Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ

ယွန်း (NSS) - အောက်တိုဘာ ၂

ထိုင်းနိုင်ငံရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ် သားများကိုပစ်မှတ်ထား ကာ စီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် သတိထားနေထိုင်ရန် လိုအပ်လာကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက NSS ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံရှိ အဖွဲ့အစည်းအချို့မှ ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များနှင့် ပတ်သက်သည့် အချက်(၈)ချက်ကို တောင်းဆိုစာပေးပို့မှုများရှိခဲ့ သည်။

ထို့ပြင် စက်တင်ဘာ(၂၃)ရက်ကလည်း အဆိုပါ တောင်းဆိုချက်(၈) ချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံသားအချို့ ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။


“ ဆန္ဒပြတယ်ဆိုတာကတော့ သူတို့တောင်းဆိုတဲ့ အချက်(၈)ချက်နဲ့ပတ်သက်ပြီး ဆန္ဒပြတာပေါ့။ ပြီးရင် ထိုင်းမှာ မြန်မာနိုင်ငံသားတွေ ဥပဒေမဲ့လုပ်တဲ့အတွက် အဲဒါတွေကို သွားပြောကြတာ။ နစကသံရုံး ဘက်ကနေ ဒါတွေကို ကြပ်မတ်ပေးဖို့၊ တရားမဝင် အလုပ်သမားတွေ အလုံးအရင်းနဲ့ဝင်လာတာတွေ၊ ဥပဒေမဲ့ ဆောင်ရွက်နေတာတွေကို တောင်းဆိုဆန္ဒပြကြတာပါ” ဟု အထက်ပါ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားအရေးဆောင်ရွက်သူကဆိုသည်။ ထိုသို့ ဆောင်ရွက်သူများမှာ ထိုင်းနိုင်ငံရှိ အစွန်းရောက် လူ နည်းစုမှဖြစ်ပြီး အဓိကအားဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသည့် ‌ရွှေ့ပြောင်းအလုပ်သမားများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီဖြစ်စဉ်အပေါ်မှာလည်း စာနာတဲ့ထိုင်းနိုင်ငံသားတွေရှိပါတယ်။ အကုန်လုံးမဟုတ်ပါဘူး။ အစွန်းရောက်တဲ့လူနည်းစုကပဲ ဒီလိုတွေလုပ်နေကြတာ။ ပစ်မှတ်ထားကြတာကတော့ ကိုယ်ပိုင်စီးပွား ရေးလုပ်နေတဲ့သူတွေကိုပစ်မှတ်ထားကြတာ။ အဓိကက သူတို့ ဖြစ်စေချင်တာက ဥပဒေမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့အလုပ်တွေကို လုပ်ကိုင်နေတဲ့သူတွေ၊ ထိုင်းအလုပ်တွေ ကိုလုယူနေတဲ့ မြန်မာနိုင်ငံသားတွေကိုထိန်းသိမ်းပေးဖို့၊ ကြပ်မတ်ပေးဖို့နဲ့ ဥပဒေဘောင်ထဲကို ရောက် အောင်လုပ်ပေးဖို့ ဖြစ်စေချင်တာပေါ့။ ပြီးရင် တောင်းဆိုတာတွေရှိတာပေါ့။ ရွှေ့ပြောင်းအလုပ်သမား တွေကို ကလေးမွေးခွင့် မရှိဖို့တွေတောင်းဆိုကြတယ်။ စာသင်တဲ့ကိစ္စတွေလည်း ပါတယ်။ အဲဒါတွေကို ထိန်းသိမ်းပေးဖို့ပါတယ်။ အစွန်းရောက်တဲ့သူတွေကတော့ အဆိုးမြင်နေကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် တရားဝင်လုပ်ကိုင်နေသည့် ‌ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသားများ၏ တောင်းဆိုချက်များကြောင့်မည်သည့်ပြောင်းလဲမှုမျိုးမှမရှိနိုင်ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင် ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်နေသူ များ၊ အလုပ်ရှင်၊ အလုပ်သမား မှားယွင်းနေသူများနှင့် အထောက်အထားမပြည့်စုံသည့် တရားမဝင်ရွှေ့‌ ပြောင်း အလုပ်သမားများအနေဖြင့် ဂရုစိုက်နေထိုင်ရန် လိုအပ်ပြီး ဥပဒေလမ်းကြောင်းအတိုင်းသာ နေထိုင်ရန် ၎င်းကအကြံပြုထားသည်။

