PLAVE ရဲ့ အာရှဖျော်ဖြေရေး ဖိုင်နယ် ရှိုးပွဲ Lotte Cinema မှာ တိုက်ရိုက် ထုတ်လွှင့် ပြသမည်
ရောင်နီ (NSS) - ဇူလိုင် ၁၅
Vitual AI K pop အမျိုးသား အဖွဲ့ PLAVE ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ၎င်းတို့ရဲ့ ပထမဆုံး အာရှဖျော်ဖြေရေးခရီးစဉ် နောက်ဆုံးရှိုးကို Lotte Cinema နဲ့ တိုက်ရိုက်ထုတ်လွှင့် ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
'2025 PLAVE Asia Tour - DASH: Quantum Leap in Seoul' ကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်အထိ အိုလံပစ် ပန်းခြံ၊ KSPO DOME ရှိ Lotte Cinema မှာ ကျင်းပမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် PLAVE ဟာ KSPO DOME မှာ ပထမဆုံး ဖျော်ဖြေမယ့် virtual idol အဖွဲ့အဖြစ် သမိုင်းဝင် လာခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲဟာ ပြီးခဲ့တဲ့ နှစ်နှစ်က ပွဲဦးထွက်ခဲ့တဲ့ PLAVE ရဲ့ ပထမဆုံးသော အာရှခရီးစဉ် ဖျော်ဖြေရေး တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ဆိုးလ်မှာ ရှိုးပွဲသုံးပွဲစလုံးအတွက် လက်မှတ်အကြိုရောင်းချနေပြီး လက်မှတ်မရရှိတဲ့ ပရိသတ်တွေ အတွက်လည်း ရုပ်ရှင်ရုံမှာ တိုက်ရိုက်ကြည့်ရှုပြီး ဖျော်ဖြေပွဲကို အချိန်နဲ့တပြေးညီ ခံစားနိုင်မယ်လို့ သိရပါတယ်။ Vitual K pop idol တွေဖြစ်ပေမယ့် တကယ့် ရှိုးပွဲလို ခံစားရစေဖို့ အသံစနစ်နဲ့ မီးအလင်းရောင်စနစ်ကိုလည်း ထိန်းညှိသွားမယ်လို့ သိရပါတယ်။

Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးအတွက် မြန်မာ - ရုရှားဆွေးနွေး
RELATED POSTS
09 Apr 2026 | အနုပညာ,ပြည်တွင်း
08 Apr 2026 | အနုပညာ,ပြည်တွင်း
05 Apr 2026 | အနုပညာ,နိုင်ငံတကာ
