အိန္ဒိယမှာ ရထားလမ်းပေါ် မီးဖွားနေတဲ့ဆင်တစ်ကောင်ကြောင့် ရထားတစ်စီး အချိန် ၂ နာရီ ခန့် ရပ်နား စောင့်ဆိုင်း ပေးရ
ရောင်နီ (NSS) - ဇူလိုင် ၁၃
အိန္ဒိယနိုင်ငံမှာ ရထားလမ်းပေါ် မီးဖွားနေတဲ့ဆင်တစ်ကောင်ကြောင့် ရထားခရီးစဉ် ခဏရပ်နားလိုက်ရပါတယ်။
သဘာဝပတ်ဝန်းကျင်၊ သစ်တောနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး မစ္စတာဘူပန်ဒါရာဒေ့ဗ် ရဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ ဇူလိုင် ၉ ရက်က တင်ထားတဲ့ ဗီဒီယိုတစ်ခုအရ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန် ပြည်နယ်ရှိ မီးရထားလမ်းဘေးကို ဆင်တစ်ကောင် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဒီအကြောင်းကို ဖြစ်ရပ် ဖြစ်ပွားရာနေရာအနီး ဘူတာနှစ်ခုကြားရှိ ရထားလမ်းတစ်လျှောက်ဖြတ်သန်းသွားလာနေတဲ့ ရထားအားလုံးကို သစ်တောအရာရှိက သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ကျောက်မီးသွေး သယ်ဆောင်လာတဲ့ ရထားတစ်စီးဟာ ဆင်ကြီးမီးဖွားပြီးတဲ့အထိ အချိန် နှစ်နာရီခန့် ရထားလမ်းပေါ် ရပ်နားပေးလိုက်ရတယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ ဆင်မကြီးဟာ ကျန်းမာတဲ့ ဆင်ပေါက်လေးကို မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော ကလေးပါ မီးရထားလမ်းမှ ဘေးကင်းလုံခြုံစွာ တောထဲပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီး မစ္စတာ ဘူပန်ဒါရာဒေ့ဗ် တင်ထားတဲ့ ဗီဒီယိုဟာ ကြည့်ရှုသူ ၅၀,၀၀၀ ကျော် ရှိခဲ့ပြီး "ရထားကို အချိန်မီရပ်ပြီး မိခင်ရော ကလေးကိုပါ ကယ်တင်ခဲ့တဲ့ ရထားမောင်းသူကို အလေးပြုပါတယ်” ဆိုတဲ့ မှတ်ချက်တွေလည်း မြင်တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝှမ်း မီးရထားသံလမ်းတလျှောက်မှာ တောရိုင်းတိရစ္ဆာန်တွေ ရထားလမ်းကို ဖြတ်လျှာက်လို့ ရထား ခရီးစဉ်နှောင့်နှေးရတဲ့ ဖြစ်ရပ် ၁၁၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂိတ်ကြေးကောက်စားနေသော ဗိုလ်လင်းမြွေ ဆိုသူ ဦးဆောင်သည့် PDF အဖွဲ့ က ကျောက်စိမ်းများကို ဓားပြတိုက်
RELATED POSTS
02 Feb 2026 | အထွေထွေ,ပြည်တွင်း
02 Feb 2026 | အထွေထွေ,ပြည်တွင်း
02 Feb 2026 | အထွေထွေ,ပြည်တွင်း
01 Feb 2026 | အထွေထွေ,ပြည်တွင်း
