ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း

ဂျန်ဇက် (NSS)- မတ် ၁၉
ဘီလာရုစ်သမ္မတ လူကာရှန်ကိုဟာ မတ် လ(၁၀)ရက်မှာ အလက်ဇန်ဒါတာချင်ကို ဘီလာရုစ် နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အလက်ဇန်ဒါတာချင်ဟာ (၁၉၁၈) ခုနှစ်နောက်ပိုင်းကတည်းက လွတ်လပ်ရေးရရှိခဲ့တဲ့ ဘီလာရုစ်နိုင်ငံမှာ (၁၉၉၁)ခုနှစ်နောက်ပိုင်း (၁၀)ဦး မြောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတာဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်အဖြစ် ရိုမန်ဂိုလောဗ့်ချန်ကို နေရာမှာအစားထိုးဖို့ သမ္မတလူကာရှန်ကိုဟာ အလန် ဇန်ဒါတာချင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာမျိုး ဖြစ်ပါတယ်။ ဘီလာရုစ်သမ္မတလူကာရှန်ကို အစိုးရအဖွဲ့မှာ မျိုးဆက်သစ်တွေနဲ့အစားထိုးပြီး အပြောင်းအလဲလုပ်ဖို့ ဝန်ကြီးချုပ်နေရာကိုအစားထိုးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဘီလာရုစ်နိုင်ငံမင့်စ်ဒေသ အုပ်ချုပ်ရေး ကော်မတီအကြီးအကဲအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ အလက်ဇန်ဒါတာချင်ဟာ ဘီလာရုစ်နိုင်ငံ အစိုးရအဖွဲ့ အစည်းတွေမှာ အဓိကနေရာတွေကို တာဝန်ယူခဲ့ဖူးသူ ဖြစ်ရာ အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ (၁၉၇၅)ခုနှစ် ဇူလိုင်လ(၂)ရက်မှာ မွေး ဖွားခဲ့တဲ့ အလက်ဇန်ဒါတာချင်ဟာ ဘီလာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး (၂၀၁၈)ခုနှစ်ကနေ (၂၀၁၉)ခုနှစ်အထိ တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံဟာ လက်ရှိအချိန်မှာ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေအပြင် ပိတ်ဆို့မှုတွေကိုရင်ဆိုင် နေရတဲ့အတွက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ဘီလာရုစ်နိုင်ငံကို တော်လှန်ရေးမရှိဘဲတဖြည်း ဖြည်းပြုပြင်ပြောင်းလဲမှုတွေကို ချဉ်းကပ်လုပ်ဆောင် ရမယ်လို့ ဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခံရတဲ့ တာချင်ကပြောပါတယ်။ ဘီလာရုစ်နိုင်ငံ ဟာ လက်ရှိအချိန်မှာ အမေရိကန်ဦးဆောင်တဲ့အ နောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်မှုမရှိ ပေမယ့် ရုရှားနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည် ဆောက်ထားနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အနောက်အုပ်စု နိုင်ငံတွေဟာ ဘီလာရုစ်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှု တွေကိုလည်းချမှတ်ထားသလို အစိုးရအဖွဲ့တာဝန်ရှိ သူတွေကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ထားရာ ဝန်ကြီးချုပ်အသစ်အဖြစ်တာဝန်ယူနေတဲ့ အလက်ဇန် နဒါတာချင်ဟာ ပိတ်ဆို့မှုချမှတ်ခြင်းခံထားရသူဖြစ်ပါ တယ်။ ဥရောပသမဂ္ဂအဖွဲ့၊ အယ်လ်ဘေးနီးယား၊ အိုင် ယာလန်၊ လီချင်စတိန်း၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီ ဒိုးနီးယား၊ နော်ဝေးနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ရဲ့ ပစ်မှတ် ထားပိတ်ဆို့ခြင်းချမှတ်ခံထားရသူဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံကလည်း အလက်ဇန်ဒါတာချင်ကို(၂၀၁၈)ခုနှစ် နောက်ပိုင်းတည်းက ဗြိတိန်နိုင်ငံအတွင်း ပြည်ဝင်ခွင့်ပိတ်ခဲ့ပါတယ်။
