မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး

ယွန်း (NSS) - အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီး နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာ နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ(၂၄)ရက်တွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများမှာသာမက အခြားကဏ္ဍများတွင်လည်း တိုးတက်လျက်ရှိပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးအတွက် အကျိုးပြုလျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၁၅၀ ဒသမ ၁၈၁) ရှိခဲ့ကြောင်း သိရသည်။ထို့ပြင် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသပေါင်း (၅၃)ခုအနက် ယခုဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အဆင့် (၁၁) တွင် ရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့အကြား ဒီဂျစ်တယ်မှုခင်းသိပ္ပံဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့်ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ရေထောက်ပံ့ရေးစီမံချက် စသည့်နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သောဓာတ်ငွေ့အမျိုးအစား ရေပလတ်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ်သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက် စသည့်နားလည်မှု စာချွန်လွှာများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
RELATED POSTS
25 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း