Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”

ကျွန်းသားငမန်း (NSS) - အောက်တိုဘာ ၂၅

နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေး အလုပ်ခေါ်ကြော်ငြာများ၊ ရေးဖြေအောင်မြင်ပြီး လူ တွေ့နှုတ်ဖြေ စာမေးပွဲအောင်မြင်သူများ၏ အမည် စာရင်းများ၊ အလုပ်ခန့်အပ်ကြောင်း အမည်စာရင်း ထုတ်ပြန်မှုများကို  နိုင်ငံပိုင်သတင်းစာများတွင် မကြာ မကြာ တွေ့မြင်နေရသည်။ ဝမ်းသာစရာကောင်း ပါ၏။ ခန့်အပ်တာဝန်ပေးခြင်းခံရသူများသည် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း မိမိတို့ ၏ဘဝ၊ မိသားစုဘဝတစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ကြတော့မည်ဖြစ်သည်။ 

နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် အသက် (၁၈) နှစ်မှစတင်ဝင်ရောက်နိုင်ပြီး အသက် (၆၂) နှစ်ပြည့် သောအခါ အငြိမ်းစားယူရသည်။ ထို့ကြောင့် နိုင်ငံ့ ဝန်ထမ်းတစ်ဦး၏ အမြင့်ဆုံးလုပ်သက်မှာ (၄၄) နှစ် ဖြစ်သည်။ သို့သော်အများအားဖြင့် နိုင်ငံ့ဝန်ထမ်းအ များစုမှာ လုပ်သက်အားဖြင့် (၃၅)နှစ်ကျော် (၄၀) အတွင်းသာရှိတတ်ကြသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦး တာဝန်ပေးခံရရေးဆိုသည်မှာလည်း လွယ်သည်တော့ မဟုတ်။ သတ်မှတ် ပညာအရည်အချင်းပြည့်မီရမည်။ ကျန်းမာရေး ကောင်းမွန်ရမည်။ အကျင့်စာရိတ္တ ကောင်းမွန်ရမည်။ ထို့ထက် အများနှင့်ယှဉ်ပြိုင်ရင်း မိမိပြိုင်ဘက်ထက် ခေါင်းတစ်လုံးသာမှသာ ရွေးချယ် ခန့်ထားခြင်းခံရနိုင် သည်ဆိုခြင်းကို ဝန်ထမ်းသစ်များသိရှိပြီး ဖြစ်ကြလိမ့်မည်။

ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ပေးခန့်အပ်ခံရပြီ ဆိုသည်နှင့် ထိုသူသည်  နိုင်ငံသားအများပြည်သူ တို့ လိုက်နာရသော ဥပဒေ၊ ကျင့်ထုံး၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလိုက်နာကြရသည်။ တစ်ဆက်တည်း တွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ မိမိ ဌာနမှ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုလည်း လိုက်နာကြရသည်။ အခြားတစ်ဖက်တွင် လည်း နိုင်ငံ့ ဝန်ထမ်းဥပဒေအရသတ်မှတ်ထားသော အခြေခံ ရပိုင်ခွင့်များကိုခံစားခွင့်ရှိသည်။ ထိုသို့သော ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပြီး နိုင်ငံ့ဝန်ထမ်းများ၏ဘဝကို ဖြတ်သန်းကြရသည်။ 

စာရေးသူ၏ဆရာတစ်ဦးက “ ဝန်ထမ်း တစ်ဦးရဲ့ရိုးသားမှုနဲ့သစ္စာရှိမှုကို အသက် (၆၂) ပြည့် ပင်စင်ယူသူများမှာသာတွေ့နိုင်တယ် ” ဟု ဆုံးမ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည် ကို အမှတ်ရမိသည်။ ဆိုရလျှင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရပြီဆိုသည်နှင့် တာ ဝန်ခံမှုနှင့် တာဝန်ယူမှုများရှိလာရပြီဖြစ်သည်။ “ မည်သူတို့အတွက် တာဝန်ခံရမည်နည်း။ မည်သူတို့ အတွက် တာဝန်ယူရမည်နည်း ”


မင်းပြောင်းမင်းလွှဲကာလများနှင့် နိုင်ငံ့ဝန်ထမ်းဘဝ

         စာရေးသူသည် နိုင်ငံ့ဝန်ထမ်းဘဝကို နှစ်ပေါင်း သုံးဆယ်ကျော် တာဝန်ထမ်းဆောင် ဖြတ်သန်းခဲ့သူ ဖြစ်သည်။ စာရေးသူ နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်အမှု ထမ်းခဲ့ချိန်မှစတင်ကာ နိုင်ငံတော်အတွင်း အစိုးရအ ပြောင်းအလဲများကိုတွေ့ကြုံခဲ့ရဖူးသည်။ လုပ်ငန်းခွင် စတင်တာဝန်ထမ်းဆောင်သည့် (၁၉၆၁)ခုနှစ်တွင် သန့်ရှင်း ဖဆပလ (ပြည်ထောင်စုအစိုးရ)အချိန်ဖြစ်ပြီး ထိုစဉ်က ပြည်ထောင်စုပါတီ၏ မြို့နယ်ဥက္ကဋ္ဌများ အာဏာလွှမ်းမိုးနေချိန်ဖြစ်သည်။

အုပ်ချုပ်သူ မြို့ပိုင်၊ နယ်ပိုင်များမှာ ပါတီ ဥက္ကဋ္ဌများကို ကြောက်ရွံ့နေကြရသည်။ သူတို့နှင့်မ တည့်လျှင် နယ်ပြောင်းခံရသည်သာများသည်။ ထို့နောက် (၁၉၆၂)ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် အာဏာကို ထိန်းသိမ်းခဲ့သည်။ မြို့နယ်၊ ခရိုင်၊ တိုင်း လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီများကို ဖွဲ့စည်းကာ တပ်မတော်အရာရှိများ တာဝန်ယူခဲ့ကြသည်။ ထိုကာလ(၁၉၆၂)ခုနှစ်မှသည် (၁၉၇၄)ခုနှစ်တိုင် (၁၂)နှစ် ကြာမြင့်ခဲ့သည်။ (၁၉၇၄) ခုနှစ်တွင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရ တက်လာသည်။ 

(၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်သူကောင်စီအဆင့်ဆင့် ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည်။ (၁၉၇၄)ခုနှစ်မှသည် (၁၉၈၈) ခုနှစ်တိုင်(၁၄)နှစ် ကြာမြင့်ခဲ့သည်။ ထို့နောက်(၁၉၈၈) ပြည့်လွန်နှစ်များ (၂၀၁၀) ပြည့်နှစ်ထိ (၂၂)နှစ်တာ ကာလကိုလည်း တပ်မတော်မှ တာဝန်ယူခဲ့ပြန်သည်။ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသောအစိုးရများ(၂၀၁၀-၂၀၂၀)အထိ ဆယ်နှစ်တာခရီးတွင်မူ ပြည်သူများကရွေးချယ်ပေးသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရေစီအစိုးရဆို သည်များက ဆက်လက်လွှဲပြောင်း တာဝန်ယူခဲ့ကြသည်။ စာရေးသူဝန်ထမ်းဘဝ နှစ်ပေါင်း(၃၀)ကာလ အတွင်းကြုံတွေ့ခဲ့ရသော အပြောင်းအလဲများ၊ ဖြတ်သန်းမှုများပင်ဖြစ်သည်။

စာရေးသူတို့ဝန်ထမ်းဘဝကာလ ဖြတ်သန်းတွေ့ကြုံခဲ့ရသော (၁၉၈၈) ခုနှစ်အရေးအခင်းသည် မြန်မာနိုင်ငံအား ပြိုကွဲပျက်စီးလုနီးပါးဆိုက် ရောက်စေခဲ့သည်။ ထိုစဉ်က တိုင်းပြည်၏အခြေအနေမှာ များစွာ ဆိုးရွားခဲ့သည်။ နိုင်ငံတော်အချုပ်အခြာ အာဏာပျက်ပြားခဲ့လုနီးပါးဖြစ်ခဲ့ရသည်။ အချုပ်အခြာ အာဏာတွင် တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့ပါဝင်သည်။ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသောအခါ အုပ်ချုပ်ရေးအာဏာကင်းမဲ့သလိုဖြစ်သွားရသည်။ တရားစီရင်၊ ဥပဒေပြုရေး၊ အာဏာများတည်ရှိနေ သော်လည်း ထိုအာဏာကိုသုံးစွဲ၍မရ။ ဤအခြေအ နေမှာအချုပ်အခြာအာဏာ ယိုင်နဲ့လာမှုပင်ဖြစ်သည်။ (၁၉၈၈) ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်များ၊ ကောလာဟလသတင်းများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အခြေအနေအရပ်ရပ်ကို ယခုဖြစ်ပွားခဲ့သော(၂၀၂၁) ခုနှစ် ဖြစ်စဉ်များနှင့်ယှဉ်ထိုးလေ့လာကြည့်လျှင် ဆင်တူယိုးမှားဖြစ်နေကြောင်း မြင်တွေ့နိုင်ကြပေမည်။ (၁၉၈၈)ခုနှစ်က ဖြစ်စဉ်တွင် နိုင်ငံရေးသမားဆို သူများသည် ပြည်ပအားကိုး၊ ပြည်ပအကူအညီကိုမျှော် လင့်ခဲ့ကြသည်။ 

