြင့် အီရန်နိုင်ငံကို စစ် ရေးအရ အရှိန်မမြှင့်ရန် သို့မဟုတ် နျူကလီးယားနယ် နိမိတ်ကိုမဖြတ်ကျော်ရန်နှင့် ဆော်ဒီ၊ ကာတာနိုင်ငံတို့ ကိုပါ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်ပေးသူအဖြစ် လက်ခံလာစေရန်ဆောင်ရွက်နိုင်သည်။ တရုတ်နိုင်ငံ အနေဖြင့် အဆိုပါနည်းဖြင့် အီရန်နိုင်ငံနှင့် ဆက်ဆံ ရေးတိုးမြှင့်ပြီး အီရန်၏ တောင်ဘက်ရှိ အိမ်နီးချင်းနိုင် ငံများနှင့်ပါ သံခင်းတမန်ခင်း တိုးချဲ့သွားနိုင်သည်။ 

နောက်ထပ်စဉ်းစားစရာအချက်တစ်ခုမှာ တရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများ သည် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှု ကြုံ တွေ့ရနိုင်ခြင်းပင်ဖြစ်သည်။ အမေရိကန်နှင့် တရုတ် နိုင်ငံတို့သည်လည်း နည်းပညာနှင့်ကုန်သွယ်ရေး ကဏ္ဍတို့ကိုအကြောင်းပြုပြီး ဆက်ဆံရေးတင်းမာနေ ချိန်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့်ဆက် ဆံခြင်းဖြင့် ဖြစ်လာနိုင်ခြေရှိသည့်အကျိုးဆက်များကို ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ 

ချုပ်၍ကြည့်မည်ဆိုပါက တရုတ်နှင့် အီရန် တို့သည် ကာကွယ်ရေးကဏ္ဍတွင် ပထဝီနိုင်ငံရေးအ ရပူးပေါင်းဆောင်ရွက်နိုင်သော်လည်း အပြည့်အဝ ပူး ပေါင်းဆောင်ရွက်ခြင်းထက် အကန့်အသတ်ဖြင့်သာ ပူးပေါင်းဆောင်ရွက်နိုင်သည်။ တရုတ်နှင့်အီရန်တို့ သည် (၂၀၂၁) ခုနှစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုကို လက်မှတ်ရေးထိုးခဲ့ကြပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)တွင်လည်း အဖွဲ့ဝင်များဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ မူဘောင်ကို ကာကွယ်ရေးကဏ္ဍ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်လိုသည့်ဆန္ဒ သို့မဟုတ် အိုက်ဒီရော် လော်ဂျီဆိုင်ရာတည့်မတ်မှုသာမက တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရေရှည်အကျိုးစီးပွားအရလည်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်ရသည်။

                 


       






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တိုက်ပွဲဖြစ်ပွားပါက ယူနက်စကိုစာရင်းမှ ပယ်ဖျက်ခံရနိုင်ဟုဆို

RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved