ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
ခေတ်မင်းကို (NSS) - အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ စာတိုက်မှတ်တိုင်အနီး၌ ယမန်နေ့(အောက်တိုဘာ ၃ ရက်)တွင် ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကို ဝင်တိုက်ရာမှာ ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ် မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီနားတစ်ဝိုက်တော့အကုန်မီးပြတ်သွားတာဘဲ၊ အခုထိတော့ ကမ္ဘာအေးလမ်းတကြောနဲ့အရေးကြီးပုဂ္ဂိုလ်တွေရဲ့လိုင်းတွေ အားလုံးမီးပြန်မရသေးဘူးနဲ့တူတယ်”ဟု ရေကူးဘူတာရုံလမ်းအနီးနေထိုင်သူ မမေသူ (အမည်လွှဲ) က ပြောသည်။
ကမ္ဘာအေးဝန်းကျင်တစ်ဝိုက်သည် ရန်ကုန်မြို့လုံခြုံရေးအတွက်အထူးအရေးပါရာနေရာဖြစ်သည့်အပြင် ရန်ကုန်မိုးလေဝသတိုင်းတာရေးရေဒါစခန်းတည်ရှိရာနေရာလည်းဖြစ်သည်။
“မီးပျက်တာကတော့ ပုံမှန်ဖြစ်နေပြီ။ ဒါပေမဲ့ မီးပျက်ရင် မီးပွိုင့်တွေ ပိတ်ပြီး ကားလမ်းတွေပါပိတ်သွားတာ။ YBS ကားတွေမှာ လူတွေကြပ်ပြီး အကုန်ဒုက္ခ ရောက်ကုန်တာပေါ့” ဟု တောင်ဥက္ကလာမြို့ခံ မဝေဝေကပြောသည်။
အဆိုပါ ဖြစ်စဉ်သည် ရန်ကုန်မြို့ပြတစ်ခုလုံးကိုထိခိုက်မှုမရှိသော်လည်း တောင်ဒဂုံနှင့် လှိုင်သာယာပြေးဆွဲနေသော YBS ကားများတွင် အသွား အပြန် လမ်ကြောင်းတစ်ခြမ်း ထိခိုက်ခဲ့ကြောင်း သိရသည်။ ချော်တွင်းကုန်းမှတ်တိုင်တွင်ကားများပိတ်သွားပြီး ကမ္ဘာအေးဘုရားနှင့်ဆက်စပ်ဖောက်ထွက်ရာ စွယ်တော်စေတီလမ်းကြားများတွင် ကားအပြည့်ဖြစ်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဥ် YBS စီးနင်းသည့် ခရီးသည် ဦးရေ(၁)သန်းခွဲဝန်းကျင်ရှိပြီး ဘတ်စ်ကား အစီးရေ(၃၆၀၀)ကျော်ဖြင့်ဝန်ဆောင်မှုပေးနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
RELATED POSTS
06 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
01 Nov 2024 | မှုခင်း,ပြည်တွင်း
31 Oct 2024 | မှုခင်း,ပြည်တွင်း