ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ

NSS - ဧပြီ ၂၃
ရန်ကုန်မြို့နေပြည်သူများအတွက် မြစ်ချောင်းများ ရေသယံဇာတ ညစ်ညမ်းမှုမဖြစ်စေရေး ရေဆိုးသန့်စင်စက်ရုံများဖြင့် ရေဆိုးများကို သန့်စင်စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ သိရသည်။
YCDC အနေဖြင့် မြို့တော်နေပြည်သူများကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ရေး၊ ရေထု၊ လေထု၊မြေထုညစ်ညမ်းမှု မရှိစေရေး နှင့် ရေဆိုးစွန့်ပစ်သည့် မိလ္လာကန်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရေဆိုးစွန့်ပစ်မှုစနစ်ကို စီမံခန့်ခွဲမည့် အောင်ဇေယျရေဆိုးသန့်စင်စက်ရုံကို အင်းစိန်မြို့နယ်တွင် ထပ်မံတိုးချဲ့တည်ဆောက်ထားကြောင်း သိရသည်။
အဆိုပါ ရေဆိုးသန့်စင်စက်ရုံကို အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအနီး လှိုင်မြစ်ကမ်းနှင့် ကပ်လျက်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ နှင့် ရွှေပြည်သာ စသည့် မြို့နယ်များမှ ထွက်ရှိသည့် မိလ္လာရေဆိုးများကို ခေတ်မီနည်းစနစ်များဖြင့် နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ သန့်စင်ပြီး ရေကြည်များကို မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်းဖြင့် ရေသယံဇာတအရင်းအမြစ်များ ညစ်ညမ်းမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇေယျရေဆိုးသန့်စင်စက်ရုံသည် အဆင့်မြင့်စွမ်းရည်ပြည့် ဆောင်ရွက်နိုင်ရန်အတွက် လွန်ခဲ့သည့် နှစ်၂၀ ကျော်တွင် တည်ဆောက်ခဲ့သည့် သန်လျက်စွန်းရေဆိုးသန့်စင်စက်ရုံမှ အားနည်းချက်များကိုဖယ်ရှား၍ အားသာချက်များကို တုပနမူနာပြုကာ တည်ဆောက်ထားသည့် ခေတ်မီစက်ရုံတစ်ရုံဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အောင်ဇေယျ ရေဆိုးသန့်စင်စက်ရုံမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ရေဆိုးပမာဏ 100m3 ကို သန့်စင်ပေးနိုင်ခဲ့ပြီး နေ့စဉ်ရေပုတ်စုပ်ယာဉ် (၁၄)စီးခန့်ဖြင့် လက်ခံသန့်စင်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အောင်ဇေယျရေ ဆိုးသန့်စင်စက်ရုံကို တိုးချဲ့တည်ဆောက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေပေးဝေရေးလုပ်ငန်းများစနစ်တကျအောင်မြင်စေရေး၊ မြို့ပြရေလွှမ်းမိုးမှုထိန်းချုပ်နိုင်ရေး၊ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများကိုစီမံခန့်ခွဲစွန့်ပစ်နိုင်ရေးအပြင် မိလ္လာပြွန်၊ မိလ္လာကန်၊ ရေလောင်းအိမ်သာ၊ ယင်လုံအိမ်သာ၊ သမားရိုးကျအိမ်သာစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြစီမံကိန်းများတိုးတက်အောင်မြင်ရေးတို့အတွက် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်းဇုန်စနစ်များကိုလည်း ဆက်လက်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုအပြင် ၂၀၀၃ ခုနှစ်တွင် ဗိုလ်တစ်ထောင်မြို့နယ်၌ တည်ဆောက်ခဲ့သည့် သန်လျက်စွန်းစက်ရုံသည်လည်း လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့် နှင့် ဒဂုံမြို့နယ်တစ် စိတ်တစ်ပိုင်းအတွက် ရေဆိုးများကို သန့်စင်ဆောင်ရွက်ပေးလျက်ရှိသလို နေ့စဉ် လူဦးရေ ၂၄၀၀၀၀ မှစွန့်ပစ်သည့် ရေဆိုးဂါလန် ၃ ဒသမ ၂၅ သန်းကို သန့်စင်စွန့်ပစ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
RELATED POSTS
18 May 2025 | စီးပွားရေး,ပြည်တွင်း
17 May 2025 | စီးပွားရေး,ပြည်တွင်း
17 May 2025 | စီးပွားရေး