တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ

သန့်ဇင်(NSS)-ဧပြီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ တပ်မတော်မှအင်အား (၂၀၀၀)ကျော် လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူပြီဖြစ်ကြောင်း ကနဦးသိရသည်။
တပ်မတော်က ယနေ့(ဧပြီ ၂၂ရက်)နံနက် ၁၀နာရီဝန်းကျင်အခန့်က လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့အတွင်းဝင်ရောက်ရာတွင် တပ်မတော်မှလက်ရုံးတပ်အားလုံးမှ သံချပ်ကာ၊ အမြောက်၊ ဆေးနှင့်ဆက်သွယ်ရေး၊ စစ်အင်ဂျင်နီယာ တပ်များ နှင့် တိုက်ခိုက်ရေးတပ်များအပါအဝင် အင်အား(၂၅၀၀)တို့က ကားအစီးရေ(၇၀)ခန့်ဖြင့် တိုင်းစစ်ဌာနချုပ်နှင့် ရပ်ကွက်ရုံးများတွင် လုံခြုံရေးအဖြစ် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြင် လားရှိုးမြို့မှနေရပ်စွန့်ခွာခဲ့သည့် ပြည်သူအများအပြားသည်လည်း မြို့အတွင်းပြန်လည်ဝင်ရောက်လာနေလျက်ရှိပြီး တပ်မတော် ယာဉ်တန်းများကိုလည်း ဒေသခံများက ကြိုဆိုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ညှိနှိင်းပေးမှုကြောင့် MNDAA လက်နက်ကိုင်အဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို ယမန်နေ့(ဧပြီ ၂၁ရက်) နောက်ဆုံး ထားကာ ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးနောက် ယနေ့တွင် တပ်မတော်ယာဉ်တန်းက မိုင်းရယ်မှ လားရှိုးမြို့အတွင်း ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
RELATED POSTS
20 May 2025 | နိုင်ငံရေး,ပြည်တွင်း
20 May 2025 | နိုင်ငံရေး,နိုင်ငံတကာ