“ ဥပဒေလမ်းကြောင်းအတိုင်းသွားရင် ဘာမှမဖြစ်ဘူး။ ဥပဒေလမ်းကြောင်းအတိုင်းမသွားဘဲနဲ့ ဆေးမြီးတိုနည်းတွေနဲ့လုပ်နေလို့ ဒီလိုပြဿနာတွေက ဖြစ်နေတာ။ လမ်းဘေးဈေးသည်ဆိုတာ ဈေးဆိုင် ဖွင့်ပြီး ရောင်းတဲ့သူတွေကို ပြောတာမဟုတ်ဘူး။ လမ်းဘေးမှာ တွန်းလှည်းလေးတွေနဲ့ ဆိုင်တွေခင်းပြီး ရောင်းနေတဲ့ ထိုင်းနိုင်ငံသားတွေကိုပြောတာ။ အဲဒါတွေကို ထိုင်းနိုင်ငံသားတွေကိုပဲခွင့်ပြုမှာ။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်တဲ့အလုပ်တွေကို မြန်မာနိုင်ငံသားတွေကို လုံးဝရောင်းခွင့်မပေးဘူးလို့ဆိုလိုတာ။ ဆိုင် ကြီးတွေ ဖွင့်ပြီးရောင်းတဲ့ဈေးဆိုင်တွေတော့မဟုတ်ဘူး။ တချို့အလုပ်ရှင်တွေက ဥပဒေကို နားမလည် တော့ အထောက်အထားရှိရင်ပြီးရောဆိုပြီး ခေါ်ခိုင်းကြတယ်။ ဌာနဆိုင်ရာက ဝင်စစ်တော့ အလုပ်ရှင် ကတခြား အလုပ်ကတခြားဆိုတော့ အရေးယူ ခံရတာပေါ့။ အဓိကပြဿနာက အဲဒါဖြစ်နေတာ” ဟု အထက်ပါအလုပ်သမားအရေးဆောင်ရွက်သူက ဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်သူများကို ဖမ်းဆီးသည့်ရက်ပေါင်း(၁၂၀)စီမံချက်ကြောင့် ဖမ်းဆီးခံရမှုအရေအတွက် မြင့်မားလျက်ရှိပြီး ရက်ပေါင်း(၈၀)ကျော်အတွင်း တရားမဝင် မြန်မာလုပ်သားဦးရေ(၂)သိန်းနီးပါး ဖမ်းဆီးခံထားရကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်

RECENT POSTS
ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
19 Mar 2025
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
19 Mar 2025
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
19 Mar 2025
ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
19 Mar 2025
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
19 Mar 2025
ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ
19 Mar 2025
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
19 Mar 2025
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
19 Mar 2025
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
19 Mar 2025
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ
19 Mar 2025
အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ
18 Mar 2025
ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်
18 Mar 2025
မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား
18 Mar 2025
သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား
18 Mar 2025
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
18 Mar 2025
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
18 Mar 2025
ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို
18 Mar 2025
အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း
18 Mar 2025
VOA/RFA နဲ့ USAGM ကို ရိုက်ခတ်လာတဲ့ ထရမ့်ရဲ့ အမိန့်တစ်ချက်၊ AA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူ လွှဲပြောင်းဆက်ဆံမှု၊ တောင်ကြီး ရွှေဘုန်းပွင့် တောမီး၊ ရွှေစာရံ ဘုရားဖူးရင်း အသက်ဆုံးရှုံးခဲ့ရသူများ (၁၆-၃-၂ဝ၂၅)
18 Mar 2025
အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ
14 Mar 2025
FOLLOW US

Copyright © News Services Station | All Right Reserved