လက်ဝှေ့သမားဟောင်း ထွန်းလွင်မိုးဦးစီးသော မြန်မာ့ရိုးရာလက်ဝှေ့ကလပ် မကြာမီဖွင့်လှစ်တော့မည်
သန့်ဇင်(NSS)-ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇင်္ဂမလမ်း၌ မြန်မာ့လက်ဝှေ့သမားဟောင်း ထွန်းလွင်မိုးဦးစီးသော မြန်မာ့ရိုးရာလက်ဝှေ့ကလပ်ကို လာမည့် ဇူလိုင်လ (၁၃) ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာလက်ဝှေ့ကလပ်အမည်ကို “တော်ဝင်ဧရာ”ဟုအမည်ပေးထားပြီး မြန်မာ့ရိုးရာလက်ဝှေ့အား ဝါသနာပါသော်လည်း အခက်အခဲ များစွာရှိနေသည့် မျိုးဆက်သစ်ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က နယ်ကလာထိုးတဲ့ကလေးတွေကို ပံ့ပိုးချင်တယ်။ ကိုယ်တိုင်ကလည်း အဲလောက်ထိအဆင်ပြေတာမဟုတ်တော့ ရန်ကုန်က အစ်ကိုတစ်ယောက်နဲ့တိုင်ပင်ပြီးတော့ ရန်ကုန်မှာ ကလပ်လေးတစ်ခုဖွင့်တယ်။ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့က Manberကြေး ကို စီးပွားရေးသပ်သပ်မဟုတ်ပဲနဲ့ ကျွန်တော်တို့ ဝါသနာပါပြီးတော့ ဒီလက်ဝှေ့ကိုလုပ်ချင်ပါလျက်နဲ့ မိသားစုအခက်အခဲရှိတယ် ဒါမှမဟုတ် လေ့ကျင်ချင်ပါလျက်နဲ့ မပံ့ပိုးနိုင်တဲ့ကလေးတွေအများကြီးရှိတယ်။ အဲဒီက ကလေးတွေကို ကူညီပေးချင်တာပေါ့”ဟု လက်ဝှေ့သမားဟောင်း ထွန်းလွင်မိုးက ပြောသည်။
အဆိုပါ လက်ဝှေ့ကလပ်တွင် မြန်မာ့ရိုးရာလက်ဝှေ့၊ မွေထိုင်းလက်ဝှေ့နှင့် Boxingပညာနည်းစနစ်များကိုလည်း စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရိုးရာလက်ဝှေနှင့် အနာဂတ်ရည်မှန်းချက်ရှင်သန်လိုသူများအား နည်းစနစ်သေချာစွာဖြင့် သင်ကြားပေး သွားမည်ဖြစ်ကြောင်းလည်း ထွန်းလွင်မိုးက ဆိုသည်။
“မြန်မာနိုင်ငံမှာက လက်ဝှေ့က နည်းစနစ်မရှိပါဘူးဆိုတဲ့လူတွေလည်းအများကြီးရှိတယ်လေ။ လက်ဝှေ့မှာ နည်းစနစ်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော်တို့ တတ်စွမ်းသလောက်ပေါ့နော်။ ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်သင်ပေးချင်တာပေါ့။ အဲဒါကိုမှ ကျန်းမာရေးပဲဖြစ်ဖြစ်၊ ခန္ဒာကိုယ်ကြံ့ခိုင်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လို့အကြောင်းပဲဆော့ဆော့ လက်ဝှေ့နည်းစနစ်တွေကို သိနားလည်နေရမယ်ပေါ့နော်။ အဲဒါပါပဲ”ဟု ထွန်းလွင်မိုးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာတာကို ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
27 May 2026 | အားကစား,ပြည်တွင်း
24 May 2026 | အားကစား,နိုင်ငံတကာ
21 May 2026 | အားကစား,ပြည်တွင်း
20 May 2026 | အားကစား,ပြည်တွင်း