နိုင်ငံကြီးတစ်နိုင်ငံ၏ လေယာဉ်တင် သင်္ဘောကြီးများက မြန်မာနိုင်ငံရေပြင်ပိုင်နက်အနီး သို့တိုင် ချဉ်းကပ်ဝင်ရောက်လာကာ ဝင်ရောက်စွက်ဖက်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုနည်း တူ (၂၀၂၁) ဖြစ်စဉ်တွင်လည်း ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားသူများက ပြည်ပ အားကိုးကာ ပြည်ပအကူများ ဝင်ရောက်လာစေရန် ဖိတ်ခေါ်နေသည်ကိုတွေ့ရသည်။ မတရား အသင်း အဖြစ် သတ်မှတ်ကြေညာခံထားရသော အဖွဲ့အစည်းတို့သည် ပြည်ပမှဝင်ရောက်စွက်ဖက်ရေးကို မျှော်လင့်ချက်များ ထားရှိတောင်းဆိုနေကြသည်။ ပြည်ပနိုင်ငံကြီးများကလည်း မိမိတို့ဩဇာခံအစိုးရ ကိုတင်မြှောက်နိုင်ရေး ကြိုးပမ်းအားပေးနေကြသည်။

      မြန်မာနိုင်ငံသည် တိုင်းတစ်ပါးလက်အောက်ခံ နိုင်ငံတစ်နိုင်ငံမဟုတ်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် နှစ်ပေါင်း (၁၀ဝ)ကျော် ဗြိတိသျှနယ်ချဲ့တို့၏ ကိုလိုနီ ကျွန်သဘောက်ဘဝတွင် ခါးသီးစွာနေထိုင်ခဲ့ကြရ သည်။ နိုင်ငံနှင့် လူမျိုးကို ချစ်သောသူ မည်သူမျှ တိုင်းတစ်ပါးက အုပ်ချုပ်သည့် ကျွန်ဘဝကိုလက်ခံနိုင် ကြမည် မဟုတ်ပေ။ သို့ရာတွင် ယနေ့ဖြစ်ပျက်နေသောအခြေအနေများ၊ လုပ်ဆောင်နေချက်များမှာ နိုင်ငံ အား ခေတ်သစ်ကိုလိုနီကျွန်ဘဝသို့ ရောက်သွားနိုင်သည့် ဆောင်ရွက်ချက်များကြောင်း တွေ့မြင်နေရ သည်။ ခေတ်သစ် ကိုလိုနီစနစ်တွင် တိုင်းပြည်ကို တိုင်းတစ်ပါးသားတို့ ကိုယ်တိုင်လာရောက်အုပ်ချုပ် မှမဟုတ်၊ ၎င်းတို့၏ ဩဇာအာဏာကို ခံယူသောအစိုးရကို တင်မြှောက်ပေးပြီး တိုင်းပြည်ကို မိမိတို့ စိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် အုပ်ချုပ်သွားခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ကို ထမ်းဆောင်နေကြ သော နိုင်ငံ့ဝန်ထမ်းများသည် အသိပညာကြွယ်ဝသောသူများ ဖြစ်ကြသည်။ အမှားနှင့်အမှန်ကို ချင့်ချိန် တွေးတော စဉ်းစားနိုင်သူများဖြစ်ကြသည်။ တိုင်းပြည်နှင့်လူမျိုးကို ချစ်သော ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်း များအနေဖြင့် လက်ရှိနိုင်ငံတော်၌ဖြစ်ပျက်နေသည့်ဖြစ်ရပ်များကို ပကတိအမြင်ဖြင့် ကြည့်မြင်သင့်ကြပြီ။

