Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(OWIC)ကတ်ပြုလုပ်ပေးမည်ဆိုကာ မသိနားမလည်သူများထံမှ ကြားခံပွဲစားများက ငွေကျပ် သိန်းချီယူကာ ကတ်အတုများပြုလုပ်ပေးနေ

သန့်ဇင် (NSS) - အောက်တိုဘာ ၃ဝ 

ပြည်ပအလုပ်အကိုင် သက်သေခံ(OWIC)ကတ်ပြုလုပ်ပေးမည်ဆိုကာ မသိနားမလည်သူများထံမှ ကြားခံပွဲစားများက ငွေကျပ်သိန်းချီယူကာ ကတ်အတုများပြုလုပ်ပေးနေကြောင်း NSS က စုံစမ်းသိရှိရသည့် အချက်အလက်များအရ သိရသည်။


ပြည်ပထွက်ခွာရာတွင် လိုအပ်သည့် ပြည်ပအလုပ်အကိုင် သက်သေခံ(OWIC)ကတ်ကို မြောက်ဒဂုံမြို့နယ်ရှိ အလုပ်သမားသင်တန်းကျောင်းနှင့် မရမ်းကုန်းမြို့နယ်ရှိ (၈)မိုင် အလုပ်သမားရုံးတွင်လည်း စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှစတင်ကာ (Passport for visit-PV) အမျိုးအစား ပတ်စ်ပို့စ်ဖြင့် အလုပ်သွားရောက်လုပ်ကိုင်မှုများ ပြားလာသောကြောင့် ပြည်ပသို့ အလုပ်သွားလုပ်မည့် သူများအနေဖြင့် (OWIC)ကတ်ရရှိမှသာ သွားရောက်လုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာန ကပြီးခဲ့သည့် လပိုင်းကထုတ်ပြန်ထားသည့် အချက်အလက်များအရသိရသည်။

" ကျွန်မတော့ ပွဲစားက(OWIC)ကတ် ကိုလုပ်ပေးမယ်။ (၁၀)သိန်းပေးရမယ်။ တချို့ကတော့ (OWIC) ရမယ်။ (၈)သိန်းပေးရမယ်လို့ ပြောတယ်။ ကျွန်မအပြင်မှာ စုံစမ်းကြည့်တဲ့အခါမှာတော့ စနစ် တကျလုပ်ရတာလေ။ အဲဒီလောက်မှ မလွယ်တာ။ ဒါပေမဲ့ မသိတဲ့လူတွေကတော့ ခံရတာပေါ့။ ကျွန်မကိုယ် တိုင်တောင်အလိမ်ခံရလိုဖြစ်ခဲ့သေးတယ်" ဟု ပြည်ပ သို့ ထွက်ခွာရန်ကြိုးပမ်းနေသော သက်လတ် ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက NSS ကိုပြောသည်။

ထို့နောက် ပြည်ပအလုပ်အကိုင် သက်သေခံကတ်(OWIC) ပြုလုပ်ရာတွင် မသိနားမလည် သူများထံမှ ကြားခံပွဲစားများက ဈေးကွက်ဖွင့်ကာ ငွေကျပ်(၁)သိန်းမှ (၁၀) သိန်းယူကာ ကတ်အတုများပြုလုပ်လိမ်လည်နေသည့် ဖြစ်စဉ်များလည်းများစွာ ဖြစ်ပွားနေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

"ဟုတ်တယ် လုပ်နေကြတယ်။ အစကတော့ တစ်သိန်းခွဲ (၂)သိန်း။ နောက်တော့ (၃)သိန်း၊ (၄)သိန်းကနေ တဖြည်းဖြည်းများလာတာ။ အဲဒီလို လုပ်ချင်တဲ့သူတွေ အပေါ်မူတည်ပြီး တဖြည်းဖြည်းနဲ့ မြင့်လာတာ"ဟု ၎င်းကဆက်လက်ပြောသည်။ 

လိမ်လည်သူများအနေဖြင့် Facebook စာမျက်နှာများတွင် (OWIC) ကတ်နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးမည်ဆိုကာ လိမ်လည်ခြင်းများ ရှိနေပြီး အဆိုပါအကောင့်များကို ဆက်သွယ်မိရာမှ လိမ်လည်ခံရသူများလည်းရှိနေကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ "အဓိကကတော့ လိမ်နေတာပေါ့။ လိမ်နေ တယ်ဆိုတာက လေဆိပ်မှာလည်း အဲဒီလိုမျိုး ကတ် အတုတွေနဲ့မိပြီးတော့ ပြန်လွှတ်ခံရတာ တွေလည်း ကြားနေရတယ်။ ဟိုတလောကလည်း ကျွန် တော်တို့ရှေ့တင်ပဲတွေ့လိုက်တာ။ ကျွန်တော်တို့ အေဂျင်စီကိုလည်း လာပြီးတော့ ဆက်သွယ်ကြတယ်။ သူတို့ (OWIC)  ကတ်လုပ်နေတယ်ပေါ့နော်။ အဓိက ကတော့ အရှေ့က ကုမ္ပဏီနာမည်ခံပေးဖို့ဆိုပြီးပြောလာ တာ။ ကျွန်တော်တို့က မေးတော့ သူတို့က ဘယ်လို လဲဆိုတော့ ပြောရရင်တော့ အိမ်ဖော်အလုပ်တွေဗျ။ အဓိကတော့ ကျွန်တော်တို့ ကုမ္ပဏီနာမည်လိုချင်လို့ လုပ်ကြတာပေါ့။ အဲဒီလိုမျိုးတွေရှိတယ်"ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်ပထွက်ခွာခွင့်ကို အသက်အပိုင်းအခြားအလိုက် ကန့်သတ်လိုက်ခြင်း အပေါ်(OWIC) ကတ်အတုများဖြင့် လိမ်လည် နေသည့် ပွဲစားများအကြား ဈေးကွက်တစ်ခု ဖြစ်ပွား လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

