Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
" ကျွန်တော်နှင့် ငြိမ်းချမ်းရေးဖိုရမ်"


မင်းနိုင်(အတွင်းရေးမှူး - NSPNC) -(NP News) - ဇူလိုင်လ ၁၅ 

        ငြိမ်းချမ်းရေးဖိုရမ် Peace Forum - 2025  မစတင်မီ ရက်သတ္တပတ်ခန့်အလိုတွင် မိမိထံ မီဒီယာတစ်ခုမှ မေးခွန်းလေးတွေ ရောက်လာပါ တယ်။ မေးခွန်းတော်တော်များများကို ပြန်ဖြေ နိုင်ခဲ့ပေမယ့် အဲဒီအချိန်တုန်းကမဖြေနိုင်တဲ့ မေးခွန်း လေးတစ်ခု ကျန်ခဲ့ပါတယ်။ ဒီမေးခွန်းလေးကတော့ Peace Forum - 2025  အပြီး သက်ဆိုင်သူတွေအကြား နားလည်မှုရာခိုင်နှုန်း ဘယ်လောက်တက်လာမယ်လို့ မှန်းထားပါသလဲဆိုတဲ့ မေးခွန်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဖိုရမ်ပွဲကြီးပြီးစီးခဲ့တာ (၇)ရက် ပြည့်ခဲ့ ပေမယ့် လူမှုကွန်ရက် (Social Media)  ပေါ်မှာတော့ ဖိုရမ်နဲ့ပတ်သက်တဲ့အသံတွေ ဆူညံစွာတက်လာနေ ဆဲပါပဲ။ 

Peace Forum ကြီးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ စတင်စဉ်းစား၊ ပြင်ဆင်၊ စီမံ၊ တင်ပြ အားလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းမှုတွေနဲ့အတူ ထွက်ပေါ်လာတဲ့အကြံပြုချက်တွေ၊ အနှစ်ချုပ်လိုက် တဲ့ ရလဒ်စုစည်းချက်တွေဟာ မျှော်လင့်ထားတာထက် ပိုမိုအောင်မြင်ခဲ့တယ်လို့ပြောရင် ပိုပြောတယ်လို့ တော့ မသတ်မှတ်စေချင်ပါဘူး။ အဓိကကတော့ ဒီရလဒ်တွေအပေါ် ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နိုင်မှုတွေဟာအပေါ် ကမဖြေနိုင်ခဲ့တဲ့မေးခွန်းအတွက် ထိရောက်တဲ့အဖြေ ဖြစ်လာပါလိမ့်မယ်။ 

ဖွင့်ပွဲနေ့ (၂၅-၆-၂၀၂၅) မှာ နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်ပသံရုံးတွေထဲက သံရုံး (၁၇) ရုံးက သံအမတ်ကြီး (၁၄) ဦး ၊ Chargé d’affaires  (၃) ဦးနဲ့ သံရုံးအကြီးအကဲဝန်ထမ်း (၁၅) ဦး၊ စုစုပေါင်း (၃၂)ဦး ပါဝင်တက်ရောက်ခဲ့တာဟာ Peace Forum ရဲ့ ဖွင့်ပွဲနေ့အခင်းအကျင်းကို အလှ အပဆုံးပုံရိပ်ဖြစ်စေခဲ့ပါတယ်။ 

နိုင်ငံတော်အကြီးအကဲရဲ့ အဖွင့်မိန့်ခွန်း ထဲမှာပါတဲ့ "  နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အ ကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေ ကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်း လှမ်းထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စား ပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာ နိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ထားကြောင်း ဒီဖိုရမ်ကနေ ထပ်မံအသိပေးပြောကြားလိုပါတယ် "  ဆိုတဲ့ PDF တွေအတွက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုစကားရပ် လေးဟာလည်း တက်ရောက်လာသူသံတမန်တွေရဲ့ စိတ်ဝင်စားမှု၊ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူ တွေရဲ့ အမြင့်ဆုံးစိတ်ဝင်စားမှုတစ်ခုဖြစ်တယ်လို့ ပြန်လည်သိရှိခဲ့ရပါတယ်။ 

