Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)

ဒေါက်တာလွင်သန့် (NSS) - အောက်တိုဘာ ၂၅

           ကူးစက်တတ်သောရောဂါများသည်မျက်စိဖြင့်မမြင်နိုင်သော ရောဂါပိုးမွှားများကိုယ်ထဲဝင်ရောက်ခြင်းကြောင့် ဖြစ်ရပါသည်။ ဤရောဂါပိုးများမဝင်ရောက်အောင်ကာကွယ်လိုလျှင် ကလေးဘဝကာကွယ်ဆေးများစုံလင်အောင်ထိုးထားသင့်တယ်။ ရောဂါပိုးများကူးစက်ပျံ့နှံ့မှုကို ဦးစွာသိထားရန်လိုသည်။ ရောဂါများသည် နည်းအမျိုးမျိုးနှင့်ကူးစက်စေသည်။

           အအေးမိ၊ နှာစေး၊ ချောင်ဆိုး၊ လည်ချောင်းနာခြင်း နှင့် ပါးချိတ်ရောင်ရောဂါတို့ကိုဖြစ်စေသော ရောဂါပိုးမွှားများသည် လေထဲမှတစ်ဆင့် ပျံ့ပွားနိုင်ပါသည်။ ရောဂါရသူချောင်းဆိုးလျှင်၊ စကားပြောလျှင်ပင် ရောဂါပိုးမွှားများလေထဲသို့ပျံ့လွင့်ပြီး အခြားသူထံရောက်သွားနိုင်သည်။ အရေပြားပေါ်၌ဖြစ်စေတတ်သောရောဂါများမှာ မျက်နှာသုတ်ပဝါ၊အဝတ်အစားတို့ကို ရောနှောသုံးစွဲလျှင်လည်း ကူးစက်တတ်သည်။ ဝမ်းနှင့်ပက်သက်သောရောဂါများမှာမူ မသန့်ရှင်းသောလက်များဖြင့် အစားအသောက်များကို ကိုင်တွယ်ချက် ပြုတ်ရာမှဖြစ်တတ်သည်။ ဝမ်းသွားပြီးတိုင်း လက်ကိုရေ၊ ဆပ်ပြာ နှင့် စက္ကန့်(၂၀)ကြာပွတ်တိုက်ဆေးကြောသင့်သည်။ လက်မှာ ပြည်တည်နာ(ဝဲ)များပေါက်နေသည်ကို ဂရုမစိုက်ပဲအစားအသောက်ကိုကိုင်တွယ်လျှင် ရောဂါပိုးများသည် အစားအသောက်မှတစ်ဆင့်ကိုယ်ထဲသို့ဝင်နိုင်သည်။ ခြင်၊ ယင်၊ ကြွက်၊ သန်းတို့ကလည်း ရောဂါရနိုင်သည်။ ရောဂါပိုးများကိုသယ်ဆောင်၍ လူကိုကိုက်ခြင်း၊ အစာပေါ်နားခြင်းဖြင့် ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေတတ်ပါသည်။

        ယခုအခါ ကူးစက်တတ်သောရောဂါများကို ကာကွယ်တားဆီးပေးမည့်ကာကွယ်ဆေးအမျိုးမျိုးကလေးဘဝတွင် ပြည့်စုံစွာထိုးနှံပေးနေပါသည်။ အသက်(၂)လ၊(၄)လ နှင့် (၆)လတို့တွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး၊ အသည်းရောင်ဘီကာကွယ်ဆေး၊ ဦး နှောက်အမြှေးရောင်ရောဂါကာကွယ်‌ဆေးစတဲ့ဆေးငါးမျိုးပါ (Pantavalid) ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။ အသက်(၂)လနှင့်(၁)နှစ်သားတွင် အဆုတ်တီဘီကာကွယ်ဆေး(BCG) ထိုးနှံပေးပါသည်။ ကလေးအသက်(၉)လနှင့် အသက်(၁၈)လတို့တွင် ဝက်သက်(measles) ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။ အသက်(၅-၁၄)နှစ်တွင်ဝက်သက်နှင့် ဂျိုင့်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးသည်။ အမျိုးသမီးငယ်များအသက်(၈ နှစ် နှင့် ၁၂ နှစ်)တွင်သားအိမ်ခေါင်ကာကွယ်ဆေးနှစ်ကြိမ်၊ တစ်လခြားကာထိုးနှံစေသည်။ ကလေးအသက် (၅-၁၈)ခုနှစ်မှာကိုဗစ်(၁၉)ကာကွယ်ဆေး(၂)ကြိမ်၊ ထပ်ဆင်မြင့်ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံစေပါတယ်။ ကလေးအသက်(၅)လမှာ အသက်ရှူလမ်းကြောင်းရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် ရိုတာဗိုင်းရပ်(Rota virus)ဝမ်းလျှောကာကွယ်ဆေးပါးစပ်မှ ကျွေးပါသည်။

              ကလေးအအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါဖြစ်နိုင်ပါတယ်။ အအေးမမိအောင်၊နှာမစေးအောင်၊ ယနေ့ထိမည်သူမျှအောင်အောင်မြင်မြင်၊ မကာကွယ်နိုင်သေးပေ။ နို့တိုက်မိခင်သည် နှာစေး၊ ချောင်းဆိုးနေလျှင် နို့စို့ကလေးကိုလည်း ကူးစက်မည်မှာအမှန်ဖြစ်တယ်။ မိခင်အနေဖြင့် နှာခေါင်းပါးစပ်ကိုနှာခေါင်းစည်းစည်းပြီးမှ ကလေးငယ်ကိုနို့တိုက်ခြင်း၊ ရေချိုးပေးခြင်းနှင့်အဝတ်အစားလဲပေးခြင်း၊ ဖြည့်စွက်စာကျွေးခြင်းတို့ပြုလုပ်ပါကအဆိုပါကလေး ရောဂါပိုးမဝင်အောင်ကာကွယ်နိုင်ပါတယ်။ နှာစေးအအေးမိသောအခြားသူများကိုလည်း ကိုယ့်ကလေးငယ်နှင့်ဝေးဝေးနေသင့်တယ်။ ထို့သို့ဖြစ်နေသူများသည်၊ကလေးငယ်ကို ချီးမြှောက်မြှုဆွယ်ခြင်း၊ နမ်းရှုပ်ခြင်းလုံးဝမပြုသင့်ပါဘူး။

               သတိပြုရန်မှာ မွေးစကလေးငယ်များမှလွဲ၍၊ အခြားသောကလေးငယ်များကိုအအေးမမိအောင်၊ နှာမစေးအောင်၊ အထူးဂရုစိုက်ကာကွယ်ပေးရန်မလိုပေ။ ကလေးများ သည် အသက်(၆-၇)နှစ်အရွယ်တွင် အအေးမိခြင်းကာကွယ်နိုင်ပါတယ်။ ရာသီအလိုက်သင့်တော်သော အဝတ်အစားများကို ဝတ်ဆင်စေချင်တယ်။ ကလေးအား အအေးမမိအောင်အပြင်မထွက်ရ၊ မကစားရစသည်ဖြင့် တားမြစ်ခြင်းမှာအကျိုးမရှိပေ။ တုပ်ကွေးသည်မိုးဦးကျရာသီတွင် အဖြစ်များပြီး တုပ်ကွေးကာကွယ်ဆေးနှစ်စဉ်ထိုးနှံပေးခြင်းဖြင့် ကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်။  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါငါးမျိုးကို တစ်ပြိုင်တည်းကာကွယ်ပေးနိုင်သော ကာကွယ်ဆေးကိုထိုးနှံပေးနိုင်ပါတယ်။ အဆိုပါရောဂါများသည် ကလေးငယ်အတွက် အလွန်အခံရခက်သောဝေဒနာဆိုးများဖြစ်ပြီး ကလေးငယ်သေနိုင်သည်ထိ ဖြစ်တတ်ပါတယ်။ ကလေးတိုင်းမပျက်မကွက်ထိုးနှံသင့်တယ်။

