မန္တလေးတွင် ခိုးဆိုးလုယက်မှုများ ယခင်ထက်များပြားလာပြီး အဖွဲ့လိုက် ချိတ်ဆက်လှုပ်ရှားနေ
ချယ်ရီ (NSS) - အောက်တိုဘာ ၃ဝ
မြန်မာနိုင်ငံ၏ လူဦးရေဒုတိယအများဆုံးနေ ထိုင်ရာမန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ ယခင် ထက်များပြားလာပြီး အဖွဲ့လိုက်ချိတ်ဆက်မှုများရှိနေကြောင်း ဒေသခံတစ်ဦးက NSS သို့ ပြောသည်။
ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်မှစ၍ မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများပိုမိုဖြစ်ပွားလာခဲ့ပြီး ချမ်းမြသာ စည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် လက် ရှိအချိန်အထိ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။ "လုယက်တဲ့ဖြစ်စဉ်တွေက များလာပါတယ်ဗျ။ ကျွန်တော်တို့ မန္တလေးမှာဆိုရင် နေ့စဉ်နဲ့အမျှ ဒီလို သတင်းတွေက ကြားနေရတာပေါ့နော်။ တစ်နေ့ကို ကြားနေရတာဆိုရင် ဒီခိုးမှုတွေရော၊ လုယက်မှု တွေရော (၂)ကြိမ်၊(၃)ကြိမ် ကြားရပါတယ်ဗျ။ လု ယက်မှုတွေမှာလည်း ဆွဲကြိုးဖြုတ်တာတွေပါမယ်။ ဖုန်းလုယက်တာတွေ ပါတယ်ပေါ့နော်။ နောက် ဆိုင် ကယ်လုယက်တာတွေ ပါတယ်ပေါ့နော်။ ပြီးတော့ အိုးဝေတွေမှာလည်း မကြာခဏဆိုသလို ကြုံရပါ တယ်။ ကားတွေမှာဆိုလို့ရှိရင်လည်း ရှေ့မှာဖြစ်သွား တဲ့ဟာတွေဆိုရင် တချို့က ဥပမာ ဘဏ်ကနေငွေ ထုတ်ပြီးတော့ ပြန်လာတာတို့၊ ရွှေဆိုင်ထဲကနေ ထွက်ပြီးတော့ ကိုယ့်ကားနဲ့ ကိုယ့်ဆိုင်ကယ်နဲ့ကို ပြန် ကြတာတွေပေါ့လေ"ဟု မန္တလေးမြို့ခံတစ်ဦးက NSS သို့ ပြောသည်။
ထိုသို့ လုယက်မှုကျူးလွန်သူများတွင် အနည်း ဆုံးလူ(၃)ဦးထက်မနည်းပါဝင်ပြီး အဆိုပါ အဖွဲ့ များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက်ကာ ခိုးဆိုးလု ယက်မှုများကို ကျူးလွန်ကြခြင်းဖြစ်ကြောင်းလည်း အထက်ပါဒေသခံက ဆိုသည်။ "အဲဒီဟာတွေဆိုလို့ရှိရင် တချို့ဆို နောက် ယောင်ခံပြီး လိုက်ပြီးတော့ လုတာတွေ၊ ခိုးတာတွေ ရှိတယ်ပေါ့နော်။ သူတို့က လည်း ဒီလိုလုယက်တယ်၊ ခိုးမှုဖြစ်တယ်ဆိုတာလည်း သူတို့က အချိတ်အဆက်နဲ့ပေါ့နော်။အချိတ်အဆက်နဲ့ဆိုတော့ သူတို့ရဲ့အဖွဲ့အစည်းပေါ့နော်"ဟု ၎င်းကပြောသည်။
လုယက်မှုများသည် နေ့အချိန်များတွင်ပင် မြို့ အတွင်း လူများသောနေရာများ၌ အုပ်စုဖွဲ့ကာ ပေါ် ပေါ်ထင်ထင်ကျူးလွန်နေကြခြင်းဖြစ်ပြီး ပစ္စည်းလု ယက်သည့်အပြင် ယခုနောက်ပိုင်းကာလတွင် လူသတ်လုယက်သည်အထိ ဆိုးရွားလာခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
"လုယက်မှုတွေက တော်တော်ကို ဖြစ်နေပါတယ်။ ဒီလိုနေ့ခင်းကြောင်တောင်တွေတောင် လူ ပြတ်တဲ့နေရာမျိုးမှာသာမက လူစည်ကားတဲ့နေရာ တွေမှာတောင် အတင့်ရဲပြီး လုနေကြတာဆိုတဲ့အခါ ကျတော့ ကျွန်တော်တို့အနေနဲ့ ဒီမန္တလေး ပြည်သူတစ် ယောက်အနေနဲ့ ကျွန်တော်တို့က ဒီထိတ်လန့်မှုတော့ ဖြစ်တာပေါ့။ သူတို့က ဘာလို့အတင့်ရဲပြီးတော့ ဒီလို တွေ လုယက်မှုတွေ လုပ်နေကြတာလဲပေါ့နော်။ သူတို့ က အဖွဲ့အစည်းတွေနဲ့လုပ်တာ။ တစ်ခါတလေဆိုရင် (၆)ယောက်၊ တစ်ခါတလေဆိုရင်(၃) ၊ (၄)ယောက်နဲ့ လုပ်တာတွေပေါ့နော်။ ဆိုင်ကယ်(၂)စီး၊ (၃)စီး ညှပ်ပြီး လုပ်တာတွေပေါ့နော်"ဟု ၎င်းကပြောသည်။ အဆိုပါ ခိုးဆိုးလုယက်မှုကျူးလွန်သူများအတွင်း အသက်(၂၀)ဝန်းကျင်အရွယ် လူငယ်များ အများစု ပါဝင်ပြီး မူးယစ်ဆေးဝါးနှင့် လောင်းကစားများမှ ငွေကြေးလိုအပ်ချက်များကြောင့် အထက်ပါကဲ့သို့ လုယက်မှုများ ပိုမိုလုပ်ဆောင်ခြင်းများဖြစ်ကြောင်း အထက်ပါဒေသခံက သုံးသပ်ပြောကြားသည်။
လက်ရှိတွင် မန္တလေးမြို့ကို စစ်ဘေးရှောင်ပြည် သူအများအပြား ဝင်ရောက်နေထိုင်လျက်ရှိသော ကြောင့် လူဦးရေ ပိုမိုမြင့်တက်လာသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် နေအိမ်ငှားရမ်းခ စရိတ် ကြီးမြင့်ခြင်းများကိုလည်း ရင်ဆိုင်နေကြရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်အားလုံးနီးပါး ရပ်တည်ရန်ခက်ခဲလာသဖြင့် ရန်ကုန်သို့ပြောင်းရွှေ့လာကြ
RELATED POSTS
06 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
31 Oct 2024 | မှုခင်း,ပြည်တွင်း