စစ်ဘေးရှောင် ပြည်သူအများစု စားဝတ်နေရေးအတွက် ရောက်သည့်နေရာတွင် ရေတိုအဆင်ပြေရေး ရုန်းကန်နေကြရရှာ

သန့်ဇင် (NSS) - အောက်တိုဘာ ၃ဝ
ကာလအတန်ကြာ နေရပ်စွန့်ခွာပြီးနောက် စစ်ဘေးရှောင်ပြည်သူအများစုမှာ စားဝတ်နေရေး အတွက် ရောက်သည့်နေရာတွင် ရေတိုအဆင်ပြေရေးအတွက်သာ ရုန်းကန်နေကြရပြီး ရေရှည်စီးပွားရေးများလုပ်ကိုင်ရန် နာလန်မထူဖြစ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက NSS သို့ပြောသည်။
လက်နက်ကိုင်များ၏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံပြည်သူများနေရပ်စွန့်ခွာကာ အရပ်တစ်ပါးသို့ စစ်ဘေးရှောင်ကြရာတွင် အများစုမှာ ရင်းနီးကျွမ်းဝင်ရာအရပ်ဒေသတွင် နေထိုင်ရခြင်းမဟုတ်သောကြောင့် အခက်အခဲများစွာတွေ့ကြုံကြရခြင်းဖြစ်သည်။
“တချို့ကတော့ ကျပန်းလည်းလုပ်မှာပေါ့။ သူတို့မှာရွေးချယ်ခွင့်မှမရှိတာ။ တချို့လူတွေကတော့ အရောင်းအဝယ်တွေလုပ်တယ်။ ဥညူငညန ကနေပေါ့။ အဲဒီလိုမျိုးတွေတော့ရှိတယ်။ ကိုယ့်ဒေသ အစား အစာကို ပြန်ရောင်းတဲ့ လူတွေလည်းရှိတယ်။ တချို့ကျတော့လည်း ဆိုင်အသေးလေး ဖွင့်ထားတယ်။ တချို့ကတော့ ကိုယ်လုပ်တတ်တဲ့ ရှမ်းရိုးရာအစားအစာတွေ လုပ်ရောင်းတာတွေရှိတယ်။ တချို့လည်း အဆင်ပြေတဲ့လူရှိသလို မပြေတဲ့လူလည်းရှိတယ်။ ကိုယ့်အချင်းချင်းအားပေးကြပေါ့။ အဲဒီလိုမျိုးတွေ လည်း ရှိတယ်။ အဆင်မပြေတဲ့လူတွေလည်း မပြေပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင် လာခဲ့သော ပြည်သူတစ်ဦးက ပြောသည်။
ဒေသအစားအစားများပြန်လည်ရောင်းချရာတွင်လည်း ဆိုင်ခန်းခဈေးမြင့်မားခြင်းနှင် ကုန်ဈေး နှုန်းမြင့်မားခြင်းကြောင့် အရင်းအနှီးများစွာကုန်ကျ သဖြင့် ရေရှည်စီးပွားရေးလုပ်ကိုင်ရာတွင် အဆင်မပြေမှုများလည်းရှိနေကြောင်း သိရသည်။
“ အခုဆိုရင် အိမ်ငှားခတွေက အိမ်ရှင်မျက်နှာကို တစ်ချိန်လုံးကြည့်နေကြရတာ။ ဒီအိမ်မှာငှား နေရင်းနဲ့ ဆက်မငှားပေးတော့ဘူးဆိုရင် ဒုက္ခရောက် ကြမှာလေ။ အိမ်ငှားရင်လည်း (၂)လစာတို့(၃)လစာ တို့ အဲဒီလိုမျိုးတွေရှိတယ်။ တတ်နိုင်တဲ့လူတွေဆိုရင် (၆)လစာချုပ် ထားတဲ့လူတွေရှိတယ်။ (၆)လပြည့် လို့ ရှိရင် စိတ်ပြန်ပူရတယ်။ ငါတို့ကို ဆက်မငှားပေးတော့ ဘူးလား။ အဲဒီလိုမျိုးတွေရှိတယ်။ တချို့က လည်း (၆) လစာငှားပြီးတော့ ဆိုင်တွေဖွင့်တယ်။ အဲဒါတွေက လည်း တတ်နိုင်တဲ့ လူတွေပေါ့။ မတတ် နိုင်တဲ့လူတွေကတော့ တစ်လစာပေါ့။ တစ်လချင်းစီတော့သိပ်မရှိပါဘူး။ အနည်းဆုံး(၃)လလောက်တော့ ချုပ်ကြရတယ်။ တချို့ကလည်း ဆိုင်ကယ်တွေ ကားတွေရှိတော့လည်း ရောင်းပြီးအရင်းအနီးပြန်လုပ် ကြတာပေါ့” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူအများအပြားမှာ အိမ်ငှားခရရှိရန်ပင် ကြိုးစား ရုန်းကန်နေကြရကြောင်း အခြားစစ် ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
“ အလုပ်ကတော့ လုပ်နေရတယ်။ က လေးတွေအတွက် ကျောင်းစရိတ်ရှာနိုင်ဖို့အတွက် လုံးပန်း ရတာပေါ့။ အဓိကတော့ စားဝတ်နေရေး ခက်ခဲသွားတယ်။ ရှာရတာကအစ ခက်ခဲတယ်ပေါ့။ အဓိက တော့ ငွေကြေးရှာရတာခက်ခဲတယ်။ အပြိုင် အဆိုင်ဖြစ်တယ်။ နေစရာကတော့ တော်တော်လေး ခက်ခဲ တယ် ။ ဖြစ်နိုင်ရင်တော့ ငြိမ်းချမ်းရေး ပြန်ဖြစ်ဖို့ ပဲမျှော်လင့်တယ်။ ဒါမှလည်း အားလုံးက အရင်လိုပြန်တည်ဆောက်နိုင်မယ့် အနေအထားတစ်ခုလိုဖြစ်လာမယ်” ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအနက် အခြေခံလူတန်းစားများမှာ အသက်ရှင်သန်ရပ်တည်ရေးအတွက် အရှက်ကိုပင်မငဲ့ပဲ အကူအညီတောင်းကြရ ခြင်းများရှိနေကြောင်းလည်း သိရသည်။
“ရေတိုစီးပွားရေးလေးတွေတော့ လုပ်နေကြပါပြီ။ အခြေခံလူတန်းစားကတော့ ဝန်ထမ်းပဲလုပ် နေကြတယ်။ လူလတ်တန်းစားတွေကတော့ သူတို့ ကျန်တဲ့ဟာလေးတွေနဲ့ တစ်နိုင်တစ်ပိုင် လေးတွေ တော့ လုပ်နေကြရတာတွေရှိတယ်။ ကျွန်တော်တို့အပါ အဝင်ပေါ့။ အခြေခံ လူတန်းစာတွေကတော့ အဆင်မပြေတော့ဘူးဆိုရင် အကူအညီတောင်းရတယ်။ စစ်ဘေးရှောင်စခန်းတွေကိုသွားနေတာမျိုးတို့ အခြား နေရာတွေကို အကူအညီတောင်းတာမျိုးတို့ပေါ့။ တစ်နိုင်တစ်ပိုင်လေးတွေတော့ သွားနေကြပါတယ်။ အဆင်ပြေလားဆိုတော့ အဆင်မပြေပါဘူး”ဟု ၎င်းက ပြောသည်။
လူမှုကွန်ရက်စာမျက်နှာများတွင်လည်း စစ်ဘေးရှောင်များ၏ အခက်အခဲများကိုစာနာသည့် ဒေသခံများက ၎င်းတို့၏လုပ်ငန်းများတွင် ခေါ်ယူ အလုပ်ပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူအချင်းချင်း အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ပြောကြား ခြင်း၊ ငှားရမ်းခလျှော့ယူခြင်းစသဖြင့် ပြည်သူအချင်းချင်းအကြား ဖေးမကူညီမှုများလည်း တွေ့နေရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် ခိုးဆိုးလုယက်မှုများ ယခင်ထက်များပြားလာပြီး အဖွဲ့လိုက် ချိတ်ဆက်လှုပ်ရှားနေ
RELATED POSTS
14 Jul 2025 | အထွေထွေ,နိုင်ငံတကာ
13 Jul 2025 | အထွေထွေ,နိုင်ငံတကာ