နိုင်ငံ့အရေးလား နိုင်ငံရေးလား

     ဝန်ထမ်းများသည် ပြည်သူများဖြစ်ကြသည်။ ပြည်သူတစ်ဦးအနေဖြင့် ပါတီနိုင်ငံရေးနှင့်ပတ်သက်၍ အထိုက်အလျောက်ဆိုသလို စိတ်ဝင်စားမှုများရှိကြမည်။ ပြောရမည်ဆိုပါက နိုင်ငံရေးဆိုသည်ကို စိတ်ပါ ဝင်စားခြင်း မရှိရဟု တားမြစ်ကောင်းသော ကိစ္စတစ်ရပ်မဟုတ်ပေ။ သို့ရာတွင် အချိန်အခါ၊ ကာလဒေသ လိုက်၍ လူ့စည်း၊ ဘီလူးစည်း ခွဲခြား၍ လုပ်ကိုင်သင့်ကြသည်။ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားသိရှိနိုင် ကြဖို့လိုသည်။ အထူးသဖြင့် ပါတီနိုင်ငံရေးဆိုသည်ကိုမူ အလေးထားသင့်သည်။ အနုပညာရှင်အချင်းချင်း ပါတီနိုင်ငံရေးကြောင့်ပင် ကွဲကြရသည်။ စာရေး ဆရာတွေအချင်းချင်းလည်း ပါတီနိုင်ငံရေးကြောင့် အစေးမကပ် ဖြစ်ခဲ့ကြရသည်။ လင်နှင့်မယား တစ်အိမ်ထောင်တည်းနေ အချင်းချင်းပင် ထိုပါတီနိုင်ငံရေး ကြောင့် တကျက်ကျက် တဆူဆူ ဖြစ်ခဲ့ကြသည်။ ထိုသို့ဖြစ်ကြရခြင်းကား လူ့စည်း၊ ဘီလူးစည်း ခွဲခြားမှု ကို နားမလည်သဘောမပေါက်ကြခြင်းကြောင့်ပင် ဖြစ်သည်။ 

နိုင်ငံ့အရေးနှင့် ပါတီနိုင်ငံရေးကိုကွဲပြား ခြားနားမသိကြ၍ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည်မှ အစပြုကာ ကာလတစ်လျှောက်လုံး ကောင်းကောင်းဆိုးဆိုး  ဟုတ်ဟုတ်မှန်မှန် ဘာမဆို တော်လှန်ရေးဆိုသောစကားရပ်ကို လွယ်လွယ်သုံးခဲ့ကြသည်။  လူကြီးမိဘကို အရေးမထား၊ ဆရာသမား အကြီးအကဲတို့ကို အရိုအသေတန်ခဲ့ကြသည်။ လူကြီး မိဘများကို တော်လှန်ခဲ့ကြသည်။ ဆရာသမား အကြီးအကဲများကို တော်လှန်ခဲ့ကြသည်။ မိမိတို့သားချင်း မိတ်ဆွေအပေါင်းအသင်းအချင်းချင်းကို တော် လှန်ခဲ့ကြသည်။ ထိုသို့ အကြောင်းမတန် တော်လှန်ရေး စိတ်ဓာတ်များကြောင့် တိုင်းပြည်တစ်ဝန်းတွင် ညီညွတ်မှု၊ ချစ်ခင်မှု၊ စည်းလုံးမှု၊ သမဂ္ဂမေတ္တာဗြဟ္မစိုရ် တရားတို့ ပျက်စီးကင်းပျောက် နည်းပါးလာခဲ့ရပေ သည်။ နောက်ဆုံး နိုင်ငံရေးဝင်စွက်မှုများကြောင့် ဟုတ်ဟုတ်ညားညား တိုးတက်မှုများကို မတွေ့ရှိရဘဲ၊ ဆုတ်ယုတ် ပျက်စီးမှုအပိုင်းများကိုသာ မြင်တွေ့ခဲ့ရသည်။ တရားခံမှာ ထိုနိုင်ငံရေးနှင့် နိုင်ငံရေးသမား များသာ ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ ရှိသော နိုင်ငံရေးကြောင့်ပင်ဖြစ်သည်။

