Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ

သန့်ဇင် (NSS) - မတ် ၁၈


        တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် အကြောင်းသိလာသော ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NSS သို့ပြောသည်။



    PDF အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ထားဝယ်မြို့နယ်အတွင်း‌ကျေးရွာများမှ ဒေသခံများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အတွက် ဒေသခံများနှင့် PDF လက်နက်ကိုင်တို့အကြား တင်းမာမှုများ ရှိလာနေကြောင်း အထက်ပါဒေသခံက ဆိုသည်။ လက်ရှိတွင် နယ်မြေမငြိမ်မသက်မှုများကြောင့် ဒေသခံသောင်းနှင့်ချီက ထားဝယ်မြို့ပေါ်သို့နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်နေရကြောင်း သိရသည်။

    " အဓိကတော့ ရွာသားတွေလည်းတော် တော်လေးသိလာကြပြီပေါ့။ ဒီကောင်တွေပေါ်လာတဲ့ အခါကျတော့မှ နေစရာမရှိ စားစရာမရှိ အဲဒီလိုဖြစ်ရ တယ်ပေါ့။ နောက်တစ်ချက်က အရင်နေ့က သတင်း ကြားရတယ်ဆိုရင် PDF တွေက ရန်တောင်ရွာကရွာ သားတွေကို မကျေနပ်လို့ဆိုပြီး ရန်တောင်ရွာမှာ စစ်ကြောင်းရောက်နေချိန်မှာDrop ဗုံးလာချတယ်လေ။ အဲဒီမှာ ရွာသားတွေကပြောတာက မင်းတို့ကောင်တွေ နန့်နန့်လာလုပ်နေလို့ စစ်ကြောင်းလာထိုးရင် တိုက်ပွဲ ဖြစ်ပြီး ရွာပျောက်မယ်ပေါ့နော်။ အဲဒီလိုပြောတော့  PDF တွေက ဘာပြောလဲဆိုတော့။ ငါတို့ရွာတောင် ပြေးနေရတာ။ မင်းတို့ရွာတွေက မပြေးရဘူးပေါ့နော်။ အဲဒီတော့ မကျေနပ်ဘူးပေါ့နော်။ မင်းတို့ရွာလည်း မပြေး ပြေးရအောင်ငါတို့လုပ်မယ်ပေါ့နော်။ အဲဒီလို ဖြစ်နေတာ။ ဒီကိစ္စကဘယ်လိုဖြစ်နေလဲဆိုတော့ ရွာသားတွေလည်း  PDF တွေကို မကျေနပ်တော့ဘူး"ဟု အထက်ပါ ဒေသခံက ပြောသည်။

    ထို့ပြင် ဒေသခံထောက်ခံမှုအားနည်းလာသည့် ထားဝယ်ဒေသရှိ  PDF လက်နက်ကိုင်များ သည် လက်ရှိကာလတွင် အနေအစားကျပ်တည်း ခက်ခဲလာပြီဖြစ်ကြောင်းလည်း အထက်ပါသတင်း ရင်းမြစ်က ဆိုသည်။ " အရင်တုန်းကထောက်ခံတဲ့ ရွာသားတွေလည်းမထောက်ခံတော့ဘူး။ မြင်နေရတာ လည်းရှိတယ်။ လိုင်းပေါ်မှာထောက်ပို့အကြီးစားကြီး တစ်ယောက်တောင်မှ ဆီအုန်းတောထဲမှာ ထအော် နေပြီ။ ဘယ်သူမှမထောက်ပံ့တော့ဘူးဆိုပြီး။ စီးပွား ရေးဘက်လိုက်တဲ့ကောင်တွေကတော့ အဆင်ပြေတာ ပေါ့။ အဲဒီဘက်မလိုက်တဲ့ကောင်တွေကတော့ ကျပ် တည်းတာပေါ့။ နောက်ပိုင်း စားခွက်ပျောက်တဲ့အနေ အထားထိဖြစ်လာလိမ့်မယ်" ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

    ထားဝယ်ဒေသတွင် ကော်လဖိုးဦး ဦးဆောင်သည့် KNU တပ်မဟာ(၄)ခွဲထွက်အဖွဲ့အပါ အဝင် PDF အဖွဲ့ပေါင်း(၂၀)ထက်မနည်းရှိနေပြီး နိုင်ငံတော်ပိုင် သဘာဝတွင်းထွက်များကို လက်ဝါးကြီးအုပ်ကာ စီး ပွားရှာနေသောအဖွဲ့များလည်း များစွာရှိနေကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား

RECENT POSTS
ကိုးကန့်ဒေသ ဗမာ မဝင်ရ၊ မင်းလှမြို့နယ်ထဲက ရန်ကုန်-ပြည်လမ်းပေါ်တက်လာတဲ့ PDF၊ ငလျင်ပြတ်ရွေ့ကြောရှိပေမယ့် ​နျူလျှပ်စစ်စက်ရုံ ဆက်လုပ်မယ်လို့ Rosatom ကြေညာ၊ အပြောင်းအလဲမရှိ စာမေးပွဲ ဆက်ဖြေခိုင်းမယ့် ပညာရေး ဝန်ကြီးဌာန (23-4-2025)
23 Apr 2025
ယနေ့ ဧပြီ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် သတင်းထူးများ
23 Apr 2025
ငလျင်ဖြစ်ဒေသများရှိ စက်သုံးဆီဆိုင်အချို့ မူလဈေးနှုန်းအောက်လျော့၍ ပြန်လည်ရောင်းချပေးနေ
23 Apr 2025
ရန်ကုန်စည်ပင်မှ နေ့စဥ်ရေဆိုးစွန့်ပြစ်မှု စနစ်တကျဖေ်ဆောင်နေ
23 Apr 2025
ငွေကျပ်(၆)ဘီလျံကျော် သုံးစွဲထားတဲ့ UAB Foundation ရဲ့ အဆင့်မြင့် ငလျင်ကယ်ဆယ်ရေးစခန်းကို လေ့လာခြင်း
23 Apr 2025
ဗြိတိန်က ဖောက်ခွဲရေးပစ္စည်းတွေကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်သွားမယ်
23 Apr 2025
နှစ်နိုင်ငံကြားဆက်ဆံရေးတွေကို မြှင့်တင်ဖို့အတွက် ဆော်ဒီအာရေးဗျနိုင်ငံကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ သွားရောက်လည်ပတ်
23 Apr 2025
အတားအဆီးတချို့ကို ဖယ်လိုက်မယ်ဆိုရင် ယူကရိန်းနဲ့ဆွေးနွေးပွဲတွေက ဖြစ်လာနိုင်တယ်လို့ ရုရှားအစိုးရပြော
23 Apr 2025
ပြီးခဲ့တဲ့လမှာစတင်ခဲ့တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကြောင့် ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၅၀၀)ကျော်သေဆုံး
23 Apr 2025
ပါကစ္စတန်မှာ လေထုညစ်ညမ်းမှုကြောင့် ကလေးများ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လျက်ရှိ
23 Apr 2025
တရုတ်နိုင်ငံ ရှန်ကျန်းမှာ (၁၀)နှစ်အရွယ် ဂျပန်ကျောင်းသားကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ကွပ်မျက်ခံရ
23 Apr 2025
တပ်မတော်မှအင်အား (၂၀၀၀)ကျော်ဖြင့် လားရှိုးမြို့အတွင်း လုံခြုံရေးအဖြစ်ဝင်ရောက်နေရာယူထားပြီ
22 Apr 2025
တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလကုန် အထိ တိုးမြှင့်သတ်မှတ်
22 Apr 2025
လားရှိုးမှ MNDAAဆုတ်ခွာပြီးနောက် ပြည်ထောင်စုလမ်းမကြီးတွင် လက်နက်ကိုင်(၄)ဖွဲ့ အခွန်ကောက်ခံမှု လျော့နည်းလာ
22 Apr 2025
လားရှိုးမြို့အတွင်းသို့ တပ်မတော်မှ ပြန်လည်ဝင်ရောက်
22 Apr 2025
ပုပ်ရဟန်းမင်းကြီး ရာထူး ကို ဆက်ခံနိုင်ဖွယ်ရှိသော ကာဒီနယ် ၁၅ ဦး စာရင်းတွင် မြန်မာနိုင်ငံမှ ချားစ် မောင်ဘို လည်း ပါဝင်
22 Apr 2025
လာရှိုးသဘောတူညီချက်အချို့ ထွက်ပေါ်လာ ၊ ငလျင်ဒဏ်သင့် နိုင်ငံဝန်ထမ်းများအတွက်အစိုးရက လုပ်ပေးသင့်သော ကဏ္ဍများ တိုက်တွန်းချက်၊ ကော့ဂရိတ် ကျုံဒိုးကြားက တိုက်ပွဲအခြေအနေ ၊ NUG အောက်ကနေ နှုတ်ထွက်တဲ့ ကျောက်ဆည် PDF (21-5-2025)
22 Apr 2025
Max ဘိလပ်မြေစက်ရုံမှတိုက်ရိုက်မှာယူသော ကိုယ်စားလှယ်များကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းရန် ဝန်ခံကတိထိုးပြီးမှ ဖြန့်ဖြူးပေးနေ
22 Apr 2025
ငလျင်ဒဏ်ဆိုးရွာစွာ ခံစားခဲ့ရသော မင်းကွန်းဒေသတွင် PDF ပူးပေါင်းအဖွဲ့က အင်အားစုဖွဲ့နေ
22 Apr 2025
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော အဖြေလွှာများနှင့်ပတ်သက်၍ စာမေးပွဲပြန်စစ်မည့်ရက်ကို ကြေညာ
22 Apr 2025
FOLLOW US

Copyright © News Services Station | All Right Reserved