KIA ၏ ရွှေလုပ်ကွက်များတွင် အသုံးပြုသောသံပိုက်များကို သိန်းထောင်ချီအကုန်အကျခံကာ မန္တလေးမှ လစဉ်တင်ပို့နေ
သန့်ဇင် (NSS) - ဇူလိုင်လ ၁၅
ကချင်ပြည်နယ်ရှိ KIA ၏ ရွှေလုပ်ကွက်များတွင်အသုံးပြုသောသံပိုက်များကို သိန်းထောင် နှင့်ချီအကုန်အကျခံကာ မန္တလေးမြို့မှတစ်ဆင့် ကားများဖြင့် လစဉ်တင်ပို့နေကြောင်း သိရှိသူတစ်ဦးက NSS သို့ ပြောသည်။
အဆိုပါသံပိုက်များကို မန္တလေးမှ (၂၂)ဘီးကားဖြင့် မုံရွာအထိ တစ်ဆင့်တင်ပို့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းမှ KIA ထိန်းချုပ်ထားသော ရွှေလုပ်ကွက်သို့ ဆက်လက် တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
" ရွှေမှော်မှာလုပ်တဲ့သံပိုက်တွေက မန္တလေးကနေမှ ကချင်ပြည်နယ်ကိုတက်တယ်။ မန္တ လေး-မြင်းခြံ-ပခုက္ကူ-မုံရွာ အဲဒီလမ်းကနေမှ တက် တယ်။ အဲဒီအထိ ကားတစ်စီးကို တစ်ခေါက် သိန်း (၃၀ဝ) အမြတ်ကျန်တယ်။ ကားတစ်စီးကို တန်ဖိုး သိန်း(၈၀ဝ) လောက်ဆိုရင် (၂)ခေါက်လောက်ဆိုရင် တောင် အရင်းကျေတယ်။ အဲဒါတွေက KIA တွေ လုပ်နေတဲ့ ရွှေမှော်ကိုပို့တာ။ ပို့တဲ့ကားက (၂၂)ဘီးကားတွေ" ဟု သိရှိသူတစ်ဦးက ပြောသည်။
ထိုသို့တင်ပို့ရာတွင် (၁၉)ပေအရှည်ရှိ သံပိုက်များကို ကားဝမ်းအတွင်းထည့်ကာ အပေါ် တွင် ထုံးအိတ်များအပြည့် ဖုံးအုပ်၍ တစ်ပတ်လျှင် ကား(၄)စီးဖြင့် သယ်ဆောင်နေခြင်းဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။
" တစ်လမ်းလုံး အပျောက်သယ်တာ။ အဲဒါတွေက မုံရွာကနေ ရွှေမှော်ကိုသွားမှာ။ အဲဒီမှာ ရွှေမှော်ကကောင်တွေအဆင်ပြေရင် KIA ကပဲ ပိုက် ဆံရတာ။ အဲဒီရတဲ့ပိုက်ဆံနဲ့ တပ်မတော်ကို ပြန်ပြီး တိုက်မှာလေ။ အဲဒါကို တောက်လျှောက်ကိုတင်နေတာ။ တစ်ခါတင်ရင် (၄)စီးသွားတာ။ တစ်ပတ် ကိုနော်။ ဘယ်လိုသွားလဲဆိုတော့ သူ့ကားဂိတ်က မန္တလေးက (၆၈)လမ်းမှာ ဂိတ်ဖွင့်ထားတယ်။ ကုန် သည်တွေကရှိပြီးသား။ ကြားထဲမှာ PDF တွေရှိတော့ ထုံးအိတ်တွေဆိုတော့ မရှာနိုင်ဘူးလေ။ အဲဒါကို ဖုံး သွားတာ။ မန္တလေးကနေမှ မြို့သာ၊ အဲဒီကနေမှ မြင်းခြံ ပြီးရင် ပခုက္ကူ တံတားကိုဖြတ်တက်တယ်။ ပြီးရင် မြိုင်ကနေမှ ပုသိမ်-မုံရွာလမ်းမကြီးအတိုင်း မုံရွာကိုသွားတာ" ဟု ၎င်းကဆက်ပြောသည်။
သံပိုက်များတင်ပို့နေသူများအတွင်း လုံခြုံ ရေးတပ်ဖွဲ့နှင့်နီးစပ်သူများလည်းပါဝင်နေကြောင်း ၎င်းကဆိုသည်။
" ကိုယ့်ကိုပြန်ထိမယ့်အရာကိုလုပ်နေတာ။ တိုက်ရိုက်မထိပေမယ့် သွယ်ဝိုက်ထိမှာ။ မလုပ်သင့် တာကိုလုပ်နေတာ။ ကိုယ့်အမျိုးအချင်းချင်း ဒုက္ခ ရောက်မယ့်အရာကိုလုပ်နေတာ။ ကိုယ့်တိုင်းပြည် ပျက်စီးမယ့်အရာကိုတော့ မလုပ်စေချင်ဘူး" ဟု ၎င်းက ဆက်ပြောသည်။
KIA အဖွဲ့၏ ကချင်ပြည်နယ်အတွင်း ရွှေလုပ်ကွက်များကို ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာ ဘွမ်၊ တနိုင်း၊ ရှင်ဗွေယန်မြို့နယ်ခွဲ၊ မိုးညှင်းမြို့ နယ်တို့တွင် အများဆုံးရှိနေကြောင်း သိရသည်။
ထို့ပြင် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ် ကွက်များနှင့် ကချင်ပြည်နယ်မြောက်ပိုင်းဒေသများတွင်လည်း မြေရှားသတ္တုလုပ်ကွက်များကိုလည်း KIA က ထိန်းချုပ်ခြယ်လှယ်နေလျက်ရှိပြီး ဒေသခံ များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
" ကျွန်တော်နှင့် ငြိမ်းချမ်းရေးဖိုရမ်"
RELATED POSTS
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
05 Jun 2026 | မှုခင်း,ပြည်တွင်း
04 Jun 2026 | မှုခင်း,ပြည်တွင်း