စာရေးသူတို့ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစိုးရအဖွဲ့အဆက်ဆက် အပြောင်းအလဲများရှိခဲ့သော် လည်း မည်သည့်အစိုးရအဖွဲ့တက်တက် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်။ နိုင်ငံ့ ဝန်ထမ်း ဟူသည်မှာ မည်သည့်ပါတီ၊ အစိုးရအဖွဲ့ကိုမှ သစ္စာခံသူများမဟုတ်ကြ။ ပြောရမည်ဆိုပါက နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအလုပ်ကိုသာ လုပ်ကြရမည်။ နိုင်ငံ့ ဝန်ထမ်းအလုပ်ဆိုသည်မှာ နိုင်ငံ့ ဝန် ကို ကျေပွန်စွာထမ်းဆောင်ရေးပင် ဖြစ်သည်။ နိုင်ငံ့အရေးကို ကျေပွန်စွာထမ်းဆောင်ရေးသာဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသားပြည်သူများကို အလုပ်အကျွေးပြုနေကြသူများသာ ဖြစ်ကြ သည်ဟူသော စွဲမြဲသောခံယူချက်ထားရှိကြရသူများ ဖြစ်သည်။ ခေတ်စနစ်များ မည်သို့ပင်ပြောင်းပြောင်း၊ မိမိတို့ အားပေးအားထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များ မည်သို့ပင်ပြောင်းပြောင်း၊ နိုင်ငံ့ဝန်ထမ်းတို့၏ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ နိုင်ငံသားများ၏ အကျိုး၊ ပြည်သူများ၏အကျိုးကို ထမ်း ဆောင်နေကြသူများ ဖြစ်ကြသည်။ စာရေးသူ၏ ဝန်ထမ်းဘဝတွင်လည်း ထိုအတိုင်းပင် လိုက်နာ ကျင့်သုံးခဲ့သည်။ သို့ရာတွင် (၁၉၈၈) ခုနှစ်တွင်ဖြစ်ပျက်ခဲ့သည့် အရေးအခင်းကာလတွင် ဝန်ထမ်းအချို့တို့ လွဲမှားသောအမြင်များနှင့်နိုင်ငံတော်နှင့် ဆန့်ကျင်ရာဘက် သို့ရောက်ရှိသွားခဲ့ကြသည်။ သို့ရာတွင် အများစုတို့ မှာ (၁၉၈၈) ခုနှစ် စက်တင်ဘာလ (၃၀) ရက်တွင် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက် တာဝန် ထမ်းခဲ့ကြသည်။ အပြောင်းအလဲအပေါ် နက်နက်နဲနဲအမှတ် အတေးထားခဲ့ခြင်းမရှိခဲ့ကြ။ အများနှင့်အတူ ရောယောင်ပါသွားခြင်းဖြစ်သော်လည်း အဖျက်အမှောင့် လုပ်ငန်းများတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ကြ။ (၂၀၂၁) ခုနှစ်တွင်လည်း ဝန်ထမ်းအချို့မှာ နိုင်ငံရေးနှင့်နိုင်ငံ့ အရေးကို ခွဲခြားစိတ်ဖြာခြင်းမပြုနိုင်ခဲ့ကြ။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတို့ရောစွက်ကာ လမ်းမှားသို့လိုက်ပါသွားခဲ့ကြသည်။ မိမိတို့၏လုပ်ငန်းခွင်မှ ထွက်ခွာသည့်အထဲ တွင် ပါဝင်သွားခဲ့ကြသည်။

          ပြောရမည်ဆိုပါက စာရေးသူအပါအဝင် နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန်ထမ်းခဲ့သူများ အဖို့ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရန်၊ ဌာနတွင်းရာထူးတိုးမြင့်ရရှိရန်မှာ လွယ်လွယ်နှင့်ရခဲ့ ကြသည်မဟုတ်။ ခက်ခဲပင်ပန်းစွာ ကြိုးစားရုန်းကန် ကာ ဝန်ထမ်းဘဝတွင် ခြေတင့်နေနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရသည်ဖြစ်ကြောင်း စာရေးသူ၏နှစ်ပေါင်း (၃၀) ကြာတာဝန်ထမ်းခဲ့သည့် ဝန်ထမ်းဘဝ အတွေ့အကြုံအရ ပြောရခြင်းဖြစ်သည်။ ယခုလုပ်ငန်းခွင်မှထွက်ခွာသွားသော ဝန်ထမ်းများထဲတွင် လုပ် သက်နုသူများပါသလို၊ လုပ်သက်ရင့်သူများလည်းပါဝင်ခဲ့ကြသည်ကို တွေ့ရ သည်။ လုပ်သက် ရင့်သူများ အဖို့ကား ၎င်းတို့၏ ဝန်ထမ်းဘဝတစ်ခုလုံး၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို တစ်သက်လုံးစားလာသည့် ကွမ်း၊ သံပရာတစ်ခြမ်း နှင့်လဲလိုက်သည့်သဘော သက်ရောက်သွားကြရှာသည်။ လုပ်ငန်းခွင်မှ ထွက် သွားသူ ဝန်ထမ်းအချို့မှာ ပြင်ပကုမ္ပဏီ၊ စက်ရုံများတွင် အလုပ်လုပ်ရန် မျှော်လင့်ချက်များ ထားခဲ့ကြ ဟန်တူသည်။ (၂၀၂၁) ခုနှစ် တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၌ စက်ရုံ၊ အလုပ်ရုံအချို့ မီးရှို့ခံရ၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများပျက်စီးသွားခဲ့ရပြီ။ အချို့ ပိတ်သိမ်းသွားကြ၊ ထိုအထဲ ကိုဗစ်ရောဂါကြောင့်လည်း ကုမ္ပဏီများ အလုပ်ရပ်နားသွားကြရသေးသည်။ 

