ဒလတံတားသစ် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်
ဒလတံတားသစ် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်
စော (NSS) - ဇူလိုင် ၁၃
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားသည် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကို တန်ချိန် (၁၅၀၀၀) ရှိသည့် ပင်လယ်ကူးသင်္ဘောကြီး များနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ်အမြင့် ပေ (၁၆၀) နှင့် အကျယ် (၉၉၈) ပေထားရှိပြီး ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ တွက်ချက်တည်ဆောက်ထားကြောင်း ထုတ်ပြန်ထားသည်။
ယင်းတံတားသည် မကြာမီကာလအတွင်း တည်ဆောက်ပြီးစီးမည်ဖြစ်၍ တံတားကြီးပြီးစီးပါက ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဒလတံတားသစ် တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့ (ဇူလိုင် ၁၂ ရက်) က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တံတား တည်ဆောက်ရေးစီမံကိန်းသည် ပြည်သူများသွားလာရေးအဆင်ပြေစေရန် အကျိုးပြုသည့်လုပ်ငန်းဖြစ်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရေလယ်တာဝါတိုင် လုပ်ငန်းများနှင့် ရေလယ်ပင်မတံတားချိတ်ဆက်ခြင်း Segment များ တပ်ဆင် ဆောင်ရွက်ရာတွင် ရေလမ်းကြောင်းမှ သွားလာနေသော ရေယာဉ်များအန္တရာယ်မရှိစေရေး သက်ဆိုင်ရာဌာန များနှင့်ပေါင်းစပ်ဆောင်ရွက်ရန်၊ တံတားနှင့် ချဉ်းကပ်လမ်းများ၌ လမ်းညွှန်နှင့် လမ်းအမှတ်အသားများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့်သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည် ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံး ဒီဇင်ဘာလကုန်တွင် ပြီးစီး နိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြီးခဲ့သည့် (ဇွန် ၁၇ ရက်)တွင် ပြောကြားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
RELATED POSTS
02 Feb 2026 | အထွေထွေ,ပြည်တွင်း
02 Feb 2026 | အထွေထွေ,ပြည်တွင်း
02 Feb 2026 | အထွေထွေ,ပြည်တွင်း
01 Feb 2026 | အထွေထွေ,ပြည်တွင်း
