Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
AA ထိန်းချုပ်ရာ ရခိုင်ဒေသတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြည်သူများအခက်တွေ့


သက်ပိုင် (NSS) - ဇူလိုင်လ ၁၅ 

        ရခိုင်ပြည်နယ်မှ AA  ထိန်းချုပ်ရာဒေသ များတွင် အခြေခံစားသောက်ကုန်အပါအဝင် လူသုံး ကုန်ပစ္စည်းများအားလုံး အဆမတန်ဈေးမြင့်တက် လျက်ရှိကြောင်း ဒေသခံများက NSS သို့ ပြောသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်များ မှာ ပြည်မနှင့်နှိုင်းယှဉ်ပါက သုံးဆကျော်လေးဆခန့် အထိ မြင့်တက်လျက်ရှိကြောင်းနှင့် ထိုသို့ မြင့်တက် မှုကြောင့် ဒေသခံပြည်သူများမှာ ကျပ်တည်းမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

" ဒီမှာက အလုပ်အကိုင်တွေကလည်း ဒီလောက်ထိမရှိဘူး။ ဒီကြားထဲ ကုန်ဈေးတွေကလည်း အရမ်းကြီးလာတော့ တော်တော်ဒုက္ခရောက်ကြရ တယ်။ တခြားမပြောနဲ့ ငရုတ်သီးစိမ်းလိုဟာတောင် တစ်ဆယ်သားကို ငါးထောင်လောက်ပေးနေရတယ်။ ငွေသုံးသောင်းရှိရင်တောင် မိသားစုထမင်းဝိုင်း တစ်နပ်စာအတွက် ကောင်းကောင်းမွန်မွန် မစားရ သေးတဲ့ အခြေအနေဖြစ်နေတာ" ဟု မြေပုံမြို့နယ်မှ ဒေသခံတစ်ဦးကဆိုသည်။

AA ထိန်းချုပ်ရာဒေသများတွင် ဆန်ကြမ်း တစ်အိတ်လျှင် ငွေကျပ်(၂၀ဝဝဝ၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၃၀ဝဝဝ)ကျပ်မှ (၃၅၀ဝဝ) ကျပ် အကြား၊ ငရုတ်သီးစိမ်း တစ်ပိသာလျှင် (၅၀ဝဝဝ) ကျပ်မှ (၆၀ဝဝဝ)ကျပ်အကြား၊ ကြက်သွန်နီ တစ် ပိဿာလျှင် (၂၅၀ဝဝ) နှင့် (၃၀ဝဝဝ) ကျပ်အကြား၊ ကြက်ဥတစ်လုံးလျှင် (၁၅၀ဝ)ကျပ်၊ ခေါက်ဆွဲ ခြောက်တစ်ထုပ်လျှင် (၅၀ဝဝ)ကျပ်နှင့် ဆရာခို လိမ်းဆေး တစ်ဘူးလျှင် ငွေကျပ် (၅ဝဝဝ)အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အနေဖြင့် ယခင်က ကုန် စည်စီးဆင်းရေးအတွက် ပြည်မကို (၉၈) ရာခိုင်နှုန်း အထိ မှီခိုနေခဲ့ရခြင်းဖြစ်သည့်အတွက် AA ထိန်းချုပ်ပြီးနောက်ပိုင်းတွင် ကုန်စည်စီးဆင်းမှုပြတ် တောက်ကာ အဆမတန်ဈေးနှုန်းမြင့်တက်လာ ရခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

" လက်ရှိမှာ အဲဒီဘက်က ကုန်သည်တွေ က မီဇိုရမ်ဘက်ကနေပြီး ကုန်တွေကို သယ်ကြတယ် လို့ သိရတယ်။ နောက်ပြီးတော့ အိန္ဒိယတို့ ဘင်္ဂလား ဒေ့ရှ်တို့ဘက်ကလည်း ရသလောက်သယ်ပြီး ပြန် ရောင်းနေကြတယ်လို့ သိရတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်က တရားဝင်သယ်လို့မရတော့ အခု မီဇိုရမ်ဘက် ကို အားကိုးနေရတယ်ကြားတာပဲ။ ဒီတော့ ကုန်ကျ စရိတ်တွေများပြီး ကုန်တွေကလည်း ဈေးတက်မှာ အသေအချာပဲ" ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ထို့ပြင် AA ထိန်းချုပ်ထားသည့် အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မအီနှင့် သံတွဲမြို့နယ်များတွင် အခြေခံစားသောက်ကုန်များရှားပါးနေပြီး ဒေသခံ များမှာ စားဝတ်နေရေးအတွက် ပြင်ပအလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်စားသောက်နေကြရကြောင်း ဒေသခံများထံမှသိရသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PLAVE ရဲ့ အာရှဖျော်ဖြေရေး ဖိုင်နယ် ရှိုးပွဲ Lotte Cinema မှာ တိုက်ရိုက် ထုတ်လွှင့် ပြသမည်

