ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
ယွန်း (NSS)- မတ် ၁၉
ရုရှား-မြန်မာ နှစ်နိုင်ငံရေးထိုးမည့်အလုပ်သမား စေလွှတ်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ၌ မြန်မာ တွင် ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်ကြောင်း အလုပ်သမားပို့ဆောင်ရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူက NP News မှတစ်ဆင့် အကြံပြုပြောထားသည်။
ယခုမတ်လ၌ မြန်မာလုပ်သား(၅၀)ကျော်ကို ရု ရှားနိုင်ငံသို့ ပထမဆုံးအကြိမ်စေလွှတ်ရန် စီစဉ်ထား ရာ ၎င်းတို့အနက်မှ လုပ်သား(၂၄)ဦးကို ပြီးခဲ့သည့် မတ်လ(၅)ရက်တွင် ရုရှားနိုင်ငံသို့ စေလွှတ်ခဲ့ပြီးဖြစ် သည်။
ရုရှားနိုင်ငံ၏လုပ်သားလိုအပ်ချက်ကြောင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် Pilot Project အနေဖြင့် မြန်မာလုပ်သား(၅၀ဝ)နီးပါးကို ရုရှားနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ MOU ကိုလည်း ရေးထိုးရန် စီစဉ်နေကြောင်းသိရသည်။ ထိုသို့စေ လွှတ်ရာတွင် အဆင်ပြေနိုင်ရေးအတွက် မြန်မာ နိုင်ငံ တွင် ရုရှားဘာသာစကားကျွမ်းကျင်မှုစစ်ဆေးသည့် စာစစ်ဌာနထားရှိနိုင်ရေးကိစ္စကိုလည်း MOU ၌ ထည့်သွင်းနိုင်ရေးကို အဆိုပါအေဂျင်စီက အသိပေးပြောကြားထားသည်။ " မြန်မာနိုင်ငံမှာ ရုရှားဘာသာ စကားကျွမ်းကျင်မှုစစ်ဆေးသည့် စာစစ်ဌာနထားရှိ နိုင်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေးရာ မှာ နှစ်နိုင်ငံအကြား ရေးထိုးမယ့်အလုပ်သမားစေလွှတ် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)မှာ ထည့် သွင်းရေးထိုးနိုင်မှသာ ရုရှားဘာသာစကားကျွမ်းကျင် မှုစစ်ဆေးသည့်စာစစ်ဌာနကို မြန်မာနိုင်ငံမှာ လာ ရောက်ဖွင့်လှစ်ခွင့်ရှိကြောင်း သိရတာကြောင့် အလုပ် သမားဝန်ကြီးဌာနအနေနဲ့ MOU ရေးထိုးနိုင်ရေး ဆောင်ရွက်ရာမှာ အဆိုပါအချက်ကို ထည့်သွင်းဆွေးနွေးဖို့လိုပါတယ်"ဟု အထက်ပါအေဂျင်စီက NP News ကို ပြောသည်။
ရုရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများအနေဖြင့် အသက်ကန့်သတ် ချက်များရှိမည်ဖြစ်ပြီး လုပ်ခလစာများအနေဖြင့် ကျွမ်း ကျင်မှုပေါ်မူတည်၍ အနည်းဆုံးဒေါ်လာ(၇၀ဝ)မှ ဒေါ်လာ(၂၀ဝဝ)အထိရရှိမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌ တရားမဝင် အွန်လိုင်းဂိမ်းများ ခေတ်စားနေပြီး နိုင်ငံတော်နစ်နာနေ
RELATED POSTS
22 Apr 2025 | အထွေထွေ,ပြည်တွင်း
08 Apr 2025 | အထွေထွေ,ပြည်တွင်း
02 Apr 2025 | အထွေထွေ,နိုင်ငံတကာ