     တစ်ဆက်တည်းမှာပင် ပြည်ပနိုင်ငံကြီးအချို့၏ စီးပွားရေးပိတ်ဆို့မှုကြောင့်လည်း စီးပွားရေးလုပ်ငန်း များ ရပ်ဆိုင်းကုန်သည်။ ဆရာဝန်၊ သူနာပြုဆရာမများ၊ ဆရာ၊ ဆရာမများအဖို့မှာလည်း ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းမရှိလေရာ အစိုးရလုပ်ငန်းမှထွက်၊ ပြင်ပ က ကုမ္ပဏီ၊ စက်ရုံတစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်မည်ဟု မျှော်လင့်သောဝန်ထမ်းများမှာ ကူရာ၊ ကယ် ရာမဲ့ဘဝ ရောက်ခဲ့ကြရသည်။ စကားစပ်၍ပြောရဦးမည်။ စာရေးသူ၏ မိတ်ဆွေဖြစ်သူ၏ သမီးငယ် တစ်ဦးမှာ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ထို့အတူ ကြက်ခြေနီ တပ်ဖွဲ့တွင်လည်း ကြက်ခြေနီတပ်ဖွဲ့မှူး တာဝန်ကို ယူနေရပြီဖြစ်ကာ ကြက်ခြေနီလူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ထမ်းဆောင်နေ သည်။ သူ့အား စာရေးသူက နိုင်ငံ့ဝန်ထမ်းတာဝန်မှထွက်ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွင် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ပါက လစာကောင်းကောင်းရမည်မဟုတ်လားဟု အကြံပေးဖြစ်သည်။ သူက “ နိုင်ငံ့ ဝန်ထမ်းအလုပ်က လစာနည်းပေမယ့် တည်ငြိမ်တယ်။ ထမင်းနပ်မှန် စားရတယ်။ ဝန်ထမ်း ဆိုတဲ့ သိက္ခာ၊ ဂုဏ် ရှိတယ်။အငြိမ်းစားယူတော့လည်း ပင်စင်လစာရသေးတယ်။ ဒါကြောင့် မပြောင်းတာပါ။ တစ်ခုတော့ရှိတယ်။ ပင်စင်ယူလို့ရတဲ့အချိန် လုပ်သက် (၃၀) ပြည့်ရင်တော့လည်း စဉ်းစားကောင်း စဉ်းစားမယ်ပေါ့ ” ဟု ပြောသည်။ ဝန်ထမ်းများ စဉ်းစားသင့်သည်ပင်။