RECENT POSTS
ကိုယ်ပိုင်လေယာဉ်ကို ကိုယ်တိုင်မောင်းနှင်ပြီး လေတပ်ကို ထိုင်းဝန်ကြီးချုပ်စစ်ဆေး
14 Aug 2026
ဟာဝိုင်အီပြည်နယ်ကို အရေးပေါ်အခြေနေကြေညာ
14 Aug 2026
ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် "နယ်မြေပိုင်းခြားမှုအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်နေ့" အခမ်းအနား ကျင်းပ
14 Aug 2026
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လုံခြုံရေးအတွက် CCTV ကင်မရာ အလုံး ၂၅၀ ထပ်မံတပ်ဆင်မည်
14 Aug 2026
လာမည့် (စက်တင်ဘာ ၁ရက်)မှစ၍ YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံသွားမည်
14 Aug 2026
ယနေ့ သြဂုတ်လ(၁၄)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
14 Aug 2026
ဆောင်းရာသီကိုဖြတ်သန်းဖို့ အမေရိကန်ရဲ့ပက်ထရီယော့ဒုံးကျည်(၅)ရာခိုင်နှုန်းကို လိုအပ်တယ်လို့ ယူကရိန်းပြော
14 Aug 2026
အမေရိကန်နဲ့တောင်ကိုရီးယားတို့က အရင်ကထက်ပိုပြီးရန်လိုလာနေတယ်လို့ မြောက်ကိုရီးယားဝေဖန်ပြစ်တင်
14 Aug 2026
လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိ
14 Aug 2026
ပလုံကောက်စဉ် ပြတ်ကျနေသည့် ဓါတ်ကြိုးအား ဆွဲမိ၍ အမျိုးသား(၁)ဦး ဓါတ်လိုက်သေဆုံး
14 Aug 2026
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်သူ (၁၄၀၀)ကျော်ပညာသင်ယူနေသော ညောင်ဦးမြို့နယ်ရှိ အခြေခံပညာ ကျောင်း(၈) ကျောင်းယာယီပိတ်ထားရ
14 Aug 2026
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မနက်ဖြန်ယာယီဓာတ်အားပြတ်တောက်မည်
14 Aug 2026
ရန်ကုန်တိုင်းအတွင်းက ဗဟိုအဆင့်ဆေးရုံကြီး (၁၈) ရုံ နှင့် ဆေးရုံ (၆၅) ရုံတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အတွက် သင်တန်းပေးကာ ဆေးဝါးစုထား
14 Aug 2026
အမရပူရမြို့နယ်တွင် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုများသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ ကြာမြင့်နိုင်ဟုဆို
14 Aug 2026
ပခုက္ကူ အပါအဝင် မြစ်ကမ်းနားမြို့ (၈) မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားရန် မိုးဇလထုတ်ပြန်
14 Aug 2026
MSME လုပ်ငန်းရှင်များ အာမခံပစ္စည်းများ တင်ပြခြင်းအပြင် ချေးငွေအာမခံ CGI စနစ်ဖြင့် ကျပ်သန်း (၅၀) အထိ ချေးငွေလျှောက်ထားနိုင်
14 Aug 2026
(၂၇) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်ပြိုင်ပွဲများထက် အရည်အသွေးရှိစွာ ကျင်းပရန် ရည်မှန်းထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးပြော
14 Aug 2026
ရန်ကုန် Downtown အချို့မှာ လမ်းဘေးဆိုင် ယာယီပိတ်ခြင်း ၁၉ လမ်း ယာယီပိတ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ သတင်း၊ မြန်မာအမျိုးသမီး အသင်းအတွက် အသစ်ခန့်တဲ့နည်းပြ ဘာတွေ လုပ်ပြနိုင်လဲ၊ ဂန့်ဂေါဒေသမှာ PDF အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွါး၊ နိုင်ငံ့သစ္စာဖောက် ကျော်စွာမင်း နေအိမ်နယ်ကျော်မှုနဲ့ တရားစွဲခံရ (၁၃.၈.၂၀၂၆)
13 Aug 2026
ယနေ့ သြဂုတ်လ(၁၃)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
13 Aug 2026
ရုရှားသမ္မတ၏ခရီးစဥ်ကို ဂျပန်ဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြ
13 Aug 2026
FOLLOW US

Copyright © News Services Station | All Right Reserved