ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - မတ် ၁၉
UEFA က ကျင်းပတဲ့ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေဟာ မကြာခင်မှာပဲ ပြန်လည်ရောက်ကြည့်ရတော့မှာဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေရဲ့ ခံစားမှုတွေကိုလည်း ပြန်လည်ခံစားရတော့ မှာဖြစ်ပါတယ်။ နေးရှင်းလိဂ် ကွာတားဖိုင်နယ်မှာတော့ (၈)သင်းယှဉ်ပြိုင်ရမှာဖြစ်သလို အိမ်ကွင်းနဲ့အဝေးကွင်း (၂)ကြိမ်ယှဉ်ပြိုင်တဲ့အတွက်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကြည့်ရသလို ခံစားမှုမျိုးကိုရရှိမှာလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ဉရောပအသင်းကြီးတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုအရလည်း အထိုက်အလျှောက်ရှိတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ခုနှစ် နေးရှင်းလိဂ် ပြိုင်ပွဲမှာတော့ စပိန်အသင်းက ချန်ပီယံဆုကိုရရှိထားပြီး ဒီနှစ်မှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပြင်သစ်၊ပေါ်တူဂီတို့နဲ့ အပြိုင် ရေပန်းစားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် NSS ကနေ နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်(၄)ပွဲရဲ့ ပွဲကြိုသုံးသပ်ချက်နဲ့ ချန်ပီယံဖြစ်နိုင်ခြေအလားအလာတွေကို သုံးသပ်တင်ဆက်ပေးသွားပါမယ်။
ခရိုအေးရှား Vs ပြင်သစ်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပြင်သစ် ဝ - ၁ ခရိုအေးရှား (၁၄-၆-၂ဝ၂၂)
ခရိုအေးရှား ၁ - ၁ ပြင်သစ် (၇-၆-၂ဝ၂၂)
ခရိုအေးရှား ၁ - ၂ ပြင်သစ် (၁၅-၁ဝ-၂ဝ၂ဝ)
NSS အကြိုက် ပွဲကြိုသုံးသပ်ချက်
ခရိုအေးရှား ( ၄ဝ% - ၆ဝ%) ပြင်သစ်
ခရိုအေးရှားအသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားဖြစ်တဲ့ လူကာမိုဒရင်ရဲ့ အသင်းဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကာတာနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲ မှာဘရာဇီးလ်၊ ဘယ်ဂျီယံ၊ မော်ရိုကို တို့လိုအသင်းတွေကိုကျော်ဖြတ်ပြီး ဆီးမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိနိုင်ခဲ့ ပေမယ့် အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွညခဲ့ရပါတယ်။ ဒါ့ပြင် ဉရောပ ၂ဝ၂၂-၂ဝ၂၃ နေးရှင်းလိဂ် ပြိုင်ပွဲမှာလည်း ပြင်သစ်နဲ့ နယ်သာလန်အသင်းတို့ကို အနိုင်ယူပြီး ဖိုင်နယ်ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း စပိန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရှုံးပေးလိုက်ရပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာနဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ခရိုအေးရှားအသင်းဟာ ဉရောပအသင်းကြီးတွေထဲက အသင်းကောင်းတစ်သင်းဖြစ်ပေမယ့်လည်း ဆုဖလားရရှိမှုအပိုင်းမှာတော့ ကံမကောင်းခဲ့တဲ့အသင်းဖြစ်သလို ဗိုလ်လုပွဲတွေနဲ့ အကျိုးမပေးတဲ့အသင်းဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း အသင်းရဲ့လူစာရင်မှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ကိုဗာဆစ်၊ ပါရီဆစ်နဲ့ ဆိုဆာတို့လို ကစားသမားတွေကိုသာ အသုံးပြု နေဆဲဖြစ်တဲ့အသင်ဖြစ်တဲ့အတွက် လူငယ်မျိုးဆက်သာ ထွက်ပေါ်မလာခဲ့ရင် နောက်ပိုင်နှစ်တွေမှာ အသင်း