"ပွဲစားတွေကတော့ အတွေ့အကြုံတွေက လည်း များလာပြီလေ။ အဲဒီလိုဆိုတော့ ဘယ်လို လိမ်ရင်ဘယ်လောက်ရတယ်ဆိုတာ သူတို့အကုန် သိနေတာ။ ပြောရရင်တော့ အသက်ကန့်သတ်ချက် တွေနဲ့ ကလေးတွေက ပစ်မှတ်တစ်ခုပဲပေါ့နော်။ အဲဒီလိုအတားအဆီး တွေက လိမ်တဲ့လူတွေအတွက် လိမ်ရတာပိုအဆင်ပြေတာပေါ့နော်။ ပြောရရင်တော့ တရားဝင်သွားတာ အလုပ်လုပ်ကိုင်တာက အမှန်ပြော ရရင် (၆)လ တစ်နှစ်တော့ကြာတယ်လေ။ ဆိုတဲ့အခါ ကျတော့ သွားမယ့်လူကတော့ သွားရဖို့အဓိကဆိုတော့ အဲဒီအချက်တွေက အလိမ်ခံရဖို့အတွက် လွယ်ကူတဲ့ အချက်တွေပေါ့။ မလိမ်လောက်ပါဘူးဆိုတဲ့လူတွေကလည်းရှိတယ်။ ပွဲစားတွေကတော့ အဆိုးဆုံးပဲ။ ရွာခံပွဲစား ကနေစပြီး ပွဲစားအဆင့်ဆင့်မှာ အလိမ် ခံရရင် ဘယ်ကစလိုက်လို့လိုက်ရမှန်းမသိဘူးဖြစ်တာ အဲဒါဖြစ်တာပေါ့"ဟု အထက်ပါ သတင်းအရင်းမြစ်က ပြောသည်။

အထက်ပါ လိမ်လည်မှုဖြစ်စဉ်များကြောင့် ပြည်ပသို့ထွက်ခွာအလုပ်လုပ်ကိုင်လိုသူများအနေ ဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ် ပေါ်စေရေးအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင်သွားရောက်လျှောက်ထားကြရန် ပြီးခဲ့သည့် အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းက တိုက်တွန်းထားသည်။"တိုင်ကြား တာရှိရင် အရေးယူဖို့ရှိပါတယ်။ အခုထိတော့ တိုင် ကြားတာမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက် ပေးစရာမရှိပါဘူး"ဟု အလုပ်သမားဝန်ကြီးဌာမှ အမြဲ တမ်းအတွင်းဝန် ဦးညွန့်ဝင်းက NP News သို့ ပြောသည်။

(OWIC)  လျှောက်ထားမှုကို ပွဲစားများက အထောက်အထားအတုဖြင့် ဆောင်ရွက်မှုများရှိနေပြီး စိစစ်တွေ့ရှိပါက အလုပ်သမားကိုပါအရေးယူမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးသည်။    

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Export Earning ပြနိုင်သည့် EV ကုမ္ပဏီ(၂၅)ခုကို တစ်ပတ်လျှင်ဒေါ်လာနှစ်သိန်းနှုန်းဖြင့် အလှည့်ကျတင်သွင်းခွင့်ပေးနေ

RECENT POSTS
အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
20 May 2025
NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များလုပ်ခဲ့ဟု နစကဥက္ကဋ္ဌဆို
20 May 2025
အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ အမေရိကန်နဲ့ယူအေအီးတို့ သဘောတူ
20 May 2025
ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော
20 May 2025
UEC ကို မင်းသားခန့်စည်သူ သိန်း ၂၀၀ ဖိုး လှူဒါန်းခြင်း၊ လားရှိုးမှာ လဝက လုပ်ငန်းတွေ ပြန်စပြီ၊ မပြေလည်သေးတဲ့ ချန်းရီဖိနပ်စက်ရုံအလုပ်သမားကိစ္စ၊ NUG-PDF တို့ရဲ့ကမ္ဘာ့ပထမဆုံး ထူးခြားတဲ့လက်နက်(၁၉၊၅၊၂၀၂၅)
19 May 2025
(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်မည် ကို တိုးမြှင့်မည်
19 May 2025
ပြင်သစ်တွင် Made in Myanmar ထုတ်ကုန်များ ပြသမည်
19 May 2025
ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦး အုပ်စုဖွဲ့အရိုက်ခံရ
19 May 2025
ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော
19 May 2025
အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား
19 May 2025
အီရန်နဲ့ အဇာဘိုင်ဂျန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်
19 May 2025
KNU စောထူးထူးလေး ကွယ်လွန်မှုနဲ့ EAO ခေါင်းဆောင်ဟောင်းတို့ ရွက်ဟောင်းကြွေချိန်၊ UEC နဲ့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီကြားက အလွဲ၊ ဇူလိုင်လ ကြားဖြတ်အစိုးရ အဖွသတင်း၊ ဟာသ သရုပ်ဆောင်စူပါလင်းရဲ့ယာဥ်မတော်တဆမှု (၁၈၊ ၅၊ ၂၀၂၅)
18 May 2025
အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော
18 May 2025
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
18 May 2025
အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်
18 May 2025
နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ
18 May 2025
“ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့အနုပညာရှင်တစ်ဦးရဲ့ယာဉ်တိုက်မှုသတင်း”
18 May 2025
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
18 May 2025
CDF Mindat က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလုပ်ဆောင်
18 May 2025
အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ
18 May 2025
FOLLOW US

Copyright © News Services Station | All Right Reserved