Shine Muscat အစိမ်းရောင် စပျစ်သီးတွေမှာ ဓာတုဓာတ်ကြွင်းတွေ မြင့်မားစွာပါဝင်နေတယ်လို့ ထိုင်းအာဏာပိုင်တွေ သတိပေး
ရောင်နီ (NSS) - အောက်တိုဘာ ၃ဝ
Shine Muscat အစိမ်းရောင် စပျစ်သီးနမူနာတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုအကြွင်းအကျန်တွေ မြင့်စားစွာ ပါဝင်နေတာ တွေ့ရှိရတယ်လို့ ထိုင်းအာဏာပိုင်များနဲ့ အဖွဲ့အချို့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းပိုးသတ်ဆေးသတိပေးရေးကွန်ရက် (Thai-PAN) က ထိုင်းနိုင်ငံစားသုံးသူများ ကောင်စီ (TCC) နဲ့ နိုင်ငံရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) တို့နဲ့အတူ ပူးပေါင်းစစ်ဆေးခဲ့ရာမှာ ဓာတ်ခွဲစမ်းသပ်မှု နမူနာ (၂၄)ခုမှာ (၂၃)ခုဟာ ပိုးသတ်ဆေးဓာတု အကြွင်းအကျန်တွေ မြင့်မားစွာပါဝင်နေတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဓာတ် ခွဲစစ်ဆေးမှု ပြုလုပ်ဖို့အတွက် အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်က TCC ဟာ နေရာအသီးသီးမှ အစိမ်းရောင် စပျစ်သီး ၂၄ ခု (အွန်လိုင်းဆိုင်များမှ ၂ ခု၊ သစ်သီးဆိုင်များနဲ့ ဈေးများမှ ၇ ခုနဲ့ စူပါမားကတ်များမှ ၁၅ ခု)တို့ကို ဝယ်ယူခဲ့ပါတယ်။
အဲဒီစပျစ်သီးတွေထဲက နမူနာကိုးခုကို တရုတ်နိုင်ငံသွင်းကုန်အဖြစ် သတ်မှတ်ထားပြီး အခြား စပျစ်သီးတွေရဲ့ ဇာစ်မြစ်တွေကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ နမူနာ ၂၄ ခုမှာ ၂၃ ခုဟာ ပိုးသတ်ဆေး အကြွင်းအကျန်များ အလွန်မြင့်မားစွာ ပါရှိနေတာ တွေ့ရှိရပြီးဘေးကင်းလုံခြုံရေးကန့်သတ်ချက် 0.01mg ထက်ကျော်လွန်ပြီး အန္တရာယ်ရှိ ဓာတုအကြွင်းအကျန် ၁၄ ခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် TCC ဟာ ဒီလို ညစ်ညမ်းနေ စပျစ်သီးတွေ တင်သွင်းသူတွေကို တရားဥပဒေအရ အရေးယူဖို့ FDA ကို တိုက်တွန်းထားပြီး ညစ်ညမ်းတဲ့ စပျစ်သီးတွေကို စွန့်ပစ်ဖို့၊ ဖြန့်ဖြူးခြင်း မပြုရသေးတဲ့ဘတင်သွင်းလာတဲ့ စပျစ်သီးတွေကို သေသေချာချာ စစ်ဆေး
ဖို့လည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(OWIC)ကတ်ပြုလုပ်ပေးမည်ဆိုကာ မသိနားမလည်သူများထံမှ ကြားခံပွဲစားများက ငွေကျပ် သိန်းချီယူကာ ကတ်အတုများပြုလုပ်ပေးနေ
RELATED POSTS
27 Sep 2025 | ဗဟုသုတ,ပြည်တွင်း
29 Jul 2025 | ဗဟုသုတ,နိုင်ငံတကာ
23 Jul 2025 | ဗဟုသုတ,နိုင်ငံတကာ