အတွက် စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ ပြင်သစ်အသင်းကတော့ ကစားသမားကောင်းများစွာရှိတဲ့ အသင်းဖြစ်တဲ့အပြင် အောင်မြင်မှုအနေအထားအရလည်း ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ဆုဖလားရရှိမှုတွေကြောင့် ခရိုအေးရှားအသင်းထက် ဒီပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာပြန်ကြည့်ရင် အမ်ဘာပေ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးကတည်းက ပြင်သစ်အသင်းဟာ ရလဒ်ပိုင်းဆိုးရွားလာမှုနဲ့အတူ ဆုဖလားတွေကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ အနီးစပ်အနေအထားအရ ၂ဝ၂၄ ယူရိုပြိုင်ပွဲမှာ အမ်ဘာပေ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းက ဆီးမီးဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်နဲ့သာကျေနပ်ခဲ့ရတာကြောင့် ပြင်သစ်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပိုင်းကျဆင်းသွားတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်က နှစ်သင်းလုံးအတွက် ခက်ခဲနိုင်ပေမယ့် ပြင်သစ်အသင်းရဲ့ လူစာရင်းက ခရိုအေးရှားထက် သာလွန်နေတဲ့အပြင် အရံကစားတောင့်တင်းတဲ့ ပြင်သစ်အသင်းကပဲ ဆီးမီးဖိုင်နယ်ကို တက်လှမ်းသွားဖို့များပါတယ်။
ဒိန်းမတ် Vs ပေါ်တူဂီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပေါ်တူဂီ ၁ - ဝ ဒိန်းမတ် (၉-၁ဝ-၂ဝ၁၅)
ဒိန်းမတ် ဝ - ၁ ပေါ်တူဂီ (၁၅-၁ဝ-၂ဝ၁၄)
NSS အကြိုက် ပွဲကြိုသုံးသပ်ချက်
ဒိန်းမတ် (၃ဝ% - ၇ဝ%) ပေါ်တူဂီ
ပေါ်တူဂီအသင်းအကြောင်းပြောရင် မဖြစ်မနေထည့်သွင်းပြောလေ့ရှိတာက ရော်နယ်ဒိုပါသေး လာဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ လက်ရှိ နေးရှင်းလိဂ် ပြိုင်ပွဲမှာတော့ ရော်နယ်ဒိုဟာ လူစာရင်း ထဲမှာပါဝင်ထားသလို ပွဲစဉ်တိုင်းမဟုတ်ပေမယ့် သူပါဝင်ကစားတဲ့ပွဲစဉ်တိုင်းမှာ အသင်းက နိုင်ပွဲပိုရနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲပြီးရင်တော့ ရော်နယ်ဒိုရဲ့ နိုင်ငံတကာကစားသမားဘဝ ထွက်ခွာမှုကို မြင်တွေ့ရဖို့အလားအလာများနေပါတယ်။ ပေါ်တူဂီအသင်းဟာ ရောနယ်ဒိုနဲ့အတူ ယူရိုဆုဖလားနဲ့ နေရှင်းလိဂ်ဆုဖလားတွေကိုသာရရှိအောင်မြင်ခဲ့ဖူးပြီး ကမ္ဘာဖလားနဲ့ ဝေးကွာနေဆဲလည်းဖြစ်ပါတယ်။ ဒါကို ရော်နယ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက်လုံး မရရှိခဲ့တာဖြစ်ပြီး နောက်ထပ်လူငဘ်မျိုးဆက်အထိလည်း ရရှိဖို့ ရုန်းကန်နေရဦးမယ်သဘောရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါ်တူဂီအသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေဟာ ကောင်းမွန်မှုမရှိသလို တစ်ဦးတစ်ယောက်ကောင်းကစားတတ်တဲ့ အမူအကျင့်တွေကိုလည်း မြင်တွေ့ရတာကြောင့်ပါ။ လူစာရင်းအရကြည့်ရင်တော့ တကယ့်ကို ဉရောပရဲ့ အသင်းကြီးတွေမှာကစားနေပြီး ကောင်းပါတယ်ဆိုတဲ့ ကစားသမားကောင်းများစွာကို မြင်တွေ့ရမှာဖြစ်ပြီး လူငယ်ခြေတက်ကစားသမားလေး တွေနဲ့လည်း မျိုးဆက်ပြတ်မသွားတဲ့အသင်းပါ။ ဒါပေမဲ့ လိုအပ်ချက်က ဘာလဲဆိုရင် အသင်းသားတွေ ရဲ့ တစ်ယောက်နဲ့တစ်ယောက်မစည်းလုံးတဲ့အပြင် သူ့ထက်ငါပိုကောင်းကြောင်း သက်သေပြချင်နေ တဲ့သူတွေပိုများနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားကိုပြန်ကြည့်ရင် ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းထက် ဘယ်နေရာမှာမှ ပိုညံ့မနေနဲ့ခဲ့ပါတယ်။ လူစာရင်းအရရော ကစားသမားတစ်ဦးချင်းအရ ပေါ်တူဂီအသင်းက ပိုကောင်းတယ်ဆိုတာ သိကြမှာပါ။ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းမှာ အဲဒီအချိန်တုန်းက ဘယ်သူမှမသိသေးတဲ့ ကစားသမား လေးငါးယောက်လောက်ကိုရှိနေတာပါ။ ဒါပေမဲ့ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားဘာကြောင့်ရသွားတာလဲဆိုတာကို ပြန်ကြည့်လိုက်ရင် ပေါ်တူဂီအသင်းကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း ပေါ်တူဂီအသင်းရဲ့ ကစားပုံက ပြောင်းလဲလာမှုမရှိသေးတာကြောင့် ရော်နယ်ဒိုသာ အနားယူသွားနိုင်ပေမယ့် နောက်ထပ်ဆုဖလားရရှိဖိုဆိုတာ မသေချာမရေရာသေးတဲ့ အနေအထားမှာရှိနေပါတယ်။ ဒိန်းမတ်အသင်းကတော့ ဒီနှစ်မှာ ကွားတားဖိုင်နယ်အဆင့်အထိ တက်လှမ်းလာနိုင်သလို ကစားပုံအရလည်း ကောင်းမွန်ပေမယ့် ပေါ်တူဂီအသင်းကို နှစ်ကျော့စလုံးမှာ အနိုင်ယူကျော်ဖြတ်နိုင်ဖို့ မလွယ်ကူတာကြောင့် ဒီနှစ်ရဲ့ ကွားတာဖိုင်နယ်ပွဲစဉ်က ပေါ်တူဂီအသင်းကသာ ဆီမီးဖိုင်နယ်တက်ဖို့ရာခိုင်နှုန်ပိုများပါတယ်။
အီတလီ Vs ဂျာမနီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဂျာမနီ ၅ - ၂ အီတလီ (၁၅-၆-၂ဝ၂၂)
အီတလီ ဝ - ၁ ဂျာမနီ (၅-၆-၂ဝ၂၂)
အီတလီ ဝ - ဝ ဂျာမနီ (၁၆-၁၁-၂ဝ၁၆)
NSS အကြိုက် ပွဲကြိုသုံးသပ်ချက်
အီတလီ (၄ဝ% - ၆ဝ%) ဂျာမနီ
နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေမှာ ဒီပွဲစဉ်က စောင့်ကြည့်ချင်စရာကောင်းပြီး ပွဲကောင်း တစ်ပွဲဖြစ်လာဖို့လည်းရှိနေပါတယ်။ အီတလီအသင်းက အခုနောက်ပိုင်းနှစ်တွေမှာ အကျဘက် ကိုရောက်ရှိနေပြီး ခြေစွမ်းပိုင်းမှာ ဆိုးရွားတဲ့ နှစ်အပိုင်းအခြားကို ရောက်ရှိနေတဲ့အနေအထားအထိဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတောင် ဝင်မပါနိုင်လောက်တဲ့အထိကို ဆိုးရွားသွားတဲ့အခြေအနေအထိဖြစ်ခဲ့ပါတယ်။ ဒါဟာ လူငယ်မျိုးဆက်ပြတ်တောက်မှုလို့ ပြောလို့ရသလို လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့်လို့ လည်းဆိုနိုင်ပါတယ်။ တစ်ခောတ်တစ်ခါက ဉရောပမှာ နာမည်ကျော်တဲ့အပြင် အောင်မြင်မှုအရရော ဆုဖလား ရရှိမှုအပိုင်းမှာပါ ကျော်ကြားခဲ့တဲ့အသင်းတစ်သင်းမနေနဲ့ ဆိုးရွားတဲ့ နှစ်အပိုင်းအခြားတစ်ခုကို ရင်ဆိုင်နေရတာ က စိတ်မကောင်းစရာဖြစ်ပါတယ်။ ဂျာမနီအသင်းကလဲ အီတလီအသင်းထက်မဆိုးရင်တောင် ပိုကောင်းနေတယ် လို့ ပြောလို့မရသေတဲ့အနေအထားဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျာမနီအသင်းဟာ ဒီဘက်ခောတ်မှာ အောင်မြင်မှုနဲ့အလှမ်းဝေးနေတဲ့အသင်းဖြစ်ပြီး ကစားသမားဟောင်းများစွာမရှိတော့တဲ့နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ရလဒ်ပိုင်းဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရသလို ခြေစွမ်းပိုင်းအရလည်း အတော်လေးဆိုးရွာခဲ့ပြီး ဂျပန်အသင်းကိုတောင် နိုင်အောင်မကန်နိုင်လောက်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၂၄ ယူရိုပြိုင်ပွဲမှာလည်း ဆုဖလားရရှိမယ် လို့ ရေပန်းစားခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်ကိုပဲရောက်ရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ဂျာမနီအသင်း အနေနဲ့ လက်ရှိပြိုင်ပွဲမှာ အကောင်းဆုံးအနေနဲ့ ပြန်လာမယ်လို့ ခန့်မှန်းမှုတွေကလည်းရှိလာပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ကွာတားဖိုင်နယ်အဆင့်တွေ့ဆုံမှုမှာတော့ ဂျာမနီးအသင်းက ဆီမီးဖိုင်နယ်ကိုတက်ရောက်ဖို့ အခွင့်အရေးပိုရှိနိုင်ပြီး ချန်ပီယံဆုကိုလည်း စိန်ခေါ်ဖို့အလားအလာရှိနေပါတယ်။
