တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်

ယွန်း (NSS)- မတ် ၁၈
ယခုဘဏ္ဍာနှစ်(၂၀၂၄-၂၀၂၅) အတွင်း တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံး ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ NSS ထံ ဖြေကြားချက်အရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဖွဲ့များ ဖွဲ့ စည်း၍ရှောင်တခင်စစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ယခုကာလတွင် တရားမဝင်သုံးစွဲမှု များ လျော့နည်းပပျောက်စေရေးအတွက် စီမံချက်များ ထပ်မံရေးဆွဲကာ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ကို ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် Spot/Surprise Check အဖွဲ့များဖွဲ့စည်း၍ ထရန်စဖော်မာများ၊ မီတာ များမှ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှု ရှိ/မရှိ၊ ဓာတ်အားလိုင်းမှ တိုက်ရိုက်ခိုးယူသုံးစွဲခြင်း ရှိ/မရှိ၊ ဆင့်ပွားမီးသွယ်တန်းခြင်း ရှိ/မရှိ၊ အိမ်တွင်းသုံးပါဝါ မီတာဖြင့် တရားမဝင်လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိ၊ မီတာဖတ်ရှုမှု မှန်ကန်ခြင်းရှိ/မရှိ၊ သုံးစွဲပမာဏနှင့် ပေးသွင်းပမာဏကိုက်ညီမှု ရှိ/မရှိတို့အား လစဉ်မြေပြင်ကွင်းဆင်း၍ ရှောင်တခင်စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် (၂၀၂၄ -၂၀၂၅)ဘဏ္ဍာနှစ်အတွင်း တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲမှု (၁၁၃၇) မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သိရသည်။" (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု (၁၁၃၇) မှု ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး ဒဏ်ကြေးငွေ ကျပ် (၃ ဒသမ ၉၅၉) ဘီလျံရရှိခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ ရန်ကုန်တိုင်း ဒေသကြီးတွင် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှု (၅၅၈) မှု ဒဏ်ကြေးငွေ ကျပ် (၁ ဒသမ ၂၆၈) ဘီလျံ ရရှိခဲ့ပြီး၊ မန္တလေးတိုင်းတွင် (၂၉၂) မှု ဒဏ်ကြေးငွေ ကျပ် (၁ ဒသမ ၉၀၂ ) ဘီလျံနှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် (၂၈၇) မှု၊ ဒဏ်ကြေးငွေ ကျပ် (ဝ ဒသမ ၇၈၈) ဘီလျံရရှိခဲ့ပါတယ်"ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများအား သုံးစွဲမှုပုံသဏ္ဌာန်အလိုက် စိစစ်ရာတွင် စက်မှု လုပ်ငန်းသုံးမှ တရားမဝင်သုံးစွဲမှု အများဆုံး တွေ့ရှိရ ကြောင်း သိရသည်။ တရားမဝင်ဓာတ်အားခိုးယူ သုံးစွဲ မှုများအား ဌာနမှဝန်ထမ်းဟောင်းများနှင့် Disloyalty Civil Servant(DSC) များမှ ပါဝင်ဆောင်ရွက်ခဲ့သည်ကို အများစုတွေ့ရပြီး အမှု ဖွင့်အပြစ်ပေး အရေးယူမှုများဆောင်ရွက်ခဲ ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။ ထို့ပြင် သက်ဆိုင်ရာဌာန တွင်းမှ ဝန်ထမ်းများကိုလည်း အပြစ်ပေးအရေးယူမှုများ၊ ဌာနမှ ထုတ်ပယ်အရေးယူခြင်းများဆောင်ရွက် ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထားသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
RELATED POSTS
23 Apr 2025 | မှုခင်း,နိုင်ငံတကာ
02 Apr 2025 | မှုခင်း,နိုင်ငံတကာ
02 Apr 2025 | မှုခင်း,နိုင်ငံတကာ
28 Mar 2025 | မှုခင်း,ပြည်တွင်း