       ဆုံဆို့နာသည်ရောဂါပိုးဝင်ရောက်ပြီး(၇-၁၂)ရက်ကြာပြီးမှ ရောဂါလက္ခဏာများပေါ်လာတတ်ပါတယ်။ ဆုံဆို့နာဖြစ်သောကလေးငယ်နှင့်ထိတွေ့ရသော အခြားကလေးများကို ရောဂါနှင့် ထိတွေ့စတစ်ရက်နှစ်ရက်အတွင်း ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ရောဂါလက္ခဏာများမပေါ်လာအောင်ကာကွယ်တားဆီးပေးနိုင်သည်။ ကြက်ညှာချောင်းဆိုးများသည် ရောဂါပိုးဝင်ပြီး (၇)ရက်ကြာမှရောဂါလက္ခဏာများပေါ်လာပါတယ်။ (၄-၅)ပတ်ထိအခြားသူများကိုကူးစက်နိုင်ပါတယ်။ သီးသန့်ခန်းတွင် သီခြားကုသမှုခံယူသင့်ပါတယ်။ အသည်းရောင်ဘီက အသည်းကင်ဆာဖြစ်စေပါတယ်။ အသည်းရောင်ဘီရောဂါရှိမိခင်မှကလေးကိုနို့တိုက်မိခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ သွေးသွင်းကုသမှုများ၊ မသန့်သောဆေးထိုအပ်များမှာလည်း ကူးစက်နိုင်ပါတယ်။

             ဦးနှောက်အမြှေးရောင်ရောဂါမှာ မိုးအကုန်ဆောင်းရာသီဝင်ကာစတွင် အကူးစက်နိုင်ဆုံးဖြစ်ကာ ရောဂါဖြစ်သောလူကြီးမှတစ်ဆင့်ကလေးငယ်ကို လေမှတစ်ဆင့်ကူးစက်စေပါတယ်။ ဒါကြောင့်ဆေးငါးမျိုးပါ(Pantavalid)ထိုးနှံသင့်ပါတယ်။ အသက်(၂)လ၊(၄)လနဲ့ (၆)လအရွယ်တို့တွင် သက်ဆိုင်ရာဒေသန္တရဆေးခန်းများ၌စားရင်းပေးကာထိုးနှံနိုင်ပါတယ်။ ဝက်သက်(measles)ရောဂါကိုလည်း ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင် ပါတယ်။ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံရုံဖြင့်(၉၀%)ကာကွယ်နိုင်တယ်။ ဝက်သက်ကာကွယ် ဆေးထိုးပြီး (၂၄)နာရီမှ(၆)ရက်ကြာတဲ့အထိ အဖျားတက်တတ်တယ်။ ဝက်သက်ရောဂါ သည် ကလေးငယ်များတွင်ဖြစ်လျှင် ပြင်းထန်တတ်သဖြင့်ကာကွယ်ဆေးကိုကြိုတင်ထိုးနှံသင့်ပါတယ်။ အသက်(၉)လနှင့်(၁၈)လတို့မှာ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံသင့်ပါတယ်။ 

            ရေကျောက်ကိုမူ ကာကွယ်ဆေးဖြင့်မကာကွယ်နိုင်သေးပါ။ ကလေးငယ်များတွင်ရေကျောက်(Chicken pox)မှာ ကြီးကျယ်သောရောဂါမဟုတ်သဖြင့် ကလေးမချူချာလျှင်အထူးကာကွယ်ရန်မလိုအပ်ပါ။ သို့သော်ရေကျောက်မကူးရအောင် မိသားစုတွင်ကလေးတစ်ယောက်ရေကျောက်ပေါက်လျှင် ကျန်းကလေးလေးပုံသုံးပုံမှာ ကူးစက်သွားလေ့ရှိသည်။ ပါးချိတ်ရောင်ခြင်းဖြစ်နိုင်တယ်။ ကလေးအသက်(၅-၁၄)နှစ်တွင် ဝက်သက်နှင့်ဂျိုင့်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးပါတယ်။ ပါးချိတ်ရောင်(Mumps)(သို့)ဂျိုင့်သိုးရောဂါ သည် ကူးစက်တတ်သော်လည်း အိမ်မှာပင်ပြုစုထားနိုင်ပါတယ်။ ကလေး(၅)‌ယောက်အနက်(၁)ယောက်တွင်သာ ရောဂါကူးစက်လေ့ရှိတယ်။‌ ယောကျာ်းလေးများတွင်ပါးချိတ်ရောင်ခြင်းသည်အသက်(၁၄)နှစ်ကျော်မှရောင်ခြင်းထက်ပို၍ အန္တရာယ်ကင်းသည်။အရွယ် ရောက်ကာစ ပါးချိတ်ရောင်ခြင်း(Mumps)ဖြစ်လျှင် ဝှေးစေ့ပါရောင်ရမ်းမိသွားတတ်ပါသတယ်။ ပါးချိတ်ရောင်ပြီးပါက တစ်သက်လုံးရောဂါကာကွယ်နိုင်စွမ်းရှိသဖြင့် နောက်ထပ်မဖြစ်နိုင်တော့ပါ။

