ဂျာမနီနိုင်ငံရှိ ဘာဗာရီယာ ဒဏ္ဍာရီဘုံနန်းတော် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်
ရောင်နီ (NSS) - ဇူလိုင် ၁၄
ဘာဗာရီယာဒဏ္ဍာရီပုံပြင် တော်ဝင်ရဲတိုက် နို့ချ်ဗန်စတိုင်း ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ဝင်ရောက်ခဲ့ပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၁၂ ရက်မှာ ပြောကြားပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီက ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ပြုလုပ်တဲ့ ၄၇ ကြိမ်မြောက်အစည်းအဝေး အတွင်း King Ludwig II ရဲ့ ၁၉ ရာစု နန်းတော် နို့ချ်ဗန်စတိုင်းရဲ့ဗိသုကာနဲ့ ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ နို့ချ်ဗန်စတိုင်း နန်းတော်ကို ၁၈၆၉ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပေမယ့် ပရောဂျက် မပြီးမြောက်ခဲ့ပါဘူး။ ၁၈၈၆ ခုနှစ်၊ ဘာဗာရီယန်ဘုရင် ကွယ်လွန်တဲ့အချိန်မှာ တည်ဆောက်မှု ရပ်တန့်ခဲ့ပါတယ်။

ရဲတိုက်ဟာ ယခုအချိန်မှာတော့ ဂျာမနီရဲ့ အကျော်ကြားဆုံး ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်နေပြီး တစ်နှစ်ကို ဧည့်သည် ၁.၄ သန်းခန့် လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဘာဗာရီယန်ပြည်နယ် ၀န်ကြီးချုပ် မက်ခ်က်ဆိုဒါက ဘာဗာရီယာရဲ့အထင်ကရနေရာကို ကမ္ဘာတစ်ဝှမ်း အမှတ်အသားပြုခြင်းအဖြစ် ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်း၊ ပြည်နယ် (၅) ခုမှ (၂)ရက်အတွင်း (၂)ဘီလျံကျော် တရားမဝင်ပစ္စည်းများ ဖမ်းမိ
RELATED POSTS
04 Jun 2026 | အထွေထွေ,ပြည်တွင်း
03 Jun 2026 | အထွေထွေ,ပြည်တွင်း