ပြည်ပ(၆)နိုင်ငံက ဖိတ်ကြားထားတဲ့ အသိ ပညာရှင်၊ အတတ်ပညာရှင် (၁၂)ဦး (Virtual ၂ ဦး) ထဲမှ (၃) ဦးရဲ့ Key Note Speech  တွေ ၊ (၉) ဦးရဲ့ Session (၂) ခု သတ်မှတ်ခေါင်းစဉ်တွေအပေါ် ထိထိရောက်ရောက် ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့တာ ဟာလည်း နိုင်ငံရဲ့ပုံရိပ်အတွက် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ပြည့်ဝဝရရှိခဲ့တယ်လို့ ခံစားမိပါ တယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးခြင်းသည် တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းတွင် အဓိကအရေးပါမှု၊ အရေးကြီးမှုတစ်ခု ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းသည်International comm­unity ရဲ့ Peace Process   နှင့် ပံ့ပိုးကူညီနိုင်မှုယူတဲ့ အခါမှာ ၎င်းတို့၏ လွှမ်းမိုးမှုမဖြစ်ပေါ်စေရေးအတွက် သတိပြုဖို့လိုအပ်ပါတယ်။ ပဋိပက္ခအလွန်လက်နက် ကိုင်အစုအဖွဲ့တွေရဲ့ ပြောင်းလဲရေးဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သင့်ကြောင်း၊ မီဒီ ယာကဏ္ဍက သတင်းတွေကို ကျင့်ဝတ်နဲ့အညီတင်ပြ ဖို့လိုအပ်ပြီး ပွင့်လင်းမြင်သာပြီးရပ်တည်ချက် ကောင်းဖို့လိုပါတယ်။

မြန်မာ့နည်း၊ မြန်မာ့ဟန် (Myanmar-Owned, Myanmar-Led) ဆိုတဲ့ ဆွေးနွေးချက် စကားစုလေးဟာ တက်ရောက်လာသူရဲ့ရင်ထဲကို ထိထိမိမိ ရောက်ရှိခဲ့ပါတယ်။ Peace Process ကို ဆောင်ရွက်တဲ့အခါမှာ မိမိတို့နိုင်ငံနဲ့လိုက် လျောညီထွေရှိဖို့ လိုအပ်ပါတယ်။

ဒုတိယနေ့နဲ့ တတိယနေ့ဆွေးနွေးပွဲတွေ မှာတော့ Session  နှစ်ခုခွဲပြီး ပြည်တွင်းအလွှာ အသီးသီးက တက်ရောက်သူ (၂၄၀)ကျော်နဲ့ ခေါင်း စဉ် (၅)ခုကို ဆွေးနွေးကြရာမှာ တက်ရောက်လာ ကြသူအားလုံး မျှော်လင့်မထားတဲ့ လွတ်လပ်ပွင့်လင်း မြင်သာစွာ ဆွေးနွေးမေးမြန်းမှုတွေဟာလည်း Peace Forum  2025 ရဲ့ထင်ရှားတဲ့ ပုံရိပ်တစ်ခုဖြစ်စေပါတယ်။

Moderator ၊ Speaker နဲ့ Partic­ipant တွေရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ မီဒီယာတွေရဲ့ အင်တာဗျူးတွေဟာလည်း Peace Forum  2025  ရဲ့ ပွင့်လင်းမြင်သာမှုကို ပုံဖော်နိုင်ခဲ့ ပါတယ်။ Peace Forum  2025  ရဲ့ ထူးခြားတဲ့ အခင်းအကျင်းတစ်ခုကတော့ ပြည်တွင်း နိုင်ငံပိုင်မီဒီယာ (၂)ခု၊ ပုဂ္ဂလိက ပိုင်(၈)ခုနှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာ (၃) ခုဖြစ်တဲ့ Xinhua ၊ Asahi Shimbun၊ BBCတို့ကို ဖိတ်ကြားတက်ရောက်စေခဲ့ပြီး လွတ်လပ်စွာသတင်းရယူခွင့်၊ မေးမြန်းမှုတွေ ပြုခဲ့ခြင်းဟာလည်း ထူးခြားတဲ့ Peace Forum  2025  ရဲ့ အခင်းအကျင်းတစ်ရပ်လို့ ပြည်တွင်းပြည်ပ လေ့လာသူတွေက ထောက်ပြကြပါတယ်။ 