            ပိုလိယိုအကြောသေရောဂါ(Poliomylitis)သက္ကရာဇ်(၂၀၀၀)ပြည့်နှစ်တွင်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကင်းစင်သွားသော်လည်း မြန်မာနိုင်ငံဘူးသီးတောင်၊ မောင်တောမြို့နယ်များ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်နေဆဲရှိသဖြင့် ယနေ့တိုင်ကလေးဘဝကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းတွင်ပါဝင်နေမြဲဖြစ်ပါတယ်။ အကြောသေရောဂါဖြစ်သူကလေးများကို ကူးစက်ရောဂါကုဆေးရုံများတွင် သီးသန့်ထား၍ကုသရပါတယ်။ ရောဂါရပြီး (၁၄)ရက်ကြာတွင် မများမတတ်ပါဘူး။ အခြားသူများထံ ရောဂါကူးစက်နိုင်သောအခြေအနေမရှိဟု ယူဆရပါသည်။

          အဆုတ်ရောဂါ(TB)သည် မြန်မာနိုင်ငံတွင် အလွန်အဖြစ်များသည်။ နေမှုအဆင့်အ တန်းနိမ့်ကျခြင်းကြောင့်သော်လည်းကောင်း၊ ၄င်းစီးပွားရေးနိမ့်ကျမှုကြောင့်သော်လည်း ကောင်းဖြစ်နိုင်ပါတယ်။ ရောဂါမဖြစ်ရန်ကာကွယ်နည်းများရှိပါတယ်။ ကလေးအသက်(၂) လ နှင့် (၁)နှစ်သားတွင် ဘီစီဂျီ(BCG)ထိုးနှံကာကွယ်နိုင်တယ်။ အခြားအသက်အပိုင်း အ ခြားတွင် ဘီစီဂျီ(BCG)ထိုးဆေးက အစွမ်းမပြနိုင်ပါ။ အဆုတ်(T.B)ရောဂါမှာ မျိုးရိုးလိုက်သောရောဂါမဟုတ်ပါ။ သို့သော်မိသားစုတွင် တီဘီဆေး(TB)ဆေးသောက်သူ၊ ဖြစ်နေသူရှိနေလျှင် ကလေးငယ်ကိုကူးစက်ရန်အလွယ်ကူဆုံးဖြစ်ပါတယ်။ ရောဂါရသောသူနှင့်တစ်ရင်းတစ်နှီးနေရင်သော်လည်းကောင်း၊ အဆုတ်တီဘီပိုးပါသောနွားနို့ကို မကျက်တကျက်(သို့)အစိမ်းအသောက်လျှင်သော်လည်းကောင်း၊ တီဘီရောဂါကူးစက်တတ်ပါတယ်။ နွားနို့ကိုကျက်အောင်ချက်ပြီးမှတိုက်သင့်ပါတယ်။ တီဘီ(TB)ကုသနေဆဲသူများနှင့်ဝေးဝေးထားသင့်ပါတယ်။ သို့ဆိုလျှင်တီဘီမဖြစ်နိုင်ပါ။