နယ်သာလန် Vs စပိန်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယ်သာလန် ၁ - ၁ စပိန် (၁၂-၁၁-၂ဝ၂၂)
NSS အကြိုက် ပွဲကြိုသုံးသပ်ချက်
နယ်သာလန် ( ၅ဝ% - ၅ဝ%) စပိန်
နယ်သာလန်အသင်းက ပြီးခဲ့တဲ့ ၂ဝ၂၄ ကမ္ဘာ့ဖလားပြိုင်ပွဲကနေစပြီး ဉရောပမှာ ပြန်လည်ခေါင်းထောင်လာခဲ့တဲ့ အသင်းလို့ဆိုနိုင်ပါတယ်။ အဲဒီပြိုင်ပွဲမှာ နယ်သာလန်အသင်းက ကွာတားဖိုင်နယ်အသင်း့မှာ ချန်ပီယံ အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်အထိရောက်အောင် အကောင်းမွန်ဆုံးကစားခဲ့နိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ကစားပြခဲ့တာတွေက နယ်သာလန်အသင်းရဲ့ ပြန်လာနိုင်မှုတွေပဲဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ ယူရို ၂ဝ၂၄ ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းလာနိုင်ခဲ့မှုနဲ့အတူ လက်ရှိနေးရှင်း လိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေတာလည်းဖြစ်ပါတယ်။ ဒါတွေဟာ နယ်သာလန်အသင်းရဲ့ ေနာက်တန်းခံစစ်က ဗန်ဒိုက်နဲ့ နေသန်အကီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ကွင်လယ်ပိုင်းက လူငယ်ခြေတက် ကစားသမား ဆီမွန်ရဲ့ ခြေစွမ်း၊ တိုက်စစ်ပိုင်းမှာ အားကိုးလောက်စရာ ခြေစွမ်းမျိုးနဲ့ ဂတ်ပိုတို့ရှိနေတာကလည်း နယ်သာလန်အသင်းအတွက် ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိနေတာမျိုးဖြစ်ပါတယ်။ စပန်အသင်းကတော့ နယ်သာလန်ထက် ချန်ပီယံဖြစ်ဖို့ ထင်ကြေးပေးခံနေရတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဉရောပရဲ့ ဆုဖလားတွေဖြစ်တဲ့ ယူရိုဖလားနဲ့ နေးရှင်းလိဂ်တွေကို ပူပူနွေးနွေးရရှိထားတဲ့အသင်းဖြစ်ပါတယ်။ စပိန်အသင်းရဲ့ ထူးခြားချက်က လူငယ်မျိုးဆက်အရမ်းကောင်းတဲ့ အစဉ်အလာတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘာစီလိုနာရဲ့ လာမာစီရာ အကယ်ဒမီဆိုတာဟာ မက်ဆီလို ပါရမီရှင်ပေါင်းများစွာမွေးဖွားအဖြစ်ရှိနေပြီး လက်ရှိအချိန်အထိ လည်း ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေတာဖြစ်ပါတယ်။ ဒီအချက်ရဲ့ အကျိုးအမြတ်ကို စပိန်အသင်းကအဓိကရရှိနေပြီး ဂါဗီ၊ပတ်ထရီ၊လမိုင်လာမဲယားနဲ့ နီကိုဝီလီယံတို့လို စပိန်ရဲ့ အနာဂတ် ကစားသမားလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းလုံးအတွက် ခက်ခဲစေမှာဖြစ်ပြီး နောက်ဆုံးပင်နယ်တီအထိကိုတောင် စောင့်ကြည့်သွားရမယ့် အလားအလာတွေရှိနေပါတယ်။
၂၁-၃-၂ဝ၂၅ (သောကြာနေ့ နံနက်ပိုင်း)
နံနက်(၂း၁၅) ခရိုအေးရှား Vs ပြင်သစ်
နံနက်(၂း၁၅) ဒိန်းမတ် Vs ပေါ်တူဂီ
နံနက်(၂း၁၅) အီတလီ Vs ဂျာမနီ
နံနက်(၂း၁၅) နယ်သာလန် Vs စပိန်
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
RELATED POSTS
01 Apr 2025 | ဆောင်းပါး,ပြည်တွင်း
01 Apr 2025 | ဆောင်းပါး,နိုင်ငံတကာ