အများစုမထင်မှတ်တဲ့ လူပုဂ္ဂိုလ်တချို့ ဖိုရမ်မှာ တက်ရောက်ဆွေးနွေးမှုတွေဟာလည်း နိုင်ငံ တကာရဲ့ စိတ်ဝင်စားမှုနဲ့ ပြည်တွင်းမှာ ဂယက်ရိုက် ခတ်မှုတွေရှိပြီး ဒီနေ့ထိ လူမှုကွန်ရက်မှာ တွေ့မြင် နေရဆဲဖြစ်ပါတယ်။ မန္တလေးငလျင်ကြောင့် ရုံးအ ဆောက်အအုံနဲ့ဟိုတယ်ကြီးတွေပျက်စီးပြီး လတ်တလောပြုပြင်နေဆဲ အခြေအနေတွေ၊ အခန်းနေရာရ ရှိမှု အကျယ်အဝန်းကန့်သတ်ချက်တွေကြောင့် တက် ရောက်လာသူတွေအတွက် လိုအပ်ချက်၊ အားနည်း ချက်တွေ ဖြစ်စေနိုင်ခဲ့တာကိုလည်း နားလည်ခံစားမိ ပါတယ်။ နောက်တစ်ပွဲကတော့ ဒီထက်ပို လူတွေ များပြားလာနိုင်တာမို့ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အုပ်ချုပ်ရေးအားနည်းချက်တွေကို ကုစားနိုင်ဖို့ ကြို တင်စဉ်းစားနေမိပါတယ်။ Peace Forum  2025  ပွဲကြီးလည်း ပြီးသွားပြီဆိုတော့ အဓိကအရေးပါဆုံး ဖြစ်တဲ့ အကြံပြုတင်ပြချက်တွေကို စုစည်း၊ ကဏ္ဍတွေခွဲပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ အကြီးအကဲကို တင်ပြ နိုင်ဖို့က ဦးစားပေးပထမ၊ အဲဒီတင်ပြချက်တွေကတစ် ဆင့် အကြီးအကဲဆီကနေ Implementation အပိုင်းအတွက် ဆက်လက်ဆောင်ရွက်ခွင့်၊ ဆက်လက် ဆောင်ရွက်သွားဖို့က Peace Forum  2025  ရဲ့ အနှစ်သာရပဲဖြစ်မယ်လို့ နားလည်ယုံကြည်မိပါတယ်။ 

အဲဒီတော့ ပြန်ပြီးချုပ်ကြည့်လိုက်ရင် စတင်မေးမြန်းစဉ်က မဖြေဖြစ်ခဲ့တဲ့ မေးခွန်းလေး ဖြစ်တဲ့ သက်ဆိုင်သူများအကြား နားလည်မှုရာခိုင်နှုန်း ဘယ်လောက်ထိ မြင့်တက်လာမလဲဆိုတဲ့အပေါ် ကျွန် တော့်စိတ်အထင်တော့ နောက်တစ်ပွဲမတိုင်မီ Peace Forum  2025  ရဲ့ ရလဒ်တွေအပေါ် Impleme­ntation လုပ်တဲ့အပိုင်းက အဓိကအကျဆုံးပဲလို့ သုံးသပ်မိပါတယ်။ လတ်တလောအနေအထား အရတော့ အောင်မှတ်ရမယ်လို့ထင်တာပါပဲ။ (၅၁)ရာခိုင်နှုန်းလောက်တော့ ကိုယ့်ဘာသာပဲပေး လိုက်မိပါတော့တယ်။ 

နောက်တစ်ကြိမ်ပွဲကြီးတစ်ပွဲအတွက် စတင် စဉ်းစား၊ တွေးတော၊ ပြင်ဆင်နေရင်း တစ်ဖက် ကလည်း Peace Forum  2025  ရဲ့ Impleme­ntation အတွက် အချက်အလက်တွေ စုဆောင်း၊ စီမံချက်တွေ၊ ရေးဆွဲမှုတွေ လုပ်ဆောင်နေပါပြီ။ 


       






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

" ဆောက်လုပ်ရေးလောကကနေ ထွက်ပြီး သူများဆီမှာ ဝန်ထမ်းသွားလုပ်ရသူတောင်ရှိလာတယ်" အစိုးရတင်ဒါ . . . ဘယ်သူသာ