အလက်ဇန်ဒါတာချန်ကို (၁၉၇၅)ခုနှစ်က ဘီလာရုစ်နိုင်ငံNovog rudok အရပ်ဒေသမှာမွေးဖွား ခဲ့ပြီး အဲဒီအရပ်ဒေသမှာကြီးပြင်းခဲ့ကာ (၂၀ဝ၉)ခုနှစ် က ဘီလာရုစ်စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့သ လို (၂၀၁၂) ခုနှစ်မှာ ဘီလာရုစ်နိုင်ငံ ပြည်သူအုပ်ချုပ် ရေးအကယ်ဒမီက မဟာဘွဲ့ထပ်မံရရှိခဲ့တယ်လို့သိရ ပါတယ်။ ၎င်းဟာ ဘွဲ့မရခင်အချိန်တည်းက ဘီလာရုစ်နိုင်ငံအစိုးရဌာနတွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ် ပြီး (၁၉၉၇)ခုနှစ်ကနေ (၁၉၉၉)ခုနှစ်အထိ ဘီလာ ရုစ်နိုင်ငံ ဂရော့ဒိုပြည်နယ် Novog rudok ဒေသရဲ့ လယ်ယာမြေနဲ့ ကုန်ပစ္စည်းသိုလှောင်ရေးဌာနမှာ ညွှန် ကြားရေးမှူးတာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အလက်ဇန်ဒါတာချင်ဟာ ဘီလာရုစ် အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်မခံရခင် ပြည်နယ်ဒေသတွေမှာ အကြီးအကဲ တာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး (၂၀ဝ၂)ခု နှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ Novogrudok ဒေသ ရဲ့ဘဏ္ဍာရေးဌာနမှာ အကြီးအကဲဖြစ်တာဝန်ယူခဲ့ဖူး သလို အခွန်စုံစမ်းစစ်ဆေးရေးတာဝန်တွေကိုလည်း ရယူခဲ့ဖူးသူဖြစ်ပါတယ်။
သူဟာ (၂၀၁၀)ပြည့်နှစ်နောက်ပိုင်းတည်းက Korelichi ဒေသရဲ့ အုပ်ချုပ်ရေးကော်မတီ ဒုတိယအကြီးအကဲ၊ မင့်စ်ဒေသအုပ်ချုပ်ရေးကော် မတီရဲ့စီးပွားရေးဌာန အကြီးအကဲ၊ မင့်စ် ဒေသလုံး ဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာကော်မတီ ဒုတိယ အကြီး အကဲတာဝန်တွေကိုလည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါ တယ်။ ဘီလာရုစ်သမ္မတရဲ့ လက်ထောက်အဖြစ် တာ ဝန်ယူခဲ့ဖူးသလို(၂၀၁၆)ခုနှစ်ကနေ (၂၀၁၈)ခုနှစ် အထိ ဘီလာရုစ်ဝန်ကြီးများကောင်စီရုံးရဲ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အလက်ဇန်ဒါ တာချင်ဟာ လုပ်ငန်းတွေလုပ်ဆောင်ရာမှာ စေ့စပ် သေချာသူတစ်ဦးဖြစ်တဲ့အတွက် ဘီလာရုစ်သမ္မတ လူကာရှန်ကိုဟာ ၎င်းကို ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့်တိုးမြှင့်ပေးခဲ့ပြီး (၂၀၁၈)ခုနှစ်မှာ ဘီလာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။
၎င်းဟာ ဘီလာရုစ်နိုင်ငံ အစိုးရဌာနတွေ၊ ဝန်ကြီးရုံးတွေမှာလုပ်ကိုင်ချိန်အတွင်း စိန်ခေါ်မှုတွေ၊ အခက်ခဲတွေရင်ဆိုင်ခဲ့ရပေမယ့် လက်လျှော့ခြင်းမရှိ ဘဲ အကောင်းဆုံးရလဒ်မျိုးရအောင် ကြိုးပမ်းနိုင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ဆိုကြပါတယ်။ ဘီလာရုစ်နိုင်ငံဟာ လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပိတ်ဆို့ မှုအမျိုးမျိုးကိုရင်ဆိုင်နေရတဲ့အတွက် ပြည်တွင်းမှာပဲ ကိုယ်ပိုင်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေရတဲ့နိုင်ငံ ဖြစ်ရာ အလက်ဇန်ဒါတာချင်က နိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ လိုလားနှစ်သက်သူဖြစ် တယ်လို့သိရပါတယ်။ အလက်ဇန်ဒါတာချင်က " ဘီလာရုစ်နိုင်ငံဟာ အမျိုးမျိုးသော အရေးပေါအခြေအနေတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး အဲဒီအခက်အခဲတွေ စိန်ခေါ်မှုတွေကို ချက်ချင်းတုံ့ပြန်ပြီး ဖယ်ရှားပစ်နိုင်ရမယ်။ စိုက်ပျိုးရေးမြို့ရွာတွေ ကျယ်ကျယ် ပြန့်ပြန့်ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အလားအလာအ ကောင်းဆုံး အခြေချနေထိုင်သူတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ လယ်ယာမြေတွေကို ဖော်ထုတ်ဖို့လို အပ်တယ်။ ဘယ်လို လယ်ယာမျိုးပဲဖြစ်ဖြစ်၊ ဘယ်လို ခေတ်မီစက်ကိရိယာတွေ ထားနေပါစေ၊ အဲဒါကို လုပ်ကိုင်နိုင်တဲ့သူမရှိရင်၊ ဒါတွေအားလုံးဟာ အသုံးမဝင်တဲ့အမှိုက်ဖြစ်သွားလိမ့်မယ်။ အစိုးရရဲ့အရေးကြီးဆုံး တာဝန်ဟာ သင့်တင့်လျောက်ပတ်တဲ့ လုပ်ခလစာအ ဆင့်၊ သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းခွင်အခြေအ နေတွေနဲ့ လုပ်ငန်းခွင်မှာ သက်သောင့်သက်သာရှိစေ မယ့်နေ့ရက်တွေကို သေချာစေဖို့ဖြစ်ပါတယ်" လို့ ပြောပါတယ်။
သူဟာ ဘီလာရုစ်နိုင်ငံကို (၁၉၉၄)ခုနှစ် ကတည်းက လက်ရှိအချိန်အထိအုပ်ချုပ်နေတဲ့ ဘီလာရုစ်သမ္မတနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး အားကိုးယုံကြည်ခံရသူဖြစ်တယ်လို့ပြောဆိုတာတွေ လည်းရှိနေပါတယ်။ ဘီလာရုစ်ဟာ လက်ရှိအချိန်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေရင်ဆိုင်နေရပေမယ့် စီးပွားရေးတိုးတက် မှုတွေရှိနေတဲ့နိုင်ငံဖြစ်ပြီး (၂၀၂၄)ခုနှစ်အတွင်းမှာ နိုင်ငံစီးပွားရေးဟာ (၄)ရာခိုင်နှုန်းနီးပါး တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။ ဘီလာရုစ်နိုင်ငံရဲ့ဂျီဒီပီဟာ (၂၀၂၄)ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၇၃) ဘီလျံ ကျော်အထိရှိနေခဲ့ပြီး ဝန်ကြီးချုပ်အသစ် အလန်ဇန်ဒါ တာချင်လက်ထက်မှာ နိုင်ငံစီးပွားရေး ပိုမိုတိုးတက် လာမှာလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါ တယ်။ သူဟာ ဘီလာရုစ်အစိုးရဌာနအသီးသီးတွေမှာ တာဝန်ယူခဲ့ဖူးတဲ့အတွေ့ကြုံတွေကိုအခြေခံပြီး နိုင်ငံ့ စီးပွားရေး၊ သံတမန်ရေးကိစ္စတွေကို ဘယ်လိုမျိုး တိုး တက်ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်မလဲဆို တာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ၎င်းဟာ လက်ရှိ အချိန်မှာ အသက် (၅၀)ကျော်အရွယ်သာရှိနေရာ နိုင် ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့်အသက်အရွယ်မျိုးရှိနေရာ ဘီလာရုစ်နိုင် ငံရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုကျော်ဖြတ်နိုင်အောင် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။
