ရွှေ့ပြောင်းအခြေချမှု တိုးလာခြင်းကြောင့် ဥရောပမှာ လူဦးရေ ၄၅၀.၄ သန်းထိ စံချိန်တင်ရောက်ရှိ
ရောင်နီ (NSS) - ဇူလိုင် ၁၃
ဥရောပသမဂ္ဂမှာ ရွှေ့ပြောင်းနေထိုင်အခြေချသူ များပြားလာတာကြောင့် ၂၀၂၄ ခုနှစ်မှာ လူဦးရေ ၄၅၀.၄ သန်းအထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ဥရောပမှာ လေးနှစ်ဆက်တိုက်ကြုံတွေ့နေရတဲ့ လူဦးရေ ကျဆင်းမှု ရပ်တန့်နိုင်ခဲ့တယ်လို့ ဇူလိုင် ၁၁ ရက်က ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။
အီးယူမှာ ၂၀၁၂ ခုနှစ်မှစ နှစ်စဉ်တိုင်းဟာ မွေးဖွားနှုန်းထက် သေဆုံးနှုန်း ပိုများလာတာ မှတ်တမ်းတင်ခဲ့ပါ တယ်။ ဒါဟာ ဥရောပရဲ့လူဦးရေဆိုင်ရာစိန်ခေါ်မှုကို မီးမောင်းထိုးပြခဲ့ပြီး သက်ကြီးရွယ်အိုဦးရေ တိုးပွားမှု၊ သားဖွားနှုန်း နိမ့်ပါးမှုနဲ့ လုပ်သားရှားပါးမှုကို ဖြစ်စေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ ၂.၃ သန်း အပါအဝင် အသားတင် လူဦးရေ ၁.၀၇ သန်း ထပ်တိုးကာ လူဦးရေ စုစုပေါင်း ၄၅၀.၄ သန်း(စုစုပေါင်း လူဦးရေမှ သေဆုံးသူ ၄.၈၂ သန်း နှုတ်ထားပြီး)ထိ စံချိန်တင် ရောက်ရှိခဲ့ တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ အီးယူရဲ့ လူဦးရေဟာ ၁၉၆၀ ခုနှစ်က ၃၅၄.၅ သန်းထိ ရှိခဲ့ပေမယ့် ၂၀၀၅ -၂၀၂၄ ထိ ကာလအတွင်း တစ်နှစ်ကို ၃ သန်းမှ ဝ.၉ သန်းအထိ လူဦးရေ တိုးတက်နှုန်း သိသိသာသာ လျော့နည်းသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂျာမနီ၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ ဥရောပသမဂ္ဂ စုစုပေါင်းလူဦးရေ ထက်ဝက်နီးပါးရဲ့ ၄၇ ရာခိုင်နှုန်း ရှိနေပြီး လူဦးရေအများဆုံးနိုင်ငံတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ခန်းဈေးတက်ခြင်းကြောင့် ကန်ထရိုက်တာအချို့အနေဖြင့် အရောင်းပိတ်ကာ စောင့်ကြည့်နေ
RELATED POSTS
11 Aug 2026 | အထွေထွေ,နိုင်ငံတကာ
11 Aug 2026 | အထွေထွေ,ပြည်တွင်း
11 Aug 2026 | အထွေထွေ,ပြည်တွင်း
11 Aug 2026 | အထွေထွေ,ပြည်တွင်း
