ယူကရိန်းစစ်ပွဲ၊ အမေရိကန်နဲ့ဆက်ဆံရေးတို့ကို ရုရှားနဲ့တရုတ်တို့ဆွေးနွေး
Pika (NSS) - ဇူလိုင် ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အမေရိကန်နိုင်ငံနဲ့၎င်းတို့ရဲ့ဆက်ဆံရေးတွေ၊ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီတို့ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့ပြင် ဆာဂေးလာရော့ဗ်ဟာ တရုတ်နိုင်ငံမှာကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက"ဆာဂေးလာရော့ဗ်နဲ့ဝမ်ယီတို့ဟာ အမေရိကန်နိုင်ငံနဲ့ဆက်ဆံရေး၊ယူကရိန်းပဋိပက္ခဖြေရှင်းရေး အလားအလာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ ကုလသမဂ္ဂ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အပါအဝင် နိုင်ငံတကာနယ်ပယ်မှာ ရုရှားနဲ့တရုတ်နိုင်ငံတို့ကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ကလည်း အရေးကြီးပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ရုရှားနဲ့တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆို
RELATED POSTS
20 Apr 2026 | နိုင်ငံရေး,ပြည်တွင်း