RECENT POSTS
ယနေ့ ဇွန်လ(၅)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
05 Jun 2026
လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် Thai Lion Air က ဖူးခက်-စင်ကာပူလမ်းကြောင်း အပါအဝင် ခရီးစဉ်လမ်းကြောင်း (၁၅) ခု လျှော့ချရပ်ဆိုင်း
05 Jun 2026
ဇာတ်ကားနဲ့ စီးရီးတွေ များပြားလွန်းလို့ ရွေးချယ်ရခက်နေတဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့ Netflix က AI စနစ်ကို အသုံးပြုမည်
05 Jun 2026
လေယာဉ်ကို ဗုံးခွဲမယ်လို့ အင်စတာဂရမ်မှာ နောက်ပြောင်တင်ခဲ့တဲ့ စင်ကာပူလူငယ် အပြစ်ရှိကြောင်း ဝန်ခံ
05 Jun 2026
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိ ဆို
05 Jun 2026
ကြည့်ရှုမှုသန်း(၁၀၀)ကျော်သွားပြီဖြစ်သည့် ‘The Legend of Kitchen Soldier’ဇာတ်လမ်းတွဲ
05 Jun 2026
(၁၅)နှစ်အတွင်း ရှေးဟောင်းပစ္စည်း (၃၃၀၀၀)ကျော် အပ်နှံသူ (၄၅၉)ဦးကို ကျပ် (၅၉၈)သန်းကျော် ဆုချီးမြှင့်ခဲ့
05 Jun 2026
မတူညီသောစက္ကူခွက်(၈၅၈)ခွက်စုဆောင်းပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အိန္ဒိယအမျိုးသား ( နိုင်ငံတကာ ထူးဆန်းထွေလာ )
05 Jun 2026
အထက်တန်းကျောင်းများနှင့်ကျောင်းခွဲများတွင် ကျွမ်းကျင် ဆရာ၊ဆရာမများ စိစစ်ခန့်ထားနိင်ရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်
05 Jun 2026
စစ်ကိုင်းမြို့ရှိ လဝကရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် (၁၈) ဦးခန့် ထိခိုက်ဒဏ်ရာရ
05 Jun 2026
ကတူး တိုင်းရင်းသား စာပေ ပေါ်ပေါက်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသော်လည်း ခြိမ်းခြောက်ခံရသောကြောင့် စာပေသင်ကြားမှု ရပ်ထားရ
05 Jun 2026
ဝါစေ့ ဆီများကို ဈေးကွက်ဝင် လုပ်ငန်းသုံးနိုင်ရန်အတွက် ပြည်တွင်းအဆင့်မြင့် Refinery စက်များဖြင့် လည်ပတ် ထုတ်လုပ်နေဟုဆို
05 Jun 2026
အမှတ်(၂) ပင်းပက် သံမဏိ စက်ရုံစီမံကိန်း ၈၉ ရာခိုင်နှုန်းကျော်ပြီးစီး
05 Jun 2026
Vape(E-Cigarette) ကိုကန့်သတ်ပြိးနောက်ပိုင်းအမျိုးသမီးများအကြား တရုတ်စီးကရက်များခေတ်စားနေ
05 Jun 2026
မအူပင်မြို့နယ် ပံတပွတ် ကျေးရွာတွင် လင်မယာချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား ၊ ယောကျာ်းဖြစ်သူသေဆုံး
05 Jun 2026
ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည့် Monaco
05 Jun 2026
ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုးရေးအတွက်အတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု SNA ဒုဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်ပြော
05 Jun 2026
မြန်မာနိုင်ငံကိုအာဆီယံအဖွဲ့မှာ ပြန်ပါဖို့ ကြားဝင်ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း
05 Jun 2026
ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေချီးမြှင့်
05 Jun 2026
ဝက်လက်မြို့ရှိ အထက်တန်းကျောင်းအနီးသို့ PDF အဖွဲ့က Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ဗုံးသီးစ ထိမှန်ဒဏ်ရာရ
05 Jun 2026
FOLLOW US

Copyright © News Services Station | All Right Reserved