စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
ရောင်နီ (NSS) - မတ် ၁၉
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ်မှာ မတ်လ ၁၈ ရက်က မိကျောင်း တစ်ကောင် ရောက်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အမျိုးသားဥယျာဉ်များ ဘုတ်အဖွဲ့ (NParks) ဟာ မတ်လ ၁၈ ရက် ညနေပိုင်း အချိန်က Lim Chu Kang လမ်းမပေါ်မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းကြားချက်ရရှိပြီးတဲ့နောက် ချက်ချင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို မစ္စတာကိုးလို့ လူသိများတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မတ်လ ၁၈ ရက် ညနေ ၆ နာရီ ၄၀ လောက် အချိန်မှာ Singapore Wildlife Sightings အဖွဲ့ထဲ မိကျောင်းပုံ ၂ ပုံနဲ့အတူ ဒီသတင်းကို တင်ခဲ့တာ ဖြစ်ပါတယ်။ မစ္စတာကိုးက Long Kuan Hung ရှိ၊ Neo Tiew Crescent လမ်းမပေါ်မှာ နေ့လည် ၁ နာရီက ကားမောင်းလာစဉ် မိကျောင်းကို မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိတော့ မိကျောင်းကို ဖမ်းမမိသေးပါဘူး။ NParks ကတော့ မိကျောင်းနဲ့တွေ့ခဲ့ရင် အစာကျွေးတာ၊ စနောက်တာ၊ ချညဉ်းကပ်တာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
RELATED POSTS
22 Apr 2025 | အထွေထွေ,ပြည်တွင်း
08 Apr 2025 | အထွေထွေ,ပြည်တွင်း
02 Apr 2025 | အထွေထွေ,နိုင်ငံတကာ