အာရှအမျိုးသမီးဖလား ခြေစစ်ပွဲတွင်ဘင်္ဂလားဒေ့ရှ်ကို မြန်မာရှုံးနိမ့်
သက်ပိုင်(NSS) – ဇူလိုင် ၂
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးတွင် လက်ခံကျင်းပနေသော အာရှအမျိုးသမီးဖလား ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းအား (1-2) ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။
အဆိုပါ အာရှခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ တာ့မင်နစ္စတန်အသင်းများနှင့်အတူ ခြေစစ်ပွဲ အုပ်စု C တွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။
အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက (8-0)ဟူသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံးအသင်းကလည်း ဘာရိန်းကို (7-0) ဟူသော ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အာရှခြေစစ်ပွဲသို့ အုပ်စုတစ်ခုချင်းမှ ပထမရသော အသင်းများသာ တက်ရောက်ခွင့်ရမည်ဖြစ်သော ကြောင့် တောင်အာရှ၏ လက်ရှိချန်ပီယံ ဘင်္ဂလားဒေ့ရှ်အမျိုးသမီး ဘောလုံးအသင်းထံ ရှုံးနိမ့်ခဲ့သော မြန်မာအသင်းအနေဖြင့် အာရှခြေစစ်ပွဲနှင့် လွဲချော်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ (၂) ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
RELATED POSTS
10 Apr 2026 | အားကစား,နိုင်ငံတကာ
05 Apr 2026 | အားကစား,နိုင်ငံတကာ
04 Apr 2026 | အားကစား,ပြည်တွင်း