ဘီလာရုစ်သမ္မတလူကာရှန်ကိုကတော့ " အလက်ဇန်ဒါတာချင်ရဲ့စွမ်းရည်ပိုင်းကို ယုံမှားသံသယ မရှိဘဲ အပြည့်အဝယုံကြည်ပါတယ်။ သူဟာ နိုင်ငံ့စီး ပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အစိုးရအဖွဲ့ အုပ် ချုပ်ရေးပိုင်းတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင် နိုင်မယ်လို့ယုံကြည်ပါတယ်။ အလက်ဇန်ဒါတာချင်ရဲ့ အတွေ့ကြုံတွေဟာ နိုင်ငံစီးပွားရေးနဲ့အုပ်ချုပ်ရေး ကဏ္ဍတွေအသွင်ပြောင်းရေးမှာ အဓိကအရေးပါတဲ့ နေရာက ပါဝင်လာမှာပါ။ တာချင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း အစိုးရအဖွဲ့အုပ်ချုပ်ရေး ကဏ္ဍတွေကို လမ်းòန်မှုပေးတာတွေ၊ ပြည်သူတွေထောက်ခံမှုအားကောင်းအောင် ပိုမိုလုပ်ဆောင်ပေးနိုင်မယ့်သူဖြစ်ပါတယ်}}လို့ချီးကျူးပြောဆိုထားပါ တယ်။ ဘီလာရုစ်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ်ပြောင်းလဲခဲ့ပြီးနောက် နိုင်ငံစီးပွားရေးမူဝါဒတွေအပြောင်းအလဲဖြစ်လာနိုင်သလားဆိုပြီး ထင်ကြေးပေးသုံးသပ်မှု တွေလည်းရှိနေပါတယ်။
ဘီလာရုစ်နိုင်ငံဟာ လက်ရှိအချိန်မှာ အ နောက်အုပ်စုနိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကိုရင်ဆိုင်နေ ရတဲ့အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျ တဲ့ရည်မှန်းချက်တွေနဲ့ စတင်ဖို့အရေးကြီးတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ၎င်းဟာ ပြည်သူ တွေကိုကတိပေးထားတဲ့အတိုင်း နိုင်ငံစီးပွားရေးနဲ့ တည်ငြိမ်ရေးကို အဓိကဦးစားပေးလုပ်ကိုင်ဖို့ရည်ရွယ် ထားသလို ပြည်တွင်းနဲ့ နိုင်ငံတကာကဏ္ဍတွေမှာ လည်း အဓိကအရေးပါလာဖို့ ဆောင်ရွက်ရဖွယ်ရှိနေ ပါတယ်။ ယခင်ဝန်ကြီးချုပ်ဟောင်းလက်ထက်မှာ ဘီလာရုစ်နိုင်ငံဟာ စီးပွားရေးမဟာဗျူဟာတွေနဲ့အုပ် ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ လိုအပ်ချက်တွေရှိ နေရာ ဝန်ကြီးချုပ်အသစ် အလက်ဇန်ဒါတာချင်ဟာ စီးပွားရေးပိုမိုတိုးတက်စေဖို့ အဓိကဦးစားပေးဆောင် ရွက်ဖွယ်ရှိနေပါတယ်။ ဘီလာရုစ်ဝန်ကြီးချုပ်အသစ် အလက်ဇန်ဒါတာချင်က " ကျွန်တော်အနှစ်သက်ဆုံး ဆိုရိုးစကားဟာ တော်လှန်ရေးမရှိတဲ့ ဆင့်ကဲဖြစ်စဉ် ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်ပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုကို သေချာစေအောင် အဓိကထားလုပ် ဆောင်ဖို့အရေးကြီးပါတယ်။ ဝန်ကြီး ချုပ်အသစ်အ ဖြစ် စတင်တာဝန်ယူချိန်အတွင်း နိုင်ငံ့စီးပွားရေးကို ပြုပြင်ပြောင်းလဲတာတွေလုပ်ဆောင်မှာမဟုတ်သေး ဘူး။ အဓိကအရေးကြီးဆုံးလုပ်ဆောင်ရမှာက နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးတွေကို ဟန်ချက်ညီ အောင်ထိန်းသိမ်းဖို့ဖြစ်တယ်။ ကျွန်တော်တို့အစိုးရ အဖွဲ့ဟာ ပြည်သူတွေအားလုံးရဲ့ ရှင်သန်နေထိုင်မှု အရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာစေဖို့၊ ပြည် သူတွေ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဦးစားပေးဆောင် ရွက်မယ်။ အဲဒီကိစ္စတွေဟာ ကျွန်တော် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်အတွင်း အဓိကထားလုပ်ဆောင် မယ့်အရာတွေဖြစ်တယ်။ အဓိကကတော့ ပြည်သူအား လုံးရဲ့အရည်အသွေးနဲ့ ရှင်သန်နေထိုင်မှု ပိုမိုကောင်း မွန်အောင်လုပ်ဆောင်မယ်" လို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် နာရီပိုင်းအကြာမှာပဲ ကတိပြုခဲ့ပါတယ်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
RELATED POSTS
01 Apr 2025 | ဆောင်းပါး,ပြည်တွင်း
01 Apr 2025 | ဆောင်းပါး,နိုင်ငံတကာ