            အသက်ရှူလမ်းကြောင်းရောဂါကာကွယ်ဆေးသည် အသက်(၅)လတွင် ထိုးနှံစေပြီး၊ ကလေးများဘဝအစ၊ အသေပျောက်ဆုံးရောဂါတွင်ပါဝင်သောကြောင့် ယခုအခါတစ်ကမ္ဘာလုံးထိုးနှံနေကြပြီ။ ပါးစပ်မှ ရိုတာဗိုင်းရပ်ကာကွယ်ဆေး(Rota virus) တိုက်ကျွေးကာဝမ်းလျှောဝမ်းပျက်ရောဂါမှလည်းကြိုတင်ကာကွယ်နိုင်ပြီဖြစ်ပါတယ်။

          သားအိမ်ခေါင်ကင်ဆာသည် အိပ်ချ်ပီဗီ(HPV)ဗိုင်းရပ်(Human papilloima virus) ရောဂါကူးစက်ခံရသောကြောင့်ဖြစ်သည့် ကင်ဆာရောဂါဖြစ်သည်။အသက်ငယ်ငယ်ရွယ်ရွယ်နှင့်လက်ထပ်ခြင်း၊ ကလေးယူခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ မိမိ၏ခင်ပွန်းတွင်လိင်ဆက်ဆံဖော်များခြင်းတို့မှအိပ်ပီဗီ(HPv Human papilloma virus)ကူးစက်ကာသားအိမ်ခေါင်းကင်ဆာဖြစ်စေပါတယ်။ သားအိမ်ခေါင်းကာကွယ်ဆေးကို(၈-၁၂)ရွယ်အမျိုးသမီးငယ်များတစ်လခြားနှစ်ကြိမ်ထိုးနှံပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ(Ca.Cervix)မှကင်းဝေးစေပါတယ်။

            ကိုဗစ်(၁၉)ဗိုင်းရပ်က(၂၀၁၉)ခုနှစ်ဒီဇင်ဘာလယ်က တရုတ်နိုင်ငံဝူဟန်မြို့မှစတင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအသွင်ဖြစ်ပွါးခဲ့ရာ ယနေ့တိုင်အချို့ဒေသများတွင် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို အသက်(၅-၁၈)နှစ်တွင်ထိုးနှံပြီး၊(၁)လကြာလျှင်ဒုတိယအကြိမ် ထိုးနှံစေကာ(၆)လကြာလျှင်ပထမအကြိမ်ထပ်ဆင့်မြှင့်ထိုးဆေး၊နောက်(၆)လကြာလျှင်ဒုတိယအကြိမ်ထပ်ဆင့်မြင့်ထိုးနှံခြင်းများပြုလုပ်ပါက ကိုဗစ်ရောဂါဖြစ်နိုင်သော်ငြား၊ ဆေးရုံတတ်စရာမလို၊ အောက်စီဂျင်ရှူစရာမလို၊ မပြင်းထန်နိုင်ပါ။ ထို့ပြင် ကိုဗစ်စည်းမျဉ်းများဖြစ်သော နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေဆပ်ပြားတို့ဖြင့်စက္ကန့်(၂၀)ကြာပွတ်တိုက်ဆေးကြောခြင်းတို့က ကိုဗစ်(၁၉)(COVID-19)ကူးစက်နိုင်မှုလျော့ကျစေပါတယ်။ (၅-၁၈)နှစ်ကလေးတိုင်းကိုဗစ်ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး

RECENT POSTS
သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
06 Nov 2024
‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း ”
06 Nov 2024
ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး
06 Nov 2024
အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
06 Nov 2024
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်
06 Nov 2024
ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ
06 Nov 2024
ဖားကန့် တာမခန်၊ ဆယ်ဇင်း မီးလောင်ပြင်၌ အိမ်ပြန်ဆောက်ခွင့်မပြုဘဲ ကျောက်တူးရန် KIA စီစဉ်နေ
06 Nov 2024
Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု သရုပ် ဆောင် ရောဘတ်ဒေါင်နီ ဂျူနီယာပြော
06 Nov 2024
နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့
06 Nov 2024
လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
01 Nov 2024
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved