Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
Max ဘိလပ်မြေစက်ရုံမှ တိုက်ရိုက်မှာယူနေသောကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးရန် ဝန်ခံကတိ လက်မှတ်ရေးထိုးပြီးမှ ဖြန့်ချိပေးခြင်းဖြစ်ကြောင်း ယနေ့(ဧပြီလ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
Max ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်ထားသောဘိလပ်မြေများကို ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သော ဝန်ကြီးဌာနများကို ဦးစားပေးဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အများပြည်သူများနှင့်သက်ဆိုင်သော အဆောက်အအုံများ ပြုပြင်ရန်အတွက် ဝယ်ယူပါက တစ်အိတ်လျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ရောင်းချပေးနေကြောင်း ဖော်ပြချက်တွင် ပါရှိသည်။
ထို့ပြင် ငလျင်ဘေးဒဏ်သင့်ပြည်သူများအနေဖြင့် ဝယ်ယူလိုပါက ၎င်းတို့ထံတိုက်ရိုက်မှာယူ၍ ဝယ်ယူနိုင်ပြီး အများပြည်သူများကို သယ်ယူစရိတ်မပါ စက်ရုံအထိုင်ဈေး တစ်အိတ်လျှင် ငွေကျပ် (၂၃,၀၀၀)ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
ပြင်ပဈေးကွက်တွင် စက်ရုံမှသတ်မှတ်ပေးထားသော ဈေးနှုန်းထက် အဆမတန်ဈေးတင်ပြီး ရောင်းချမှုများ မရှိစေရန် စက်ရုံမှ တိုက်ရိုက်မှာယူနေသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချပေးရန် ဝန်ခံကတိလက်မှတ်ရေးထိုးပြီးမှ ဖြန့်ချိပေးနေခြင်းဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံမှ နေ့စဉ်ထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများကို သိုလှောင်ထားခြင်း မရှိဘဲ အမှန်တကယ်လိုအပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းခွင်များနှင့် သုံးစွဲသူများ လက်ဝယ်သို့ ဖြန့်ခွဲရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
RELATED POSTS
02 Feb 2026 | အထွေထွေ,ပြည်တွင်း
02 Feb 2026 | အထွေထွေ,ပြည်တွင်း
02 Feb 2026 | အထွေထွေ,ပြည်တွင်း
01 Feb 2026 | အထွေထွေ,ပြည်တွင်း