ကုသိုလ်လည်းရ ဝမ်းလည်းဝ

နိုင်ငံ့ဝန်ထမ်းဘဝသည် ဂုဏ်ယူမြတ်နိုးဖွယ်ရာဘဝ ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ “ ကု သိုလ်လည်းရ ဝမ်းလည်းဝ ” သောလုပ်ငန်း ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများသည် အများပြည်သူ နိုင်ငံသူ၊ နိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် မင်းမှုရေးရာကိစ္စရပ်များကို ကူညီဆောင်ရွက် ပေး ရသူများဖြစ်ကြသည်။ အစိုးရနှင့်ပြည်သူအကြား ပေါင်းကူးဆက်စပ်ပေးနေသူများဖြစ်ကြသည်။ မိမိ က စိတ်စေတနာကောင်းကောင်းဖြင့် ကူညီဆောင်ရွက်ပေးလိုက်၍ လုပ်ငန်းအဆင်ပြေသွားလျှင် ထိုသူမှ ကျေးဇူးတင် ဝမ်းမြောက်ပီတိဖြစ်သွားမည်။ မိမိအပေါ်လည်း မေတ္တာပို့ပေးသွားကြမည်။ ပီတိဖြစ်စရာ ကောင်း လှပါ၏။ ဤသို့ဆောင်ရွက်ပေးခြင်းဖြင့် မိမိကိုယ်၌က လည်း အခကြေးငွေမျှော်လင့်ရန်မလို။ မိမိအား နိုင်ငံတော်မှ ထိုက်သင့်သောလုပ်ခ၊ လစာကိုချီးမြှင့်ပေးထားပြီးလည်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း လုပ်ငန်းသည် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သော လုပ်ခလစာကိုရယူ ပြီး အများပြည်သူ့အကျိုးကို ဆောင် ရွက်နိုင်သည့်လုပ်ငန်းဖြစ်လေရာ စိတ်ထားတတ်လျှင် “ကုသိုလ်လည်းရ ဝမ်းလည်းဝ”သော အလုပ်ဖြစ် သည်။ အသက် (၆၂) ပြည့်၍ အငြိမ်းစားယူသောအခါတွင်လည်း ဘဝနောင်ရေးအတွက် ပင်စင်လစာ ငွေကိုချီးမြှင့်ခံစားခွင့်ပေးထားသေးသည်။ မိမိကွယ်လွန်သွားလျှင်ပင် မိမိ၏ကျန်ရစ်သူ ဇနီး၊ လင် ယောကျာ်းအတွက် အငြိမ်းစား လစာကို ခံစားခွင့်ပေးထားသေးသည်။ နောင်ရေး စိတ်အေးရသည် သာဖြစ်၏။

  အသစ်ရွေးချယ်ခန့်အပ်ခြင်းခံရသော ဝန်ထမ်းသစ်များအနေဖြင့် မိမိတို့၏ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်ခွင့်ရရေး ကြိုးပမ်းခဲ့ရမှုများကို သိရှိကြပြီးဖြစ်ကြသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့ပြီးနောက် မိမိတို့ ကိုယ်တိုင် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ပါမည်။ နိုင်ငံ့ဝန်ထမ်း တစ်ဦး အနေဖြင့် ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်းနှင့်အတူ ပြည်သူကို အလုပ်အကျွေးပြုနိုင်ရန် ကြိုးစားကြဖို့ လိုအပ်ပေမည်။ အထူးသဖြင့်ကား မိမိအားပေးအပ်သော တာဝန်နှင့် ဝတ္တရားကို ကျေပွန်စွာထမ်းဆောင် ခြင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေ ပါပြဋ္ဌာန်းချက်များကို စောင့် ထိန်းလိုက်နာခြင်း စသည်များကို လိုက်နာရန်လိုအပ်ကြပေမည်။ စာရေးသူကား ဝန်ထမ်းဘဝတွင် နှစ်ပေါင်း (၃၀)ကြာ ကျင်လည်ခဲ့ဖူးပြီ။ မိမိ၏ကြိုးစားမှု၊ လေ့လာသင်ယူမှုများဖြင့် အဆင့်ဆင့် ရာထူး တိုးမြှင့်ခံခဲ့ရသည်။ ဝန်ထမ်းဘဝကို တွယ်တာခဲ့၊ မြတ်နိုးခဲ့၊ ဂုဏ်ယူခဲ့ပါ၏။

     စာရေးသူ၏ ဝန်ထမ်းဘဝတွင် ခေတ်အဆက်ဆက်၊ မင်းပြောင်းမင်းလွှဲအဆက်ဆက်ကို ကြုံခဲ့ရဖူး သည်။ နှစ်ခြိုက်သည်လည်းရှိ၊ မနှစ်ခြိုက်သည်များလည်းရှိခဲ့သည်။ သို့ရာတွင် မိမိသည် အုပ်ချုပ်သူမ ဟုတ်။ နိုင်ငံ၏အရေးအရာများကို ဖန်တီးသူပဲ့ကိုင်ရှင် မဟုတ်။ မိမိသည် တက်လာသည့်အစိုးရအဖွဲ့ ၏ လမ်းညွှန်ချက်များကို စည်းမျဉ်းစည်းကမ်းဥပဒေများ နှင့် လိုက်နာအကောင်အထည်ဖော်ပေးရသော ဝန် ထမ်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံသား ပြည်သူများကို အလုပ်အကျွေးပြုနေသူသာဖြစ်သည်။ မိမိ သည် မည်သည့်အစိုးရ၊ မည်သည့်လူပုဂ္ဂိုလ်အား သစ္စာခံသူ၊ တာဝန်ခံသူမဟုတ်။ နိုင်ငံသားပြည်သူအား သစ္စာခံသူသာဖြစ်သည်ဟု အလေးအနက်ခံယူခဲ့သူ ဖြစ်သည်။

ဝန်ထမ်းသစ်များ နားလည်သဘောပေါက်ကြစေလိုပါ၏။ ချုပ်၍ဆိုရလျှင် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်နေကြသည်မှာ နိုင်ငံရေး(အထူးသဖြင့်) ပါတီနိုင်ငံရေးလုပ်ငန်းအတွက်မဟုတ်။ နိုင်ငံတော် နှင့် ပြည်သူကို အလုပ်အကျွေးပြုသော နိုင်ငံ့အရေး ဆောင်ရွက်နေကြသူများဖြစ်ကြောင်း သဘောပေါက် သိရှိနားလည်ရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ

RECENT POSTS
အင်ဒိုနီးရှားနိုင်ငံက ရွှေတွင်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး
20 May 2025
NLDအစိုးရလက်ထက်တွင် ဥပဒေနှင့်မညီသော ပြဋ္ဌာန်းချက်များ အတည်ပြုခဲ့ကာ ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များလုပ်ခဲ့ဟု နစကဥက္ကဋ္ဌဆို
20 May 2025
အဓိကကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေအဖြစ် ထူထောင်ကြဖို့ အမေရိကန်နဲ့ယူအေအီးတို့ သဘောတူ
20 May 2025
ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော
20 May 2025
UEC ကို မင်းသားခန့်စည်သူ သိန်း ၂၀၀ ဖိုး လှူဒါန်းခြင်း၊ လားရှိုးမှာ လဝက လုပ်ငန်းတွေ ပြန်စပြီ၊ မပြေလည်သေးတဲ့ ချန်းရီဖိနပ်စက်ရုံအလုပ်သမားကိစ္စ၊ NUG-PDF တို့ရဲ့ကမ္ဘာ့ပထမဆုံး ထူးခြားတဲ့လက်နက်(၁၉၊၅၊၂၀၂၅)
19 May 2025
(Urban Health Center-UHC) ဒေသန္တရကျန်းမာရေးဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်မည် ကို တိုးမြှင့်မည်
19 May 2025
ပြင်သစ်တွင် Made in Myanmar ထုတ်ကုန်များ ပြသမည်
19 May 2025
ရန်ကုန်မြို့လယ်ခေါင်တွင် သတိလစ်သည်အထိ အမျိုးသားတစ်ဦး အုပ်စုဖွဲ့အရိုက်ခံရ
19 May 2025
ဥရောပနဲ့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်အစိုးရပြော
19 May 2025
အမေရိကန်က ဘရွတ်ကလင်းတံတားကို သင်္ဘောတစ်စီး ဝင်တိုက်မှုဖြစ်ပွား
19 May 2025
အီရန်နဲ့ အဇာဘိုင်ဂျန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်
19 May 2025
KNU စောထူးထူးလေး ကွယ်လွန်မှုနဲ့ EAO ခေါင်းဆောင်ဟောင်းတို့ ရွက်ဟောင်းကြွေချိန်၊ UEC နဲ့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီကြားက အလွဲ၊ ဇူလိုင်လ ကြားဖြတ်အစိုးရ အဖွသတင်း၊ ဟာသ သရုပ်ဆောင်စူပါလင်းရဲ့ယာဥ်မတော်တဆမှု (၁၈၊ ၅၊ ၂၀၂၅)
18 May 2025
အိန္ဒိယနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ပြော
18 May 2025
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို
18 May 2025
အခွန်ပေးဆောင်ခြင်းမရှိသည့် ပြည်ပအလုပ်သမားအေဂျင်စီ (၂၀)ကျော်ကို လိုင်စင်ပယ်ဖျက်၍ အမည်မည်း စာရင်းရေးသွင်းသွားမည်
18 May 2025
နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ
18 May 2025
“ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့အနုပညာရှင်တစ်ဦးရဲ့ယာဉ်တိုက်မှုသတင်း”
18 May 2025
တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက် သုံးသပ်ချက်
18 May 2025
CDF Mindat က လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလုပ်ဆောင်
18 May 2025
အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ
18 May 2025
FOLLOW US

Copyright © News Services Station | All Right Reserved